ရော်ဒရီဂို ဒူတာတေး
၁၆ယောက်မြောက် ဖိလစ်ပိုင်သမ္မတ / From Wikipedia, the free encyclopedia
ရော်ဒရီဂို ဒူတာတေး (အင်္ဂလိပ်: Rodrigo Roa Duterte (/duːˈtɜːrtə/; Tagalog: [roˈdɾigo dʊˈtɛrtɛ]) သည် ဒိုင်ဂွန် သို့မဟုတ် ရော်ဒီဟု လူသိများသော[2] ဖိလစ်ပိုင် နိုင်ငံရေးသမား တစ်ယောက် ဖြစ်ကာ ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော မင်ဒါနိုကျွန်းစုမှ ပထမဆုံးသမ္မတဖြစ်လာသူ ဖြစ်သည်။ လက်ရှိ အာဏာရပါတီဖြစ်သော ပီဒီပီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇွန်လက နိုင်ငံတော်အာဏာ ရယူချိန်တွင် အသက် ၇၁ နှစ် ရှိပြီ ဖြစ်သည်။ သမ္မတဟောင်းဖြစ်သည့် ဆာဂျီယိုအိုစမန်နာမှာ သမ္မတဖြစ်စဉ်က ၆၅ နှစ်သာရှိသေး၍ ဒူတာတေးမှာ သမိုင်းတွင် အသက်အကြီးဆုံးသမ္မတ ဖြစ်လာသည်။[3]နိုင်ငံရေးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်ပြီး ဝါရင့်နိုင်ငံရေးသမား တစ်ဦးဖြစ်သည်။
ရော်ဒရီဂို ဒူတာတေး Rodrigo Duterte | |
---|---|
![]() ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တွေ့ရသော ရော်ဒရီဂို ဒူတာတေး | |
ဖိလစ်ပိုင်နိုင်ငံ၏ ၁၆ ယောက်မြောက် သမ္မတ | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၆ – ၃၀ ဇွန် ၂၀၂၂ | |
ဒုတိယ သမ္မတ | လန်နီရော်ဘရီဒို |
ယခင်လူ | ဘီနင်နို အကွီနို (၃) |
ဆက်ခံသူ | ဘွန်ဘွန်မားကို့စ် |
ဒါဗို မြို့တော်ဝန် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၃ – ၃၀ ဇွန် ၂၀၁၆ | |
ဒုတိယမြို့တော်ဝန် | ပေါ်လို ဒူတာဒေး |
ယခင်လူ | ဆာရာ ဒူတာဒေး |
ဆက်ခံသူ | ဆာရာ ဒူတာဒေး |
တာဝန်သက်တမ်း ၃၀ ဇွနမ ၂၀၀၁ – ၃၀ ဇွန် ၂၀၁၀ | |
ဒုတိယမြို့တော်ဝန် | Luis Bonguyan Sara Duterte |
ယခင်လူ | ဘန်ဂျာမင် ဒီဂူစမန် |
ဆက်ခံသူ | ဆာရာ ဒူတာဒေး |
တာဝန်သက်တမ်း ၂ ဖေဖော်ဝါရီ ၁၉၈၈ – ၁၉ မတ် ၁၉၈၈ | |
ဒုတိယမြို့တော်ဝန် | Dominador Zuño (ယာယီ) Luis Bonguyan Benjamin de Guzman |
ယခင်လူ | Jacinto Rubillar |
ဆက်ခံသူ | ဘန်ဂျာမင် ဒီဂူစမန် |
ဒါဗို ဒုတိယမြို့ဝန် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၀ – ၃၀ ဇွန် ၂၀၁၃ | |
မြို့တော်ဝန် | ဆာရာ ဒူတာဒေး |
ယခင်လူ | ဆာရာ ဒူတာဒေး |
ဆက်ခံသူ | ပေါ်လို ဒူတာဒေး |
တာဝန်သက်တမ်း ၂ မေ ၁၉၈၆ – ၂၇ နိုဝင်ဘာ ၁၉၈၇ | |
မြို့တော်ဝန် | ဇာဖရီယို ရက်စဖီဆီယို |
ယခင်လူ | Cornelio Maskariño |
ဆက်ခံသူ | Gilbert Abellera |
လာဗိုမြို့ မဲဆန္ဒနယ် အမှတ် ၁၏ အောက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၈၈ – ၃၀ ဇွန် ၂၀၀၁ | |
ယခင်လူ | ပရိုပယ်ဆို နာဂရယ် |
ဆက်ခံသူ | ပရိုပယ်ဆို နာဂရယ် |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Rodrigo Roa Duterte (1945-03-28) မတ် ၂၈၊ ၁၉၄၅ (အသက် ၇၉) မာဆင်မြို့၊ ဖိလစ်ပိုင်နိုင်ငံ |
နိုင်ငံရေးပါတီ | ပီဒီပီ-လဘန် (၂၀၀၁-လက်ရှိ) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | ကပါတန် မာကာဘန်ယန်[1] (၁၉၇၀ကာလများ) Laban ng Makabayang Masang Pilipino (၁၉၉၈-၂၀၀၁) Hugpong sa Tawong Lungsod (၂၀၁၁-လက်ရှိ) |
ကြင်ဖော်(များ) | အဲလိဇဘတ် ဇင်မာမဲ (လက်ထပ် 1973; ann. 2000) |
လက်တွဲဖော် | Honeylet Avanceña |
သားသမီး | ၄ (ပေါ်လို ဒူတာဒေးနှင့် ဆာရာ ဒူတာတေးတို့ အပါအဝင်) |
မိဘ | ဗင်းဆင့် ဒူတာဒေး စောလဒတ် ဒူတာဒေး |
