ထိုင်းနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် From Wikipedia, the free encyclopedia
ယင်လပ် ရှင်နာဝပ် (အင်္ဂလိပ်: Yingluck Shinawatra; ထိုင်း: ยิ่งลักษณ์ ชินวัตร) သည် ထိုင်းနိုင်ငံမှ အမျိုးသမီးနိုင်ငံရေး သမားတစ်ဦးဖြစ်ပြီး ၂၀၁၁ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ထိုင်းနိုင်ငံ၏ ၂၈ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာသည်။ ယခင်က စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်သည်။ သူမသည် ထိုင်းနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလ ၇ ရက်နေ့တွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ ဝန်ကြီးချုပ်နေရာမှ ဖယ်ရှားခဲ့သည်။ နိုင်ငံတော်အာဏာကို စစ်တပ်မှ သိမ်းယူခဲ့သည်။ ထို့ကြောင့် ဖြူထိုင်းပါတီမှ ဝန်ကြီးချုပ်ရာထူး ဖယ်ရှားခံရသော တတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာသည်။
ယင်လပ် ရှင်နာဝပ် ยิ่งลักษณ์ ชินวัตร | |
---|---|
ထိုင်းနိုင်ငံ၏ ၂၈ယောက်မြောက် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၅ ဩဂုတ် ၂၀၁၁ – ၇ မေ ၂၀၁၄ | |
ဧကရာဇ် | ဘူမိဗလအတုလျတေဇ |
ယခင်လူ | အဘီစစ် ဝိဇ္ဇာဇီဝ |
ဆက်ခံသူ | ဘွန်ဆိုင်ပန်ဆင် (ယာယီ) ပရာယွတ်ချန်အိုချာ |
ကာကွယ်ရေးဝန်ကြီး | |
တာဝန်သက်တမ်း ၃၀ ဇွန် ၂၀၁၃ – ၇ မေ ၂၀၁၄ | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ချင်းမိုင် | ၂၁ ဇွန်၊ ၁၉၆၇
လူမျိုး | ထိုင်း |
နိုင်ငံရေးပါတီ | ဖြူထိုင်းပါတီ |
နေထိုင်ရာ | ဘန်ကောက် |
မိခင်ကျောင်း | ချင်းမိုင်တက္ကသိုလ် ကင်တပ်ကီ ပြည်နယ် တက္ကသိုလ် |
လက်မှတ် |
ချင်းမိုင်မြို့တွင် မွေးဖွားပြီး ချင်းမိုင်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ အမေရိကန်ပြည်ထောင်စု ကင်တပ်ကီပြည်နယ် တက္ကသိုလ်မှ မဟာဘွဲ့ကို ရရှိခဲ့ကာ ရိုးရိုးဘွဲ့နှင့် မဟာဘွဲ့ နှစ်ခုစလုံးအတွက် အထူးပြုသည့် ဘာသာမှာ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲ့ရေး ဘာသာရပ် ဖြစ်သည်။ ယင်လပ်သည် အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်၏ စီးပွားရေး လုပ်ငန်းတွင် အမှုဆောင် ဝန်ထမ်းတစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆယ်စုနှစ် နှစ်ခု အတွင်းတွင် အိုးအိမ် ကုမ္ပဏီ အက်စ်စီ အဆက် (SC Asset) ၏ ဥက္ကဋ္ဌ အဖြစ်နှင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး မိုဘိုင်းဖုန်း ဝန်ဆောင်မှု ကုမ္ပဏီဖြစ်သော အက်ဒ်ဗန့် အင်ဖိုဆားဗစ်စ် ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်လာခဲ့သည်။ ထိုအချိန် အတွင်းမှာပင် သူမ၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ် သက်ဆင် ရှင်နာဝပ်သည် စစ်အာဏာသိမ်းမှုကြောင့် ရာထူးမှ ဖယ်ရှားခြင်း ခံရသည်။ ထို့ပြင် တရားရုံးမှ အာဏာအလွဲသုံးစားမှုဖြင့် အပြစ်ရှိကြောင်း စီရင်ချက် ချသော အခါတွင် ပြည်ပတွင် တိမ်းရှောင်နေခဲ့သည်။
၂၀၁၁ မေလတွင် သက်ဆင် နှင့် နီးစပ်သော ပါတီတစ်ခုဖြစ်သည့် ပွေ့ထိုင်း ပါတီ (Pheu Thai) က ယင်လပ်အား ၂၀၁၁ ထိုင်းရွေးကောက်ပွဲတွင် ၎င်းတို့ပါတီအား ကိုယ်စားပြု၍ ဝန်ကြီးချုပ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့်သူဖြစ်ကြောင်း ကြေညာခဲ့သည်။ ပွေ့ထိုင်းပါတီက လွှတ်တော် ရာထူး နေရာ ၅၀၀ တွင် ၂၆၃ နေရာ အနိုင်ရခဲ့ပြီးနောက် ယင်လပ်သည် ထိုင်းနိုင်ငံ၏ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမည့်သူ ဖြစ်သည်။ ရွေးကောက်ပွဲတွင် အနိုင်ရချိန်၌ သူမ၏ နိုင်ငံရေးလှုပ်ရှားမှု သက်တမ်းမှာ သီတင်း ၆ ပတ်မျှသာရှိသေးသည်။
ယင်လပ်မှာ လိုဝပ်ရှင်နာဝပ်ထရာနှင့် ရင်ဒီရမ်မီဝမ်တို့၏ သားသမီး ၉ ယောက်မှ အငယ်ဆုံးဖြစ်သည်။[1][2][3] ဖခင်မှာ စီးပွားရေးသမားဖြစ်ကာ ချင်းမိုင်ဒေသကိုယ်စားပြု အမတ်တစ်ယောက်လည်းဖြစ်သည်။[4] ချင်းမိုင်၏ ယခင်အုပ်ချုပ်သူမျိုးရိုးမှ ဆင်းသက်လာသူလည်း ဖြစ်သည်။ ချင်းမိုင်တွင်ပင် ကြီးပြင်းခဲ့သည်။
၁၉၉၃ တွင် ရှင်နာဝပ်ထရာကုမ္ပဏီ၏ အရောင်းနှင့် ဈေးကွက်ဌာနတွင် အလုပ်သင်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဒါရိုက်တာတစ်ယောက်ဖြစ်လာသည်။ ထို့မှနေ၍ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာပေသည်။
