ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိသမ္မတ From Wikipedia, the free encyclopedia
ဘွန်ဘွန်မားကို့စ် (အင်္ဂလိပ်: Ferdinand Romualdez Marcos Jr.)[2][3]သည် ဖိလစ်ပိုင်နိုင်ငံရေးသမားတစ်ဦးဖြစ်ကာ (၁၇)ယောက်မြောက်သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ၂၀၁၀ပြည့်နှစ်မှ ၂၀၁၆ခုနှစ်အထိ အထက်လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ၏ အာဏာရှင်သမ္မတဟု လူသိများသော ဖာဒီနန်မားကို့စ်နှင့် အီမယ်ဒါမားကို့စ်တို့၏ သားလည်းဖြစ်သည်။[4] ဘွန်ဘွန်မားကို့စ်၏ အမည်အပြည့်အစုံမှာ ဖာဒီနန် ရိုမျူဒတ် မားကို့စ်ဖြစ်ကာ ဘွန်ဘွန်မားကို့စ် (သို့မဟုတ်) ဘုံဘုံမားကို့စ် ဟုလူသိများကာ သမ္မတအနေဖြင့် ရည်ညွှန်းရာတွင် သမ္မတဂျူနီယာမားကို့စ်ဟုရည်ညွှန်းသည်။
H.E ဘွန်ဘွန်မားကို့စ် Bongbong Marcos | |
---|---|
တရားဝင်ပုံတူရုပ်ပုံ ၂၀၂၂ | |
ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ယောက်မြောက် သမ္မတ | |
တာဝန်စတင် ၃၀ ဇွန် ၂၀၂၂ | |
ဒုတိယ သမ္မတ | ဆာရာ ဒူတာတေး |
ဆက်ခံခြင်း | ရော်ဒရီဂို ဒူတာတေး |
စိုက်ပျိုးရေးဝန်ကြီး | |
တာဝန်စတင် ၃၀ ဇွန် ၂၀၂၂ | |
သမ္မတ | ကိုယ်တိုင် |
ဆက်ခံခြင်း | ဝီလီယံ ဒါ |
အထက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၀ – ၃၀ ဇွန် ၂၀၁၆ | |
အောက်လွှတ်တော်အမတ် | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၀၇ – ၃၀ ဇွန် ၂၀၁၀ | |
ယခင်လူ | အင်မီး မားကို့စ် |
ဆက်ခံသူ | အီမယ်ဒါ မားကို့စ် |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၂ – ၃၀ ဇွန် ၁၉၉၅ | |
ယခင်လူ | Mariano Nalupta Jr. |
ဆက်ခံသူ | Simeon Valdez |
Ilocos Norteပြည်နယ် အုပ်ချုပ်ရေးမှူး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၉၈ – ၃၀ ဇွန် ၂၀၀၇ | |
ယခင်လူ | Rodolfo Fariñas |
ဆက်ခံသူ | Michael Marcos Keon |
တာဝန်သက်တမ်း ၂၃ မတ် ၁၉၈၃ – ၂၅ ဖေဖော်ဝါရီ ၁၉၈၆ | |
ယခင်လူ | Elizabeth Keon |
ဆက်ခံသူ | Castor Raval (OIC) |
Ilocos Norteပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၁၉၈၀ – ၂၃ မတ် ၁၉၈၃ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | Ferdinand Romualdez Marcos Jr. စက်တင်ဘာ ၁၃၊ ၁၉၅၇ မက်ထရိုမနီလာ |
