ပေါက်တောမြို့
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မြို့ / From Wikipedia, the free encyclopedia
ပေါက်တောမြို့သည် စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ စစ်တွေမြို့၏ အရှေ့မြောက်ဘက် ၁၅မိုင်ခန့် အကွာတွင် ရှိသော ကုလားတန်မြစ် ၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ မြို့နယ်သည် စတုရန်း ၄၉၆ မိုင် ကျယ်ဝန်းသည်။မြို့၏ အကျယ်အဝန်းမှာ ၀.၁၄ မိုင်ခန့် ကျယ်ဝန်းသည်။ စစ်တွေမှ မင်းပြားမြို့သို့ သွားသော ရေလမ်း ကုန်းလမ်း နှစ်ခုလုံးပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မြို့နယ်တစ်ဝန်းတွင် ဆန်စပါး စိုက်ပျိုးသည်။ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၉၅၆ ယောက်ခန့် ရှိသည်။ [2]
ပေါက်တောမြို့ | |
---|---|
ပေါက်တော တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 20.180984°N 93.068169°E / 20.180984; 93.068169 | |
နိုင်ငံ | ![]() |
ပြည်နယ် | ရခိုင် |
ခရိုင် | စစ်တွေ |
မြို့နယ် | ပေါက်တောမြို့နယ်[1] |
ရက္ခိုင့်တပ်တော်နှင့် တပ်မတော်တို့အကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ပြီးနောက် မြန်မာ့ပြည်တွင်းစစ်ကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ပေါက်တောမြို့အား ရက္ခိုင့်တပ်တော်က ထိန်းချုပ်ထားခဲ့သည်။[3] တပ်မတော်က ရေကြောင်း၊ လေကြောင်းတို့မှ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး မြို့အား နောက်တစ်ရက်တွင် ပြန်လည်ရယူခဲ့သည်။[4] သို့သော်လည်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ရက္ခိုင့်တပ်တော်က ပေါက်တောမြို့အား ပြန်လည်သိမ်းပိုက်ခဲ့သည်။[5]