သူ့တွင် အတူနေခင်ပွန်း အနုဆွန် အမွန်းချက်နှင့်ရသော သားတစ်ယောက်ရှိသည်။ အနုဆွန်မှာ ချာရွန် ပုတ်ဖန်လုပ်ငန်းစု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် အမ်လင့်ခ်အေးရှား ကော်ပိုရေးရှင်း၏ မန်းနေဂျင်းဒါရိုက်တာဖြစ်သည်။ [5]ယင်လပ်၏ညီမဖြစ်သူ ရာဝပါ ဝမ်ဆဝတ်သည် ယခင်ဝန်ကြီးချုပ် ဆွမ်ချိုင် ဝမ်စဝတ်၏ ဇနီးဖြစ်သည်။
ထိုစဉ်က အုပ်ချုပ်ဆဲ ပြည်သူ့စွမ်းအားပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များကို ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှနေ၍ ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ၂ရက်နေ့တွင် နိုင်ငံရေးလှုပ်ရှားမှု၅နှစ်တားမြစ်လိုက်သည်။[6]ထို့ကြောင့် ပြည်သူ့စွမ်းအားပါတီအမတ်များမှာ ဖြူထိုင်းပါတီကို ထူထောင်ခဲ့သည်။ ထိုအခါ ယင်လပ်ကို ပါတီခေါင်းဆောင်အဖြစ် ကမ်းလှမ်းခဲ့သည်။ သို့သော် သူက ဝန်ကြီးချုပ်ဖြစ်ရန် ဆန္ဒမရှိဘဲ စီးပွားရေးကိုသာ တိုးချဲ့လိုကြောင်းပြောကာ ငြင်းဆိုခဲ့သည်။[7] ယွန်ယု ဝီချီဒစ်မှာ ပါတီခေါင်းဆောင်ဖြစ်လာခဲ့သည်။
၂၀၁၁ခုနှစ်တွင် အမေရိကန်တို့၏ သံတမန်ရေးရာများ ပေါက်ကြားလာမှုတွင် ပါဝင်လာမှုအရ ၂၀၀၉ခုနှစ် စက်တင်ဘာလ၉ရက်နေ့တွင် ယခင်ဒုဝန်ကြီးချုပ်ဖြစ်သကဲ့သို့ သက်ဆင်၏ရင်းနီးသူလည်းဖြစ်သည့် ဆွန်ပွန်မှ အမေရိကန်သံအမတ် အီရစ်ဂျွန်ကို ပြောကြားသည်မှာ သက်ဆင်အနေဖြင့် ညီမဖြစ်သူယင်လပ်ကို ဖြူထိုင်းပါတီအတွင်း နေရာကြီးတွင် ရရန် မမျှော်မှန်းကြောင်းနှင့် နည်းလမ်းရှာဖွေနေကြောင်း ပြောကြားခဲ့သည်။ သို့သော် နိုဝင်ဘာ၂၅ရက်နေ့စွဲဖြင့် ဆက်တိုက်ထွက်ပေါ်လာသော ပေါက်ကြားမှုအရ သံအမတ်ကြီး၏ မှတ်သားထားမှုတွင် သူ့အနေဖြင့် ယင်လပ်နှင့်တွေ့ဆုံစဉ်က ယင်လပ်ကပြောကြားသည်မှာ သူ့အနေဖြင့် ဖြူထိုင်းပါတီ၏ စစ်ဆင်ရေး၊နည်းဗျူဟာနှင့် ရည်မှန်းချက်တို့တွင် ယုံကြည်မှုအပြည့်ရှိကြောင်း မှတ်သားထားသည်။
၂၀၁၀ခုနှစ်တွင် ထိုင်းနိုင်ငံရေးဆန္ဒပြပွဲတွင် ရှပ်နီများကို ယင်လပ်၏ ဘဏ်အကောင့်၈၆ခုထဲမှ ထောက်ပံ့ခဲ့ကြောင်း အဘီစစ်အစိုးရမှ စွပ်စွဲခဲ့သည်။ သို့သော် သူ့ကို ဥပဒေကြောင်းအရ ညှင်းဆဲခြင်းမရှိခဲ့ပေ။ အထူးစုံစမ်းစစ်ဆေးရေးဌာနမှ တွေ့ရှိချက်အရ ၂၈.၄.၂၀၀၉ခုနှစ်မှ ၂၀၁၀ခုနှစ်အတွင်း သူ၏ဘဏ်အကောင့်တစ်ခုထဲသို့ ဘတ် သန်း၁၅၀ အပ်နှံခဲ့ပြီး ၁၆၆သန်းထုတ်ခဲ့သည်။[8]