နိုင်ငံရေးပါတီ | Partido Federal ng Pilipina(၂၀၂၁-လက်ရှိ) Nacionalista Party (၂၀၀၉-၂၀၂၁) Kilusang Bagong Lipunan (၁၉၈၀-၂၀၀၉) |
ကြင်ဖော်(များ) | Louise Araneta[1] |
သားသမီး | ၃ |
မိဘ | ဖာဒီနန် မားကို့စ် အီမယ်ဒါ မားကို့စ် |
နေထိုင်ရာ | မာလာကန်ညင်နန်းတော် |
လက်မှတ် | |
ဝက်ဘ်ဆိုဒ် | bongbongmarcos.com |
၁၉၈၀ပြည့်နှစ်တွင် Ilocos Norte ပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူး၊ ၁၉၈၃ခုနှစ်တွင် အုပ်ချုပ်ရေးမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၈၆ခုနှစ် ဖေဖော်ဝါရီတွင် ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုများကြောင့် သမ္မတ ဖာဒီနန်မားကို့စ် ပြုတ်ကျပြီး မိသားစုလိုက် ဟာဝိုင်အီကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ ၁၉၈၉ခုနှစ်တွင် ဖာဒီနန်မားကို့စ် ကွယ်လွန်ခဲ့ပြီးနောက် ထိုစဉ်ကသမ္မတ ကိုရာဇွန်အကွီနိုက ၎င်း၏မိသားစုကို ပြည်ဝင်ခွင့်ပြုခဲ့ကာ အမှုပေါင်းများစွာအား ရင်ဆိုင်စေခဲ့သည်။
ဂျူနီယာမားကို့စ်သည် ၁၉၉၂ခုနှစ်မှ ၁၉၉၅ခုနှစ်အတွင်း ဖိလစ်ပိုင်အောက်လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၁၉၉၈ခုနှစ်တွင် Ilocos Norte ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံရပြန်သည်။ ကိုးနှစ်ကြာပြီးနောက် ၂၀၀၇ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ အောက်လွှတ်တော်အမတ်၊ ၂၀၁၀ပြည့်နှစ်မှ ၂၀၁၆ခုနှစ်အထိ အထက်လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ၂၀၁၆ အထွေထွေရွေးကောက်ပွဲတွင် ဒုတိယသမ္မတနေရာမှ ဝင်ရောက်ယှဉ်ပြိုင်သော်လည်း ဝ.၆၄ ရာခိုင်နှုန်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။[5]
၂၀၂၁ခုနှစ်တွင် သူ့အနေဖြင့် ၂၀၂၂ ရွေးကောက်ပွဲတွင် သမ္မတနေရာမှ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့သည်။ ၂၀၂၂ရွေးကောက်ပွဲတွင် (၅၈.၇၇) ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် သူသည် ဒုတိယသမ္မတနေရာ ရှုံးနိမ့်ခဲ့ပြီး သမ္မတနေရာ အနိုင်ရခဲ့သော ပထမဆုံးသမ္မတ ဖြစ်လာခဲ့သည်။