နေထိုင်ရာ | Bahay Pagbabago |
မိခင်ကျောင်း | လိုင်စီယမ်တက္ကသိုလ် ဆမ်ဘီဒါကောလိပ် |
လက်မှတ် | ![]() |
ဝက်ဘ်ဆိုဒ် | Official website |
လိုင်စီယမ်တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံပညာရပ်ကို သင်ကြားခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ထို့နောက် ၁၉၇၂ တွင် ဆမ်ဘီဒါကောလိပ်မှ ဥပဒေပညာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ထို့နောက်တွင် ရှေ့နေတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ကာ ဖိလစ်ပိုင်နိုင်ငံ၏ မင်ဒါနိုကျွန်းပေါ်ရှိ လူနေထူထပ်လှသော ဒါဗိုမြို့၏ တရားထိန်းတစ်ယောက် ဖြစ်ခဲ့သည်။ နောက်တွင် ၁၉၈၆ တော်လှန်ရေးကာလအတွင်း ဒါဗိုမြို့၏ ဒုတိယမြို့တော်ဝန်ဖြစ်လာပြီး နောက်ပိုင်းတွင် ဒါဗိုမြို့တော်ဝန်အဖြစ် လုပ်ကိုင်ခဲ့သည်။ ဒူတာဒေးမှာ ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် မြို့တော်ဝန်တာဝန်ကို အများဆုံးထမ်းဆောင်သူ ဖြစ်ကာ သက်တမ်း ၇ ကြိမ်ကို ပေါင်းလိုက်လျှင် ၂၂ နှစ်ထမ်းဆောင်ခဲ့သည်။ နာမည်ကျော်သူအဖြစ် အကြိမ်များစွာ ဖော်ပြခြင်းခံရသည်။ ဒူတာဒေး၏ မူဝါဒများ အောင်မြင်လာခြင်းမှာ ၂၀၀၉ မှ ၂၀၁၆ အတွင်း ဖိလစ်ပိုင်နိုင်ငံအတွင်း မူးယစ်ဆေးသုံးစွဲသူများကို နှိမ်နင်းရာတွင် ပြတ်သားသော ပြောဆိုမှုများလည်း ပါဝင်သည်။[4] လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ထုံးစံအတိုင်း ဝင်ရောက်စွက်ဖက်ပြောဆိုမှုများကို ပြင်းထန်၊ ပြတ်သားစွာ ပြန်လည်ပြောဆိုခဲ့သည်။ ၎င်းသတ်ဖြတ်သောသူများတွင် မူးယစ်ဆေးစွဲနေသောသူများ၊ ဆေးမှုခင်းများ၊ အိမ်ရာမဲ့ကလေးများ ပါဝင်သည်။[5] ၂၀၁၆ ခုနှစ် မေလ ၉ ရက်နေ့တွင် ဒူတာဒေးမှာ ၂၀၁၆ ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲကို အနိုင်ရရှိခဲ့သည်။ ပြိုင်ဘက် ၄ ယောက်ဖြစ်သော မာရို့ဆက် (လက်ဘရယ်ပါတီ) (၂၃.၄%)၊ အမတ် ဂရေ့ပိုး (၂၁.၆%)၊ ဂျေဂျီမာ ဘင်နီ (၁၂.၉%)၊ အမတ်ဟောင်း မယ်ရီယမ်ဒယ်ဖယ်ဆာ ဆန်တီကို (၃%)တို့ကို ကျော်ဖြတ်ကာ ၃၉.၀၁% ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။[6]သူ၏ ရွေးကောက်ပွဲကာလအတွင်း ပြစ်မှုကျူးလွန်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ရန်နှင့် ပြစ်မှုများကို ခြောက်လအတွင်း အဆုံးသတ်ရန် ကတိပေးခဲ့သည်။[7]သူ၏ ပြည်တွင်းနိုင်ငံရေးမူဝါဒများသည် ဖိလစ်ပိုင်မူးယစ်ဆေးဝါးတိုက်ပွဲမှ စတင်ခဲ့သော ဆေးဝါးအမှုများကို တိုက်ဖျက်ရန် ရည်ရွယ်သည်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့၏ သတင်းများအရ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် သေဆုံးသူ ၇၀၀၀ ရှိလာခဲ့သည်။ ထို့နောက် အချက်အလက်များကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိတော့ပေ။ သူ၏လက်ထက်တွင် ကုလသမဂ္ဂနှင့် ဆက်ဆံရေး မပြေပြစ်ခဲ့ သကဲ့သို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားနှင့်လည်း အခြေတင် ပြောဆိုမှုများရှိခဲ့ကာ ဘာရက်အိုဘားမားအား ညစ်ညမ်းစွာ ပြန်လည်ပြောဆိုမှုများ ရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင်ဒူတာတေးသည် ၂၀၂၂ရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာအတွက် အရွေးခံမည်ဟု သတင်းထွက်ခဲ့သော်လည်း [8]အောက်တိုဘာလတွင် ဒုသမ္မတရာထူးအတွက် အရွေးခံမည်မဟုတ်ကြောင်းနှင့် နိုင်ငံရေးလောကမှအနားယူမည်ဟု ကြေညာခဲ့သည်။[9]