ယွန်ယုမှ သူ၏ပါတီခေါင်းဆောင်နေရာမှ နုတ်ထွက်ခြင်းကို ၂၀၁၀နှောင်းပိုင်းတွင် ကြေညာခဲ့သည်။ ထို့နောက် ပါတီခေါင်းဆောင်နေရာအတွက် ပါတီတွင်း ဆွေးနွေးငြင်းခုံလာကြသည်။ရှေ့ပြေးရေပန်းစားနေသူ၂ဦးမှာ ယင်လပ်ရှင်နာဝပ်နှင့် မင်းကွမ် ဝန်ဆူဝမ်ဖြစ်သည်။ မင်းကွမ် ဝန်ဆူဝမ်မှာ ဝန်ကြီးချုပ် အဘီစစ်ဝိဇ္ဇာဇီဝ၏ အာဏာရပါတီဖြစ်သော ဒီမိုကရက်ပါတီခေါင်းဆောင်သော အစိုးရကို အယုံအကြည်မရှိကြောင်းအဆိုတင်ရာတွင် မအောင်မြင်ခဲ့သူဖြစ်သည်။၂၀၁၁ခုနှစ် မေလ ၁၆ရက်နေ့တွင် ဖြူထိုင်းပါတီမှ ယင်လပ်ကို ပါတီစာရင်း အချိုးကျကိုယ်စားပြုမှုစနစ်တွင် မဲပေးခဲ့သည်။ သို့သော် သူ့အနေဖြင့် ပါတီခေါင်းဆောင်မလုပ်သကဲ့သို့ ပါတီ၏အုပ်ချုပ်ရေးအဖွဲ့တွင်လည်း မပါဝင်ခဲ့ပေ။နောက်ဆုံး ဆုံးဖြတ်ချက်ကို သက်ဆင်မှ ဆုံးဖြတ်ခဲ့သည်။ သက်ဆင်မှ အင်တာဗျူးတစ်ခုတွင် အချို့က ယင်လပ်သည် သူ၏ ဆန်ခါတင်ဟုပြောကြောင်း၊သို့သော် မဟုတ်ကြောင်း၊သို့သော် ယင်လပ်သည် သူ၏ ကိုယ်ပွားဟုပြောနိုင်ကြောင်း၊နောက်ထပ်အရေးကြီးသည်မှာ ယင်လပ်မှာ သူ၏ညီမဖြစ်ကာ သူ့အတွက် ဆုံးဖြတ်ချက်ချပေးနိုင်ကြောင်း၊သူ့ကိုယ်စား လက်ခံသည်၊ငြင်းပယ်သည်ကို ပြောဆိုနိုင်ကြောင်း ပြောကြားခဲ့သည်။[9]
ဖြူထိုင်းပါတီမှာ "သက်ဆင်အတွေး၊ဖြူထိုင်းအလုပ်" (Thaksin thinks, Pheu Thai acts)ဟူသော ဆောင်ပုဒ်ဖြင့် မဲဆွယ်ခဲ့သည်။[10]ယင်လပ်၏ အဓိကမဲဆွယ်ပုံရိပ်မှာ ၂၀၀၈-၂၀၁၀ နိုင်ငံရေးအကြပ်အတည်းများအကြား ပြန်လည်သင့်မြတ်ရေးဖြစ်သည်။
ပြင်ပစာရင်းများအရ ဖြူထိုင်းပါတီမှ ပါလီမန်နေရာ၅၀၀တွင် ၃၁၀နေရာအနိုင်ရခဲ့သည်။[11]သို့သော် တရားဝင်ထုတ်ပြန်ချက်တွင် ၂၆၅နေရာအတွက် ၄၇% အနိုင်ရခဲ့သည်။ [12]ပယ်မဲပေါင်း ၃သန်းရှိခဲ့ပြီး ပြင်ပစာရင်းနှင့် တရားဝင်စာရင်းအကြား အကြီးမားဆုံးသော ကွာဟမှုဖြစ်ခဲ့သည်။[13]ထိုင်းနိုင်ငံသမိုင်းတွင် ပါတီတစ်ခုထဲမှ နေရာထက်ဝက်ကျော် အနိုင်ရခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ ပထမအကြိမ်မှာ ၂၀၀၅ခုနှစ်တွင် သက်ဆင်က