![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0d/Maakotka_%2528Aquila_chrysaetos%2529_by_Jarkko_J%25C3%25A4rvinen_%2528crop%2529.jpg/640px-Maakotka_%2528Aquila_chrysaetos%2529_by_Jarkko_J%25C3%25A4rvinen_%2528crop%2529.jpg&w=640&q=50)
ရွှေလင်းယုန်
From Wikipedia, the free encyclopedia
ရွှေလင်းယုန်သည် မြောက်ကမ္ဘာခြမ်းတွင်နေထိုင်သော လင်းယုန်ငှက်တစ်မျိုးဖြစ်သည်။ ကမ္ဘာတဝှမ်း နေရာအနှံ့အပြား၌ တွေ့ရှိရသော လင်းယုန်မျိုးစိတ်လည်းဖြစ်သည်။ အခြားသော လင်းယုန်ငှက်အားလုံးကဲ့သို့ပင် ရွှေလင်းယုန်သည်လည်း အက်ဆစ်ပီတြီဒီး မျိုးရင်းဝင်ပင်ဖြစ်သည်။ ၎င်းသည် မြောက်ကမ္ဘာခြမ်းရှိ လူသိများကျော်ကြားသော သားရဲငှက်များထဲမှ တစ်မျိုးဖြစ်သည်။
ရွှေလင်းယုန် | |
---|---|
![]() | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
Clade: | Accipitrimorphae |
မျိုးစဉ်: | Accipitriformes |
မျိုးရင်း: | Accipitridae |
မျိုးရင်းသေး: | Aquilinae |
မျိုးစု: | Aquila |
မျိုးစိတ်: | A. chrysaetos |
ဒွိနာမ | |
Aquila chrysaetos (လင်းနီးယပ်၊ ၁၇၅၈)[2] | |
![]() | |
အစိမ်းနုရောင် = သားပေါက်ချိန်၌သာ အပြာရောင် = ဆောင်းရာသီ၌သာ | |
Synonyms | |
Falco chrysaëtos လင်းနီးယပ်၊ ၁၇၅၈ |
ရွှေလင်းယုန်များ၏ အမွေးအတောင်သည် အညိုရင့်ရောင်ရှိပြီး လည်ကုပ်တွင် ရွှေညိုရောင်အမွေးအတောင်များရှိသည်။ ရွှေလင်းယုန် မျိုးစိတ်၏ အရွယ်မရောက်သေးသော လင်းယုန်ငယ်များတွင် များသောအားဖြင့် အမြီးပေါ်၌ အဖြူရောင်ပါရှိပြီး တောင်ပံပေါ်တွင်လည်း အဖြူရောင် အမှတ်အသားများပါရှိတတ်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/29/GoldenEagleFootLyd4.png/320px-GoldenEagleFootLyd4.png)
ရွှေလင်းယုန်များသည် ၎င်းတို့၏ သွက်လက်မှု၊ အရှိန်အဟုန်တို့နှင့် ကြီးမားချွန်ထက်သည့် ခြေသည်းအတက်များကို ပေါင်းစပ်ကာ သားကောင်အမျိုးမျိုးကို အမဲလိုက်ဖမ်းယူနိုင်စွမ်းရှိကြသည်။ ရွှေလင်းယုန်များ အစာအာဟာရအလို့ငှါ အမဲလိုက်လေ့ရှိသည့် အဓိကအစာဖြစ်သော သားကောင်များမှာ ယုန်များ၊ ရှဉ့်များဖြစ်ကြပြီး အခြားသော အလတ်စားနှင့် အငယ်စား နို့တိုက်သတ္တဝါများနှင့် ကျောရိုးရှိသတ္တဝါများကိုလည်း အမဲလိုက်လေ့ရှိသည်။[4]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/d3/Orel_skaln%C3%AD_2.jpg/640px-Orel_skaln%C3%AD_2.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/d6/Golden_Eagle_in_flight_-_5.jpg/640px-Golden_Eagle_in_flight_-_5.jpg)