အေးပက်

From Wikipedia, the free encyclopedia

အေးပက်

အေးပက် (APEC)၏ အမည်အပြည့်အစုံမှာ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း(Asia-Pacific Economic Cooperation) ဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ ပတ်လည်ရှိ အဖွဲ့ဝင် ၂၁ နိုင်ငံက ဒေသတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် စီးပွားရေး လွတ်လပ်မှု ပိုလာစေရေးအတွက် ညှိနှိုင်းဆွေးနွေးကြသည့် ဖော်ရမ် (forum) ဖြစ်သည်။ အေးပက်၏ ရည်မှန်းချက်မှာ ဒေသတွင်း စီးပွားရေး တိုးမြှင့်ရေးဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ %၊ ပြည်တွင်းကုန်ထုတ်တန်ဖိုး (GDP) ၅၄ % ခန့်နှင့် ကုန်သွယ်ရေး ၄၄ % ခန့် ပိုင်ဆိုင်ထားသည်။[]

အချက်တိုများ ဖွဲ့စည်းခြင်း, အမျိုးအစား ...
အေးပက်
The Asia-Pacific Economic Cooperation
Thumb
လက်ရှိအဖွဲ့ဝင် ၂၁ ဦးအား အစိမ်းရောင်ဖြင့်ညွှန်းထားသည်။
ဖွဲ့စည်းခြင်း1989 ခုနှစ်
အမျိုးအစားစီးပွားရေး ဖော်ရမ်
ဌာနချုပ် စင်ကာပူ
အဖွဲ့ဝင်များ
၂၁ ဦး
ဝက်ဘ်ဆိုဒ်http://www.apec.org
ပိတ်ရန်

အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ် အလှည့်ကျ ကျင်းပလေ့ရှိသည်။ သို့သော်လည်း တရုတ်၏ ကန့်ကွက်မှုကြောင့် အဖွဲ့ဝင်ဖြစ်သည့် ချိုင်းနီးစ်ထိုင်ပေ (ထိုင်ဝမ်) မှာမူ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခွင့်မရှိပဲ သမ္မတမှ နှစ်စဉ် အထူးကိုယ်စားလှယ်ကို ခန့်အပ်ကာ တက်ရောက်စေသည်။၂၀၀၁ ခုနှစ် တရုတ်ပြည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် အေပက် ထိပ်သီးဆွေးနွေးပွဲကိုမူ နိုင်ငံရေး အကြောင်းအရင်းကြောင့် ထိုင်ဝမ်ဘက်မှ သမ္မတ၏ အထူးကိုယ်စားလှယ်ကို စေလွှတ်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း ၂၀၀၈ ခုနှစ် ပီရူးနှင့် ၂၀၀၉ ခုနှစ် စင်ကာပူ အေးပက်ကိုမူ ဒုတိယ သမ္မတဟောင်း လျန်ကျန့်မှ သမ္မတ မာရင်းကျိုကိုယ်စား တက်ရောက်ခဲ့သည်။ လျန်ကျန့်မှာလဲ ယင်းအလွတ်တန်း ထိပ်သီးဆွေးနွေးပွဲကို ထိုင်ဝမ်ကိုယ်စား တက်ရောက်ခဲ့သည့် ရာထူးအဆင့်အမြင့်ဆုံး အထူးကိုယ်စားလှယ်ဖြစ်သည်။

အေးပက် အလွတ်တန်း ထိပ်သီးဆွေးနွေးပွဲ၏ ထူးခြားချက်မှာ အဖွဲ့ဝင် နိုင်ငံအကြီးအကဲများက အိမ်ရှင်နိုင်ငံ၏ ရိုးရာဝတ်စုံကို ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း ဖြစ်သည်။

အဖွဲ့ဝင်များ

တောင်ကိုးရီးယားသမ္မတဟောင်းရိုမူးဟွန်းသည်ထိုအချိန်ကဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအေဘီနှင့်အမေရိကန်သမ္မတဟောင်းဂျော့ခ်ျ ဒဗလျူဘုရှ်တို့နှင့်အတူဟနွိုင်းတွင် APEC 2006 ၌ ပြုလုပ်ခဲ့သည်။

လက်ရှိတွင် အေးပက် အဖွဲ့ဝင် ၂၁ ဦးရှိပြီး အဖွဲ့ဝင်များအား အင်္ဂလိပ်ဘာသာဖြင့် (Member economy) ဟု ခေါ်ဝေါ်သည်။

နောက်ထပ် အချက်အလက်များ အဖွဲ့ဝင်, ဝင်ရောက်သည့်နှစ် ...
ပိတ်ရန်

ထိပ်သီးအစည်းအဝေးများ

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှု သည် နှစ်စဉ် ဒေသတွင်း ကုန်သွယ် မှု တိုးတက် မှု များ အပေါ် ဆွေးနွေး ရန် အဖွဲ့ဝင် စီးပွားရေး ခေါင်းဆောင် များ အတူတကွ စုဝေး ကြ မည့် အစည်းအဝေး ထိပ်သီး အစည်းအဝေး တစ် ခု ကျင်းပ လိမ့်မည် ၊ တိုင်းပြည် တည်နေရာ က ကျပန်း ဆုံးဖြတ် ခဲ့ သည် ။