ထိုင်းရတ်ထိုင်းပါတီဖြင့် အနိုင်ရခဲ့သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ရွေးကောက်ပွဲရလဒ်များကို ကြိုဆိုခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်မှလည်း ယင်လပ်ကိုချီးကျူးခဲ့ပြီး ရွေးကောက်ပွဲကို တရားမျှတ၍လွတ်လပ်သည်ဟု ထောပနာပြုခဲ့သည်။ ထို့အပြင် မြန်မာ-ထိုင်း ဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်လာရန် မျှော်လင့်ကြောင်း ဆိုခဲ့သည်။"[14][15]
ယင်လပ်သည် ချာသာပတ်တာနာပါတီ(၁၉နေရာ)၊ ချတ်ပသာနာပူးပဒင်ပါတီ(၇နေရာ)၊ ပလန်ချွန်ပါတီ(၇နေရာ)၊ မဟာချွန်ပါတီ (၁နေရာ)၊ဒီမိုကရေစီသစ်ပါတီ(၁နေရာ)တို့နှင့်ပေါင်းကာ သူမအတွက် နေရာပေါင်း၃၀၀ဖြင့် လျင်မြန်စွာအစိုးရဖွဲ့ခဲ့သည်။ [16][17] ကာကွယ်ရေးဝန်ကြီး ဝန်ဆူဝမ်က သူ့အနေဖြင့် ရလဒ်များကို လက်ခံကြောင်းနှင့် စစ်တပ်ခေါင်းဆောင်များနှင့် စကားပြောပြီးနောက် ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း ပြောခဲသည်။[18]
၂၀၁၁ရွေးကောက်ပွဲအပြီးတွင် ထိုင်းအောက်လွှတ်တော်မှ ဩဂုတ်လ၅ရက်နေ့တွင် ဝန်ကြီးချုပ်အသစ်ရွေးချယ်ခဲ့ကြသည်။[19] လွှတ်တော်မှ အမတ်၅၀၀တွင် ၂၉၆ယောက်မှ ယင်လပ်ကို မဲပေးခဲ့ကြသည်။ ကန့်ကွက်မဲ၃မဲ၊ ကြကားနေမဲ ၁၉၇မဲရှိခဲ့သည်။ ဒီမိုကရက်မှ အမတ်၄ဦးမှ ပျက်ကွက်ခဲ့သည်။[20][21]ဩဂုတ်လ၈ရက်နေ့တွင် အောက်လွှတ်တော် ဥက္ကဋ္ဌမှ ဘုရင်ဘူမိဗလအား ယင်လပ်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်ပေးနိုင်ရန် တင်ပြခဲ့သည်။[22] သူ၏ ဝန်ကြီးချုပ်ရာထူးသည် ဩဂုတ်၅ရက်နေ့တွင် စတင်ခဲ့သည်။[23]
သူ၏ ဝန်ကြီးများကောင်စီကို ဩဂုတ်လ၉ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ဩဂုတ်လ၁၀ရက်နေ့တွင် ကျမ်းသစ္စာကျိန်ခဲ့ကြသည်။[24]
ယင်လပ်အစိုးရ၏ အဓိကဝန်ကြီးများအဖြစ် ယခင်ပြည်ထဲရေးအမြဲတမ်းအတွင်းဝန် ယွန်ယု ဝီချီဒစ်က ပြည်ထဲရေးဝန်ကြီး၊ လုံခြုံရေးနှင့် အိတ်ချိန်းကော်မရှင် အတွင်းရေးမှူးချုပ် သီရာချိုင်က ဘဏ္ဍာရေးဝန်ကြီး၊ယခင် ကာကွယ်ရေးအမြဲတမ်းအတွင်းဝန် ယုသဆက်က ကာကွယ်ရေးဝန်ကြီးများ အသီးသီးတာဝန်ယူကြသည်။ စစ်တမ်းများအရ အစိုးရကို စီးပွားရေးတိုးတက်မှုအတွက် မြင့်မားစွာ အဆင့်သတ်မှတ်ကြသည်။ ထို့အပြင် သူ့ကို အစ်ကိုဖြစ်သူ သက်ဆင်ထက် ပို၍သဘောကျကြောင်း တွေ့ရသည်။[25]