ဘွန်ဘွန်မားကို့စ်ကို ၁၉၅၇ခုနှစ် စက်တင်ဘာလ (၁၃) ရက်နေ့တွင် ဖာဒီနန်မားကို့စ်နှင့် အီမယ်ဒါမားကို့စ်တို့မှ Ferdinand Martin Romualdez Marcos Jr. အဖြစ် မွေးဖွားခဲ့သည်။ မွေးဖွားပြီး (၂)နှစ်အကြာတွင် ဖခင်ဖြစ်သူသည် Ilocos Norte ပြည်နယ်၏ အမတ် ဖြစ်လာခဲ့သည်။ ဘွန်ဘွန်မားကို့စ်သည် ၁၉၆၅ခုနှစ်တွင် သူ၏ဖခင် ဖာဒီနန်မားကို့စ် သမ္မတရွေးကောက်ပွဲဝင်ရန် အချိန်ကတည်းကပင် ရွေးကောက်ပွဲ လှုံဆော်ရေးဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဇာတ်လမ်း၏ နောက်ဆုံးတွင် စကားပြောရာ ဘွန်ဘွန်မားကို့စ်က သူ့အနေဖြင့် ကြီးလာလျှင် နိုင်ငံရေးသမားဖြစ်ချင်ကြောင်း ပြောကြားခဲ့သည်။ ဤဇာတ်လမ်းသည် ဖာဒီနန်မားကို့စ် သမ္မတဖြစ်ရေးအတွက် အထောက်အပံ့ဖြစ်ခဲ့ကာ သူကိုယ်တိုင် ချီးကျူးခဲ့သည်။
မားကို့စ်သည် မနီလာမြို့တွင် မူကြိုနှင့် မူလတန်းပညာများ သင်ကြားခဲ့သည်။ ၁၉၇၀ပြည့်နှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပညာသွားရောက် သင်ကြားခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံကို ဖခင်ဖြစ်သူ ဖာဒီနန်မားကို့စ်က စစ်အုပ်ချုပ်ရေး ကြေညာချိန်တွင် သူသည် အင်္ဂလန်တွင် ရှိနေခဲ့သည်။
သူသည် အောက်စ်ဖိုဒ် တက္ကသိုလ် လက်အောက်ရှိ ကောလိပ်တွင် အတွေးအခေါ်၊ နိုင်ငံရေးနှင့် စီးပွားရေး များကို ပေါင်းစပ်သင်ရသော ပီပီအီးဘာသာရပ်ကို တက်ရောက်ခွင့် ရရှိခဲ့သည်။ မားကို့စ်သည် အတွေးအခေါ်ပိုင်းကို အောင်မြင်ခဲ့သော်လည်း နိုင်ငံရေးအပိုင်းတွင် ကျခဲ့ကာ စီးပွားရေးအပိုင်းတွင် (၂)ကြိမ်တိုင် ကျခဲ့သည်။ ထို့ကြောင့် ၎င်းအား ဘွဲ့မရထိုက်ဟု ဆုံးဖြတ်ခဲ့ကြသည်။ ထိုအစား လူမှုရေးသိပ္ပံတွင် အထူးဒီပလိုမာ ရရှိခဲ့သည်။ ထိုဒီပလိုမာမှာ ဘွဲ့မရသူများအား ပေးအပ်ခဲ့သော ဒီပလိုမာဖြစ်ကာ လက်ရှိအချိန်တွင်မူ မပေးအပ်တော့ပေ။ ၂၀၁၅ခုနှစ်တွင် အောက်စ်ဖိုဒ်တက္ကသိုလ်မှ မားကို့စ်သည် ဘွဲ့မရခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း မားကို့စ်ကမူ ရရှိခဲ့ကြောင်း ပြောကြားနေဆဲဖြစ်သည်။[6]
သူသည် အမေရိကန်ပြည်ထောင်စု ဖီလာဒဲလ်ဖီးယားမြို့ရှိ တက္ကသိုလ်တစ်ခု၏ စီးပွားရေးကျောင်းတွင် စီပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ တက်ရောက်ခဲ့သော်လည်း မပြီးမြောက်ခဲ့ပေ။ ၁၉၈၀ပြည့်နှစ်တွင် သူသည် Ilocos Norte ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးရွေးပွဲမှ နုတ်ထွက်ခဲ့သည်။ သမ္မတဖာဒီနန်မားကို့စ်မိသားစု ထွက်ပြေးပြီးနောက် ဖွဲ့စည်းခဲ့သော ကောင်းမွန်သောအစိုးရအတွက်သမ္မတကော်မရှင်၏ ထုတ်ပြန်ချက်များအရ ဘွန်ဘွန်မားကို့စ်သည် အမေရိကန်တွင် ကျောင်းတက်နေစဉ် လစဉ်ကျူရှင်ကြေး အမေရိကန်ဒေါ်လာ (၁၀,၀၀၀) (၂၀၂၂ခုနှစ်တွင် ဖိလစ်ပိုင်ပီဆို ၅၁၇,၉၅၇.၈၃ တန်ကြေးရှိ)၊ နေထိုင်ရန် အိမ်ခြံမြေ တို့အတွက် ကုန်ကျစရိတ်များကို ဖိလစ်ပိုင်သမ္မတရုံး၏ ဘဏ္ဍာငွေများမှ သုံးစွဲခဲ့သည်။ မားကို့စ်မိသားစုသည် အမေရိကန်ရှိ ဘဏ် (၁၅)ခုတွင် ဘဏ်အကောင့်များ လျှို့ဝှက်စွာ ဖွင့်ထားခဲ့သည်။
