ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း
From Wikipedia, the free encyclopedia
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း (အင်္ဂလိပ်: Conservation Status) ဆိုသည်မှာ ဇီဝသက်ရှိများ အစုအဖွဲ့တစ်ခု (ဥပမာ- မျိုးစိတ်တစ်ခု) ၏ ဆက်လက်၍ တည်ရှိနေနိုင်မည့် အလားလာနှင့် မကြာမီ ပျောက်ကွယ်သွားနိုင်မည့် အလားအလာ စသည့်တို့ကို ညွှန်ပြပေးသော ဖော်ပြမှု သတ်မှတ်ချက်ပင် ဖြစ်သည်။ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်းအား အကဲဖြတ်ရာတွင် အချက်ပေါင်းများစွာကို ထည့်သွင်းစဉ်းစားသည်။ တစ်ဦးချင်း၊ အစုအဖွဲ့တစ်ခုချင်း ကျန်ရှိနေသည့် အရေအတွက်အား စာရင်းကောက်ယူရုံတင်မကဘဲ အချိန်နှင့်အမျှ တိုးလာနိုင်မည့် အရေအတွက်၊ ကျဆင်းသွားမည့် အရေအတွက်၊ အောင်မြင်နိုင်မည့် ပေါက်ဖွားနှုန်းနှင့် လက်ရှိတွင် ၎င်းအပေါ်သို့ မည်သည့်အခက်အခဲနှင့် အန္တရာယ်များကျရောက်နေသည် (သို့) ခြိမ်းခြောက်နေသည်ကို သိရှိနားလည်ခြင်း စသည့် အချက်အလက်ပေါင်းများစွာကို ထည့်သွင်းသုံးသပ်ရ၏။ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း သတ်မှတ်ခြင်း စနစ်အမျိုးမျိုးရှိကြပြီး၊ နိုင်ငံတကာ အဆင့် ၊ အမျိုးသား အဆင့်နှင့် ဒေသဆိုင်ရာအဆင့်များတွင်သာမက စားသုံးသူများအတွက်ပါ ၎င်းစနစ်များ အသုံးပြုလျက် ရှိကြသည်။
ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း | |
---|---|
မျိုးသုဉ်းသည့် အဆင့် | |
အန္တရာယ်မြင့်မားသည့် အဆင့် | |
အန္တရာယ်နည်းပါးသည့် အဆင့် | |
အခြားသတ်မှတ်မှု အဆင့် | |
| |
ဆက်စပ်သော အကြောင်းအရာများ | |
အထက်ပါ IUCN အနီရောင်စာရင်းသတ်မှတ်ချက်နှင့် အောက်ပါ NatureServe သတ်မှတ်ချက်အား နှိုင်းယှဉ်မှု | |