၂၀၁၁ မိုးရာသီတွင် နှစ်၅၀အတွင်း ထိုင်းနိုင်ငံ၏ စံချိန်တင် အမြင့်ဆုံး မိုးရေချိန်ရောက်ခဲ့ရသည်။[26]ယင်လပ်အစိုးရမတက်မီ တစ်ပတ်အလိုက နိုင်ငံမြောက်ပိုင်းတွင် ဇူလိုင်၃၁ရက်မှစ၍ ရေများကြီးခဲ့သည်။ [27]မြောက်ပိုင်းမှ ရေကြီးမှုသည် ကျောက်ဖယားမြစ် ရေဆင်းမှနေ၍ အယုဒ္ဓယပြည်နယ်၊ဘန်ကောက်မြောက်ပိုင်းတို့သည် အောက်တိုဘာလအရတွင် ရေနစ်မြုပ်ကုန်ကြသည်။ နှစ်ပေါင်း၅၀အတွင်း ထိုင်းနိုင်ငံ၏ အဆိုးဆုံး ရေကြီးမှုဖြစ်ခဲ့သည်။ ယင်လပ်က ရေကြီးမှု ဗဟိုစောင့်ကြည့်ရေးနှင့် ကယ်ဆယ်ရေးကို ဩဂုတ်လအလယ်ပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး ဩဂုတ် ၁၂ရက်မှစပြီး ရေမြုပ်ရာ ဒေသများသို့ သွားရောက်ခဲ့သည်။[28]ယင်လပ်က ရေနုတ်မြောင်းတည်ဆောက်မှုအပါအဝင် ရေကြီးမှုကာကွယ်ရေး နှစ်ရှည်စီမံကိန်းများကို လုပ်ဆောင်ရန် ကတိပြုခဲ့သည်။ အတိုက်အခံ အဘီစစ်နှင့် စစ်တပ်ခေါင်းဆောင်များက အရေးပေါ်အခြေအနေကြေညာရန် ယင်လပ်ကိုပြောကြားခဲ့သည်။ အရေးပေါ်အခြေအနေကြေညာခြင်းဖြင့် စစ်တပ်တွင် အုပ်ချုပ်ရေးအာဏာရလာမည်ဖြစ်သည်။ [29] နောက်ဆုံး အရေးပေါ်အခြေအနေမှာ အဘီစစ်လက်ထက် ၂၀၁၀ခုနှစ်က အစိုးရဆန့်ကျင်ရေးများကို ဖြိုခွဲရာတွင်ဖြစ်သည်။ ယင်လက်က ဤသည်မှာ ရေကြီးမှုကို ထိန်းချုပ်ရန် နည်းလမ်းကောင်းမဟုတ်ကြောင်းဆိုကာ အရေးပေါ်အခြေအနေကြေညာရန် ငြင်းဆိုခဲ့သည်။ ထိုအစား ၂၀၀၇ခုနှစ် သဘာဝဘေးကာကွယ်ရေးနှင့် လျှော့ချရေးအက်ဥပဒေကို ထပ်မံမွမ်းမံခြင်းဖြင့် ရေကြီးမှုကာကွယ်ရေးအတွင်း သူ၏အစိုးရကို ပို၍ အာဏာရစေသည်။[30]
၂၀၁၃ခုနှစ် ဒီဇင်ဘာလ၉ရက်နေ့တွင် လက်ရှိပါလီမန်ကို ဖျက်သိမ်းခဲ့သည်။[31]
၂၀၁၄ မေလ ၇ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးမှ သူ့ကို ဝန်ကြီးချုပ်နေရာမှ ဖြုတ်ချခဲ့သည်[32]သီတင်းပတ်အနည်းငယ်အကြာတွင် ၂၀၁၄အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။A few weeks after Yingluck was impeached, the military coup of 2014 occurred.