ဘွန်ဘွန်မားကို့စ်၏ ပထမဆုံးသော နိုင်ငံရေးရာထူးတစ်ခုမှာ ၁၉၈၀ပြည့်နှစ်မှ ၁၉၈၃ခုနှစ်အထိ Ilocos Norte ပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ ထိုစဉ်က အသက် (၂၃)နှစ်သာ ရှိသေးသည်။ ၁၉၈၃ခုနှစ် မတ်လ (၂၃)ရက်နေ့တွင် ကျန်းမာရေးကြောင့် အုပ်ချုပ်ရေးမှူးအဖြစ်မှ အနားယူသွားသည့် ၎င်း၏အဒေါ်ဖြစ်သူနေရာကို ဆက်ခံကာ ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့သည်။ ထိုရာထူးကို ၁၉၈၆ ပြည်သူ့အာဏာ လူထုအုံကြွမှု ဖြစ်ပွားချိန်အထိ ထမ်းဆောင်ခဲ့သည်။ ထို့အပြင် အခြားသော ကဏ္ဍာများတွင်လည်း ဦးဆောင်ခဲ့သည်။
၁၉၈၆ခုနှစ်တွင် မားကို့စ်မိသားစု ပြည်နှင်ဒဏ်ပေးခံရပြီးနောက် ဖိလစ်ပိုင်တရားရုံးချုပ်မှ မကောင်းသောစည်းစိမ်ဟု အမည်တပ်ခဲ့သော စည်းစိမ်များမှနေ၍ ဖာဒီနန်မားကို့စ်၏ ကလေး(၃)ယောက်သည် အကျိုးများစွာ ရရှိခဲ့သည်။
ဘွန်ဘွန်မားကို့စ် အမေရိကန်တွင် ကျောင်းတက်စဉ်က ကျူရှင်ခနှင့် နေထိုင်ရာအိမ်အတွက် လစဉ် အမေရိကန်ဒေါ်လာ (၁၀,၀၀၀) ကျသင့်ခဲ့သည်။ ထို့အပြင် ဖိလစ်ပိုင်နိုင်ငံ၌လည်း စံအိမ်များစွာ သုံးစွဲခဲ့သည်။
ဖခင်ဖြစ်သူ အာဏာလက်လွှတ်လိုက်ရသည့်အချိန်တွင် ဘွန်ဘွန်မားကို့စ်နှင့် အမဖြစ်သူ အီမဲမားကို့စ်တို့သည် အရေးပါသော နိုင်ငံရေးရာထူးများ ရယူထားကြသည်။
၁၉၈၆ခုနှစ်တွင် ပြည်သူများက မာလာကန်ညင်နန်းတော်ကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နန်းတော်အတွင်း၌ မားကို့စ်မိသားစု၏ ပုံတူပန်းချီကားများ၊ ရွှေချထားသော ရေစိမ်ကန်၊ သမ္မတကတော်၏ ရှားပါးမြွေပါသားမွေး အနွေးအကျီၤ (၁၅)ထည်၊ ဒီဇိုင်နာပွဲတက်ဝတ်စုံပေါင်း (၅၀၀)ကျော်၊ ဒီဇိုင်နာဖိနပ်ပေါင်း (၃၀၀၀)ကျော်ကို တွေ့ခဲ့ကြရသည်။[6]
ဘွန်ဘွန်မားကို့စ်သည် ၂၀၂၂ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် အမျိုးသားပြတိုက်ရှေ့၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကာ တရုတ်နိုင်ငံမှ ဒုတိယသမ္မတ ဝမ်ချီဆန်း[7]၊ အမေရိကန်ဒုတိယသမ္မတ၏ ခင်ပွန်းဖြစ်သူ အပါအဝင် ပြည်တွင်းပြည်ပမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။[8]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.