CITES
From Wikipedia, the free encyclopedia
CITES ဆိုသည်မှာ “The Convention on International Trade in Endangered Species of Wild Fauna and Flora” ၏ အတိုကောက်အမည်ဖြစ်ပြီး မြန်မာဘာသာဖြင့် “မျိုးသုန်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် အဖွဲ့” ဟု အဓိပ္ပါယ်ရသည်။ ဤသဘောတူညီမှု စာချုပ်သည် မျိုးသုဉ်းလုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်နေရသော တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်ပန်းမန် မျိုးစိတ်များအား တရားမဝင်ကုန်သွယ်နေမှုများကို ကာကွယ်တားဆီးပေးခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ နိုင်ငံပေါင်းစုံမှ ပါဝင်လက်မှတ်ရေးထိုးပြီး ချုပ်ဆိုထားသော နိုင်ငံတကာ သဘောတူ စာချုပ်တစ်ခုဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း၏ အဖွဲ့ဝင်များ အစည်းအဝေး၌ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ စာချုပ်ပါ သဘောတူညီမှုအချက်အလက်များကို ရေးဆွဲထားခြင်းလည်းဖြစ်သည်။ စာချုပ်အား ၁၉၇၃ ခုနှစ်တွင် လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ပြီး CITES ၏ သဘောတူညီမှုအချက်များသည် ၁၉၇၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ အသက်ဝင်ခဲ့လေသည်။
မျိုးသုန်းရန်အန္တရာယ်ရှိသော တောရိုင်းတိရစ္ဆာန် နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် အဖွဲ့ | |
---|---|
![]() | |
အမျိုးအစား | သဘောတူစာချုပ် |
လက်မှတ်ရေးထိုးသည့် နေ့စွဲ | ၃ မတ် ၁၉၇၃ (၁၉၇၃-၀၃-၀၃) |
တည်နေရာ | ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ |
အသက်ဝင်သည့် နေ့စွဲ | ၁ ဇူလိုင် ၁၉၇၅ |
ထိရောက်မှု အခြေအနေ | သဘောတူညီမှု (၁၀) ချက် |
အဖွဲ့ဝင်များ | ၁၈၄ |
တာဝန်အပ်နှင်းသူ | ![]() |
ဘာသာစကား | |
![]() | |
၎င်း၏ ရည်ရွယ်ချက်မှာ တောရိုင်းတိရိစ္ဆာန်များနှင့် အပင်များ၏ အစိတ်အပိုင်း နမူနာများအား နိုင်ငံတကာ ကုန်သွယ်မှုပြုခြင်းဖြင့် မျိုးစိတ်များ၏ ရှင်သန်မှုအပေါ် ထိခိုက်မှု မရှိစေရန်နှင့်၊ တိရစ္ဆာန်နှင့် အပင် မျိုးစိတ်အရေအတွက်ပေါင်း ၃၅,၀၀၀ ကျော်အတွက် အမျိုးမျိုးသော ကာကွယ်စောင့်ရှောက်မှုများ ရရှိနိုင်စေရန်ဖြစ်သည်။ အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ အထွေထွေသဘောတူညီမှု စာချုပ် (GATT) ပါ အချက်အလက်များအား ချိုးဖောက်ခြင်းမရှိကြောင်းကို သေချာမှုရှိစေရန်အတွက်လည်း စာချုပ်မူကြမ်းရေးဆွဲခြင်း လုပ်ငန်းစဉ်ကာလအတွင်း၌ GATT ၏ အတွင်းရေးမှူးအဖွဲ့နှင့် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။[1]
၂၀၁၈ ခုနှစ်၏ အချက်အလက်များအရ CITES ၏ အထွေထွေအတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်နေသူမှာ Ivonne Higuero ဖြစ်သည်။[2]