၂၀၀၇ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံကာ တာဝန်ရှိသူများကို အာဏာအလွဲသုံးစားမှု၊ပေါ့လျော့မှုဖြင့် စွဲချက်တင် ထောင်ချနိုင်သည်။
ဆန်စပါးကော်မတီ၏ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည့် သူ့ကို အဂတိတိုက်ဖျက်ရေးအေဂျင်စီမှ စပါးအပေါင်ခံမှုနှင့် ပက်သက်၍ စစ်ဆေးခဲ့သည်။ သူ၏ ဝန်ကြီးဟောင်း၂ဦးကိုလည်း စစ်ဆေးကာ ဆယ်စုနှစ်ကြာ ထောင်ချခဲ့သည်။[33]
၂၀၁၄ခုနှစ် မေလ၈ရက်နေ့တွင် အမျိုးသားအဂတိတိုက်ဖျက်ရေးကော်မရှင်မှ ဆန်စပါးကိစ္စတွင် အကျင့်ပျက်ခြစားသည်ဟုဆိုက စွဲချက်တင်ရန် ဆုံးဖြတ်ခဲ့သည်။ [34][35][36]
နိုဝင်ဘာ ၂၈ရက်နေ့တွင် ထိုင်းဥပဒေပြုလွှတ်တော်မှ သက်သေ ၇၂ဦးကို ငြင်းဆိုခဲ့သည်။၂၀၁၅ခုနှစ် ဇန်နဝါရီ ၉ရက်နေ့တွင် ပထမဆုံးကြားနာမှုကို စတင်ခဲ့သည်။[37]
၂၀၁၆ ဇန်နဝါရီ ၁၅ရက်နေ့တွင် ယင်လပ်ကို အမှုစစ်ခဲ့သည်။ [38]
၂၀၁၇ ဩဂုတ်၂၅ရက်နေ့တွင် အမိန့်ချမည့်ရက်မတိုင်မီတွင် ယင်လပ်မှာ ပျောက်ကွယ်သွားသည်။ ထို့နောက် ဖမ်းဆီးဝရမ်းထုတ်ခံရပြီး သူ၏ပိုင်ဆိုင်ငွေ ฿၃၀,၀၀၀,၀၀၀ ကို သိမ်းယူခဲ့သည်။.[39]သူ့ကို ထောက်ခံသူ ၃၀၀၀က တရားရုံးပြင်ပတွင် စုဝေးခဲ့ကြသည်။ သတင်းများအရ ယင်လပ်သည် နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။ [40] ပါတီတွင်းမှ ပုဂ္ဂိုလ်ကြီးများအရ ယင်လပ်မှာ တစ်ပတ်မတိုင်ခင်က ဒူဘိုင်းသို့ ထွက်ခွာသွားကြောင်း သိခဲ့ရသည်။[41] နောက်ဆုံးအမိန့်ချချက်ကို ၂၇ စက်တင်ဘာ ၂၀၁၇ သို့ ပြောင်းခဲ့သည်။
၂၇.၉.၂၀၁၇တွင် သူ့အနေဖြင့် ဆန်စပါးထောက်ပံ့ခြင်းအစီအစဉ်တွင် အပြစ်ရှိကြောင်းနှင့် ထောင်ငါးနှစ် ချမှတ်ခဲ့သည်။[42][43]
ယင်လပ်၏ နိုင်ငံကူးလက်မှတ်များကို စစ်အစိုးရမှ ပယ်ဖျက်ခဲ့ပြီး ကောလဟာလသတင်းများအရ သူသည် လန်ဒန်တွင် ရောက်ရှိနေပြီး ဗြိတိသျှနိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်နေသည်။[44]သူမ၏ လူမှုကွန်ယက်တွင် ၂၀၁၇ခုနှစ် ဩဂုတ်၂၄ရက်နေ့တွင် နောက်ဆုံး ရေးသားခဲ့ပြီး သူ၏မွေးနေ့ဖြစ်သော ၂၀၁၈ခုနှစ် ဇွန်လ၂၁ရက်နေ့တွင်မှ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
သူ၏ဝန်ကြီးချုပ်သက်တမ်းအတွင်း နိုင်ငံပေါင်း၄၀ကျော်ကို သွားလာခဲ့ပြီး ထိုင်းနိုင်ငံနှင့် ယင်းနိုင်ငံများအကြား ချစ်ကြည်ရေးတိုးမြှင့်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်များထဲတွင် ကုန်သွယ်ရေးတိုးမြှင့်ခြင်း၊ပြည်ပပို့ကုန်ရင်းနှီးမြှပ်နှံမှု တိုးမြှင့်ခြင်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေးတို့လည်း ပါဝင်သည်။
စဉ် | နိုင်ငံ/နယ်မြေ | မှတ်ချက် |
