မြန်မာနိုင်ငံရှိ ကိုးကွယ်ယုံကြည်မှု
အခြေခံဥပဒေသစ်(အစား) ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ / From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ သည် ကိုးကွယ်မှုပေါင်းစုံရှိသည့် နိုင်ငံတစ်ခု ဖြစ်သည်။ နိုင်ငံတော်ဘာသာအဖြစ် တရားဝင်ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း အစိုးရသည် ထေရဝါဒ ဗုဒ္ဓဘာသာကို ပိုမိုအလေးပေးသည်။[2] ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဗုဒ္ဓဘာသာသည် အဓိက ဘာသာရေးဖြစ်ပြီး လူဦးရေ၏ ၈၈% ကိုးကွယ်ကြသည်။ ဗမာ၊ ရခိုင်၊ ရှမ်း၊ မွန်၊ ကရင်နှင့် တရုတ်လူမျိုးများသည် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။ ဗမာလူမျိုးများသည် ဗုဒ္ဓဘာသာအောက်တွင် ရိုးရာယုံကြည်မှုကိုလည်း ကိုးကွယ်ကြသည်။ အခြေခံဥပဒေသစ်တွင် လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပြဋ္ဌာန်းထားသော်လည်း ယင်းလွတ်လပ်ခွင့်ကို ချုပ်ထိန်းနိုင်စေရန် ခြွင်းချက်များ ရှိနေသည်။[2] လူနည်းစု မျိုးနွယ်စုများသည် ခရစ်ယာန်ဘာသာ (၆.၂%၊ အထူးသဖြင့် ချင်းလူမျိုးချင်း၊ ကချင်လူမျိုးကချင်၊နှင့် ကရင်လူမျိုးကရင်)၊ အစ္စလာမ်ဘာသာ (၄.၃%၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ကမန် ၊ ရိုဟင်ဂျာ ၊ဘင်္ဂလီ ၊ အိန္ဒိယနွယ်ဖွားများနှင့် လူနည်းစု)၊ နှင့် ဟိန္ဒူဘာသာ (၀.၅%၊ အထူးသဖြင့် မြန်မာအိန္ဒိယနွယ်ဖွားများ) တို့ကို ကိုးကွယ်ကြသည်။[1]
နတ်ကိုးကွယ်မှုသည် မြန်မာနိုင်ငံတွင် တွေ့နေကျ ဖြစ်သည်။ နတ်များကို နိုင်ငံတစ်ဝန်းတွင် သီးသန့် သို့မဟုတ် ဗုဒ္ဓဘာသာကျောင်းကန်များနှင့် တွဲလျက် တွေ့ရသည်။ နတ်ကိုးကွယ်မှုသည် မြန်မာဗုဒ္ဓဘာသာများအကြား ဆက်နွယ်နေပြီး အသိအမှတ်ပြုထားသော နတ် ၃၇ ပါး ရှိသည်။