မြန်မာနိုင်ငံ ဆန္ဒပြမှုများ (၂၀၂၁-လက်ရှိ)
နွေဦးတော်လှန်ရေးဟုခေါ်သည့် စစ်အစိုးရအား ပြည်သူများမှ အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြခြင် / From Wikipedia, the free encyclopedia
၂၀၂၁ မြန်မာနိုင်ငံဆန္ဒပြမှုများ သို့မဟုတ် နွေဦးတော်လှန်ရေး[10][11]သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် ဖြစ်ပေါ်လာသော ဆန္ဒပြမှုများဖြစ်သည်။[12]ဆန္ဒပြမှုများသည် အကြမ်းမဖက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ [13]အင်တာနက်မှတစ်ဆင့် ဖေ့စ်ဘွတ်ခ်၊ တွစ်တာ စသောလူမှုကွန်ယက်များတွင် ဆန္ဒထုတ်ဖော်ခြင်း၊ နေ့စဉ် သံပုံးတီးခြင်း၊ ဖဲကြိုးနီလှုပ်ရှားမှု၊ အာဏာဖီဆန်ခြင်းလှုပ်ရှားမှု၊စစ်အစိုးရယန္တရားအားယိုယွင်းပျက်စီးစေခြင်း(CDM)၊ လက်သုံးချောင်းထောင်၍ စီတန်းလှည့်လည်မှု စသည်တို့ ပါဝင်သည်။ ဆန္ဒပြသူများသည် အထိန်းသိမ်းခံရသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အရောင်ဖြစ်သော အနီရောင်ကို အဓိကထား၍ အသုံးပြုကြသည်။[14] ရှစ်လေးလုံးအရေးအခင်းကာလတွင် ထင်ရှားခဲ့သော "ကမ္ဘာမကြေဘူး"သီချင်းသည် ဆန္ဒပြသီချင်းအဖြစ် ပြန်လည်သက်ဝင်လာခဲ့သည်။[15][16][17] ဆန္ဒပြသင်္ကေတအဖြစ် လက်သုံးချောင်းထောင်ခြင်းကိုလည်း အသုံးပြုခဲ့ကြသည်။[18]
၂၀၂၁ မြန်မာနိုင်ငံ ဆန္ဒပြမှုများ (မြန်မာ့နွေဦးတော်လှန်ရေး) | |||
---|---|---|---|
အပေါ်မှ နာရီလက်တံအတိုင်း:
| |||
နေ့ရက် | ၂ ဖေဖော်ဝါရီ ၂၀၂၁ – ယနေ့ | ||
နေရာ | မြန်မာနိုင်ငံတစ်ဝန်း | ||
အကြောင်းရင်းခံ | အာဏာသိမ်းပိုက်ခံရမှု | ||
ရည်မှန်းချက်များ |
| ||
နည်းလမ်းများ |
| ||
အခြေအနေ |
| ||
Parties to the civil conflict | |||
| |||
ဦးဆောင်သူများ | |||
ထိခိုက်သူများ | |||
သေဆုံးသူ(များ) | ၄,၀၅၆ (AAPP အရ)[5] ရဲတပ်ဖွဲ့ဝင် ၈၉ ဦးနှင့် စစ်သား ၁၆ ဦး ၂၀၂၁ မေ ၂၃ (SAC အရ)[မှတ်စု 1][8][9] | ||
ထိန်းသိမ်းခံရသူ | ၁၉,၄၄၇ (AAPP အရ)[5] |
ကြီးထွားလာနေသော ဆန္ဒပြမှုများကို တုံ့ပြန်ရန်အတွက် အာဏာသိမ်းခေါင်းဆောင်များသည် တန်ပြန်အစီအမံများစွာကို ဆောင်ရွက်ခဲ့ကြသည်။ အင်တာနက်နှင့် လူမှုကွန်ယက်များ ပိတ်ပင်ခြင်း၊ သတင်းအမှောင်ချခြင်း၊ ဆန္ဒပြသူများအား ပုဒ်မများတပ်ကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ နိုင်ငံတော်ပိုင်သတင်းဌာနများမှ ၎င်းတို့ဘက်ယိုင်းသောသတင်းများ ထုတ်လွှင့်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရွေးကောက်ခံထားရချင်းမရှိသောပါတီများအားထည့်သွင်းချင်းနှင့် ဆန္ဒပြသူများအား အင်အားသုံးနှိမ်နင်းခြင်းများ ပါဝင်သည်။
ဆန္ဒပြပြည်သူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ (နစက)၏ ဖြိုခွင်းမှုများအပေါ် တုံ့ပြန်သည့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ လက်နက်ကိုင် ပုန်ကန်မှုသည် မြန်မာနိုင်ငံတစ်ဝန်းတွင် ပေါ်ပေါက်လာခဲ့သည်။[19]