စစ်အာဏာရှင်စနစ်
စစ်တပ်မှအုပ်ချုပ်သောအာဏာရှင်စနစ် / From Wikipedia, the free encyclopedia
စစ်အာဏာရှင်စနစ် ဆိုသည်မှာ တိုင်းပြည်၏နိုင်ငံရေးဆိုင်ရာများကို စစ်တပ်မှ အာဏာဖြင့်ကိုယ်တိုင်ချုပ်ကိုင်သော စစ်အစိုးရနှင့် အာဏာရှင်စနစ်တစ်မျိုးဖြစ်သည်။ ထိုစနစ်၏အာဏာရှင်မှာ ရာထူးကြီးသောဗိုလ်ချုပ်တစ်ဦးဖြစ်သည်။ ထိုစနစ်၏ဆန့်ကျင်ဖက်မှာ ပြည်သူများက စစ်ရေးရာကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။
တစ်ခါတစ်ရံတွင် စစ်အာဏာရှင်စနစ်ကို ခါကီစတိုကရေစီ (khakistocracy) ဟုခေါ်ဆိုကြသည်။[1][2][3] ထိုစကားလုံးသည် ကာကီစတိုကရေစီ (kakistocracy) ခေါ် အရည်အချင်းမပြည့်သူများက အုပ်ချုပ်ခြင်းနှင့် ကာကီ (ခါကီ) (khaki) ခေါ် စစ်သားများဝတ်ဆင်သောအရောင် ဟူသောစကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။