မြန်မာနိုင်ငံ၏ ဒုတိယ သမ္မတ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဒုတိယအမြင့်ဆုံး ရာထူးဖြစ်သည်။[1] ဤရာထူးကို ၂၀၀၈ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြင့် စတင်ခန့်ထားခဲ့ပြီး သမ္မတ ၏ လက်အောက်တွင် ရှိသည်။ ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ရာထူးကို စတင်ခဲ့ပြီး နိုင်ငံတော်၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဒုတိယသမ္မတနှစ်ဦးကို ခန့်အပ်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၏ ဒုတိယ သမ္မတ | |
---|---|
အဆိုပြုသူ | ပြည်ထောင်စုလွှတ်တော် |
ခန့်အပ်သူ | သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ |
သက်တမ်း | ငါးနှစ် |
ဖွဲ့စည်းပုံ အခြေခံဥပဒေ | မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ |
စတင်ထမ်းဆောင်သူ | သီဟသူရတင်အောင်မြင့်ဦး စိုင်းမောက်ခမ်း |
ဖွဲ့စည်းခြင်း | ၃၀ မတ် ၂၀၁၁ |
၂၀၂၁ခုနှစ် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင် လက်ရှိ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေ သည် ယာယီသမ္မတ နေရာယူပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထံ အာဏာလွှဲခဲ့သည်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၄၂၄) အရ ဒုတိယသမ္မတအဖြစ် ဆက်လက်တည်ရှိခဲ့ [2] ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ တွင် ကျန်းမာရေးအကြောင်းပြချက်ဖြင့် တာဝန်မှ အနားပေးခဲ့သည်။[3]