နောက်ထပ် အချက်အလက်များ #, နှစ်နှင့်ရက်စွဲ ...
# နှစ်နှင့်ရက်စွဲ အိမ်ရှင်နိုင်ငံ မြို့တော်နေရာ
1 ရက်နေ့ 6-7 နိုဝင်ဘာ 1989  ဩစတြေးလျ ကင်ဘာရာမြို့
2 ရက်နေ့ 29-31 ဇူလိုင် 1990  စင်ကာပူ စင်ကာပူ
3 ရက်နေ့ 12-14 နိုဝင်ဘာ 1991  တောင်ကိုရီးယား ဆိုးလ်မြို့
4 ရက်နေ့ 10-11 စက်တင်ဘာ 1992  ထိုင်း ဘန်ကောက်မြို့
5 ရက်နေ့ 19-20 နိုဝင်ဘာ 1993  အမေရိကန် ဘလိတ်ကျွန်း
6 ရက်နေ့ 15-16 နိုဝင်ဘာ 1994  အင်ဒိုနီးရှား ဘိုးဂိုး
7 ရက်နေ့ 18-19 နိုဝင်ဘာ 1995  ဂျပန် အိုဆာကာမြို့
8 ရက်နေ့ 24-25 နိုဝင်ဘာ 1996  ဖိလစ်ပိုင် မနီလာမြို့/ဆပ်ဘီ
9 ရက်နေ့ 24-25 နိုဝင်ဘာ 1997  ကနေဒါ ဗန်ကူးဗားမြို့
10 ရက်နေ့ 17-18 နိုဝင်ဘာ 1998  မလေးရှား ကွာလာလမ်ပူမြို့
11 ရက်နေ့ 12-13 စက်တင်ဘာ 1999  နယူးဇီလန် အော့ကလန်မြို့
12 ရက်နေ့ 15-16 နိုဝင်ဘာ 2000  ဘရူနိုင်း ဘန်ဒါဆရီဘဂါဝမ်မြို့
13 ရက်နေ့ 20-21 အောက်တိုဘာ 2001  တရုတ် ရှန်ဟိုင်းမြို့
14 ရက်နေ့ 26-27 အောက်တိုဘာ 2002  မက္ကဆီကို လော့စ်ကာဘော့စ်မြို့
15 ရက်နေ့ 20-21 အောက်တိုဘာ 2003  ထိုင်း ဘန်ကောက်မြို့
16 ရက်နေ့ 20-21 နိုဝင်ဘာ 2004  ချီလီ ဆန်တီယာဂိုမြို့
17 ရက်နေ့ 18-19 နိုဝင်ဘာ 2005  တောင်ကိုရီးယား ဘူဆန်မြို့
18 ရက်နေ့ 18-19 နိုဝင်ဘာ 2006  ဗီယက်နမ် ဟနွိုင်းမြို့
19 ရက်နေ့ 8-9 စက်တင်ဘာ 2007  ဩစတြေးလျ ဆစ်ဒနီမြို့
20 ရက်နေ့ 22-23 နိုဝင်ဘာ 2008  ပီရူး လီမာမြို့
21 ရက်နေ့ 14-15 နိုဝင်ဘာ 2009  စင်ကာပူ စင်ကာပူ
22 ရက်နေ့ 13-14 နိုဝင်ဘာ 2010  ဂျပန် ယိုကိုဟားမားမြို့
23 ရက်နေ့ 12-13 နိုဝင်ဘာ 2011  အမေရိကန် ဟိုနိုလူလူမြို့
24 ရက်နေ့ 9-10 စက်တင်ဘာ 2012  ရုရှား ဗလာဒီဗိုစတော့ခ်မြို့
25 ရက်နေ့ 5-7 အောက်တိုဘာ 2013  အင်ဒိုနီးရှား ဘာလီမြို့
26 ရက်နေ့ 10-11 နိုဝင်ဘာ 2014  တရုတ် ပေကျင်းမြို့
27 ရက်နေ့ 18-19 နိုဝင်ဘာ 2015  ဖိလစ်ပိုင် ပါဆေး
28 ရက်နေ့ 19-20 နိုဝင်ဘာ 2016  ပီရူး လီမာမြို့
29 ရက်နေ့ 10-11 နိုဝင်ဘာ 2017  ဗီယက်နမ် ဒါနန်မြို့
30 ရက်နေ့ 17-18 နိုဝင်ဘာ 2018  ပါပူအာ နယူးဂီနီ ဆိပ်ကမ်း မော်စဘီ
31 ရက်နေ့ 16-17 နိုဝင်ဘာ 2019 (ဖျက်သိမ်းသည်)  ချီလီ ဆန်တီယာဂိုမြို့
31 ရက်နေ့ 20 နိုဝင်ဘာ 2020  မလေးရှား ကွာလာလမ်ပူမြို့ (အွန်လိုင်းတွင် သိမ်းဆည်းထား)
32 ရက်နေ့ 16 ဇူလိုင် နှင့် 12 နိုဝင်ဘာ 2021  နယူးဇီလန် အော့ကလန်မြို့ (အွန်လိုင်းတွင် သိမ်းဆည်းထား)
33 ရက်နေ့ 18-19 နိုဝင်ဘာ 2022  ထိုင်း ဘန်ကောက်မြို့
34 ရက်နေ့ 15-17 နိုဝင်ဘာ 2023  အမေရိကန် ဆန်ဖရန်စစ္စကိုမြို့
35 ရက်နေ့ 10-16 နိုဝင်ဘာ 2024  ပီရူး ကူဇကိုမြို့
ပိတ်ရန်

ကိုးကား

ပြင်ပလင့်ခ်များ

Wikiwand - on

Seamless Wikipedia browsing. On steroids.