---|---|---|
၁ | အမေရိကန် | သမ္မတ အိုဘားမားနှင့် လုံခြုံရေးစေ့စပ်ညှိနှိုင်းရန် |
စဉ် | နိုင်ငံ/နယ်မြေ | မှတ်ချက် |
---|---|---|
၁ | အိန္ဒိယ | သမ္မတနိုင်ငံနေ့အခမ်းအနားနင့် အာဆီယံ-အိန္ဒိယ ကားစီတန်းမောင်းခြင်းပွဲတက်ရောက်ရန် |
၂ | ကမ္ဘောဒီးယား | ဝန်ကြီးချုပ် ဟွန်ဆန်နှင့်တွေ့ခဲ့ |
၃ | တောင်ကိုရီးယား | သမ္မတ ပင်ကွမ်ဟီး၏ ကျမ်းကျိန်ပွဲတက်ရောက်ရန် |
၄ | တရုတ် | အမြန်ရထားလမ်းတည်ဆောက်ခြင်းများ ဆွေးနွေးခြင်း၊ကုန်သွယ်ရေး၊စီးပွားရေးများ လက်မှတ်ရေးထိုးခြင်း |
၅ | ဘင်္ဂလားဒေ့ရှ် | ကိုယ်ပိုင်အခန်းကဏ္ဍများနှင့် လုပ်ငန်းရှင်များနှင့် ဆွေးနွေးခြင်း၊ |
၆ | ဟောင်ကောင် | ကုန်သွယ်ရေးပူးပေါင်းစာချုပ် လက်မှတ်ထိုးရန် |
၇ | မွန်ဂိုးလီးယား | ၇ကြိမ်မြောက် စီဒီအစည်းအဝေး တက်ရန် |
၈ | သီရိလင်္ကာ | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
၉ | တာဂျစ်ကစ္စတန် | ရေအရင်းအမြစ်စီမံခန့်ခွဲခြင်း လေ့လာခြင်း |
၁၀ | ပါကစ္စတန် | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
11 | မော်လဒိုက် | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
12 | ဘာရိန်း | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
13 | ကာတာ | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
14 | ကူဝိတ် | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
စဉ် | နိုင်ငံ/နယ်မြေ | မှတ်ချက် |
---|---|---|
၁ | ဂျာမနီ | |
၂ | ပြင်သစ် | |
၃ | ယူနိုက်တက်ကင်းဒမ်း | |
၄ | ဆွီဒင် | |
၅ | ဘယ်လ်ဂျီယမ် | |
၆ | ပိုလန် | |
၇ | ဆွစ်ဇာလန် | |
၈ | အီတလီ | |
၉ | ဗာတီကန် | |
၁၀ | တူရကီ | |
၁၁ | မွန်တီနီဂရိုး |
စဉ် | နိုင်ငံ/နယ်မြေ | မှတ်ချက် |
---|---|---|
၁ | မိုဇမ်ဘစ် | |
၂ | တန်ဇေးနီးယား | |
၃ | ယူဂန်းဒါး | |
၄ | နိုင်ဂျီးရီးယား |
စဉ် | နိုင်ငံ/နယ်မြေ | မှတ်ချက် |
---|---|---|
၁ | ဩစတြေးလျ | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
၂ | နယူးဇီလန် | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
၃ | ပါပူအာ နယူးဂီနီ | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
စဉ် | နိုင်ငံ/နယ်မြေ | မှတ်ချက် |
---|---|---|
၁ | ဘရူနိုင်း | ချစ်ကြည်ရေးခရီးသွားရောက်ခြင်း |
၂ | ကမ္ဘောဒီးယား | |
၃ | အင်ဒိုနီးရှား | |
၄ | လာအို | |
၅ | မြန်မာ | |
၆ | ဗီယက်နမ် | |
၇ | စင်ကာပူ | |
၈ | ဖိလစ်ပိုင် | |
၉ | မလေးရှား |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.