မြေဝက်
အာဖရိကမျိုးရင်း အရွယ်အလတ်စား မြေတွင်းနေထိုင့်သည့် ည၌ကျတ်စားသော နို့တိုက်သတ္တဝါ / From Wikipedia, the free encyclopedia
မြေဝက်၏ အင်္ဂလိပ်အမည်ဖြစ်သော “Aardvark” (/ˈɑːrdvɑːrk/ အာ့ဒ်-ဗက်; Orycteropus afer) ဟူသော ဝေါဟာရသည် အာဖရိက အေဖာ တို့၏ ဝေါဟာရ ဖြစ်လေသည်။ မြေဝက်သည် အာဖရိကတိုက်တွင် တွေ့ရှိရသည်။ မြေဝက်များသည် အရွယ်အစား အလယ်အလတ်ရှိပြီး တွင်းတူးတတ်သော ညတွင် ကျက်စားတတ်သည့် နို့တိုက်သတ္တဝါများ ဖြစ်လေသည်။ ၎င်းတို့သည် တူဘူလီဒန်တေတာ မျိုးရင်းတွင် ပါဝင်သည့် တစ်မျိုးတည်းသော မျိုးစိတ် ဖြစ်လေသည်။ သို့သော်လည်း ယင်းမျိုးရင်းတွင် သမိုင်းမတင်မီခေတ်ကမူ အခြားသောမျိုးစိတ်များလည်း ရှိခဲ့ဖူးသည်ဟု ဆိုသည်။
မြေဝက် (အင်္ဂလိပ်: Aardvark) Temporal range: Early Pliocene ကာလ – လက်ရှိခေတ် | |
---|---|
At Royal Burgers' Zoo, Arnhem, Netherlands | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Tubulidentata |
မျိုးရင်း: | Orycteropodidae |
မျိုးစု: | Orycteropus |
မျိုးစိတ်: | O. afer |
ဒွိနာမ | |
Orycteropus afer (Pallas, 1766) | |
မျိုးစိတ်ခွဲ | |
မြေဝက်များ နေထိုင်ကျက်စားရာဒေသများ |
မြေဝက်ကို ရံဖန်ရံခါ ပုရွက်စားဝက်ဝံ၊ ပုရွက်စားကောင် စသည်ဖြင့် ခေါ်ဝေါ်ကြသေးသည်။ ယင်းအပြင် မျှော်လင့်ခြင်းအငူ ခေါ် ဂွတ်ဟုပ်အငူကို အစွဲပြု၍လည်း ကိပ် ပုရွက်စားကောင် ဟုလည်း ခေါ်ဝေါ်ကြသေးသည်။ မြေဝက်များကို မြေဝက် ဟုလည်း ခေါ်ကြသေးသည်။
မြေဝက်၏အမည်ဖြစ်သော အတ်ဗတ်ဟူသောအမည်သည် များစွာသော စွယ်စုံကျမ်းများနှင့် အတိုကောက်အဘိဓာန်များတွင် ပထမဦးဆုံးအဖြစ် ဖော်ပြခြင်းခံရလေ သည်။ ယင်းအမည်သည် အာဖရီးကန်း၊ ဒတ်ချ်လူမျိုး၏စကားဖြစ်ပြီး မြေဝက်ဟုပင် အဓိပ္ပာယ်ရလေသည်။ ဥရောပတိုက်မှ အစောဆုံး အခြေချနေထိုင်သူများက ဤသတ္တဝါသည် အိမ်ဝက်နှင့် တူသည်ဟု အထင်ရောက်ကာ ဤအမည်ကို ပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်လည်း မြေဝက်သည် အိမ်ဝက်နှင့် မျိုးနီးစပ်ခြင်း မရှိပေ။ ၎င်းသည် တူဘူလီဒန်တေတာမျိုးရင်းတွင် ပါဝင်သည့် တစ်ဦးတည်း သောမျိုးစိတ်ပင် ဖြစ်သည်။ မြေဝက်သည် အချို့သောအကျင့်စရိုက်များနှင့် အပေါ်ယံသွင်ပြင်တို့တွင် တူညီလင့်ကစား တောင်အမေရိကတိုက်မှ ပုရွက်စားကောင်များနှင့် မျိုးနီးစပ်ခြင်း မရှိပေ။ မြေဝက်များနှင့် မျိုးအနီးစပ်ဆုံးသောသက်ရှိသတ္တဝါများမှာ ဆင်စွေ့များ ဖြစ်လေသည်။ ယင်းတို့အပြင် ရေသူမများ၊ ဟိုင်းရတ်ကောင်များ၊ တင်းရတ်များ နှင့် ဆင်များသည်လည်း မြေဝက်များနှင့် မျိုးနီးစပ်လေသည်။