ရှေးဟောင်းပုံပြင်များတွင်လည်းကောင်း၊ လူကြီးသူမများ အဆင့် ဆင့် ပြောကြားချက်အရလည်းကောင်း ရေသူမများ ရှိသည်ဟူသော စကားကို ယခုခေတ်တိုင်အောင်ပင် စွဲလမ်းယုံကြည်သူများ ရှိနေသေးသည်။ ထိုယုံကြည်ချက် အရဆိုသော် ရေသူမများ၏ ဦးခေါင်းနှင့်ခန္ဓာကိုယ်မှာ လှပသောလူမိန်းမသဏ္ဌာန်ဖြစ်၍ အကြေး ထူသည့် ငါးမြီးကြီးကဲ့သို့သော အမြီးပိုင်း ပါရှိသည်။ သူတို့ သည် ပင်လယ်ထဲတွင် ကျက်စား၍ ရေပေါ်သို့ ရုတ်တရက် ပေါ် လာတတ်သည်ဟူ၍လည်းကောင်း၊ ရေစပ်ကျောက်ဆောင်ပေါ်တွင် ထိုင်လျက်နေတတ်သည်ဟူ၍လည်းကောင်း ပြောဆိုကြ၏။ တစ်ခါ တစ်ရံတွင် လှိုင်းများအပေါ်တွင် ပေါ်ကာ၊ လက်တစ်ဘက်တွင် မှန်ကိုကိုက်လျက်၊ အခြားလက်တစ်ဘက်ဖြင့် ရွှေဘီး၊ သို့ မဟုတ် ပုလဲဘီးဖြင့် ရှည်လျားသောသူတို့၏ ဆံပင်အား ဖြီးနေသည်ကို တွေ့ရသည်ဟု ဆိုကြလေသည်။ သူတို့သည် သူတို့၏ လှပသောရုပ်ရည်များဖြင့်၎င်း၊ ချိုအေးသော တေးဆိုသံများဖြင့်၎င်း လူယောက်ျားများကို သွေးဆောင်တတ်ကြသည်ဟု ဆိုသည်။ မှော်ကက်ဦးထုပ် တစ်လုံးကို သူတို့၏အနီးတွင် ထားတတ်ကြပြီးလျှင် ထို ကက်ဦးထုပ်ကို သူတို့နှစ်သက်သောသူအား ဆောင်းပေး လိုက်ခြင်းဖြင့် ထိုသူသည် ရေအောက်တွင် အတူနေထိုင်နိုင် သည်ဟု အဆိုရှိလေသည်။ ရေသူမများသာမက ရေသူအဖို များလည်း ရှိပြီးလျှင် လူမိန်းမများကို ဖမ်းဆီးကာ ပေါင်းဖက် နေထိုင်ကြသည်ဟု အဆိုရှိသည်။ ပုံပြင်တစ်ခုသည် ဥရောပ တိုက် ရိုင်းမြစ်ကမ်းခြေရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် တေး သီချင်းများ သီဆိုကာ သင်္ဘောသားများအား ဖြားယောင်းတတ် သည့် ရေသူမတစ်မျိုး ရှိကြောင်းကို ဖော်ပြထားလေသည်။ အချို့ပုံပြင်များတွင်ကား ရေသူမများသည် ပင်လယ်သမုဒ္ဒရာ ကို စွန့်ခွာကာ လူဖြစ်၍လာသည်ဟု ဆိုလေသည်။ ရေသူမများ ရေသူအဖိုများနှင့် စပ်လျဉ်း၍ အနုပညာနှင့် လင်္ကာများတွင် မကြာမကြာ တွေ့ရပေသည်။ အမှန်မှာ ဖျံကဲ့သို့ သော ရေသတ္တဝါအချို့ကို ခပ်ဝေးဝေးမှ ကြည့်လျှင် လူနှင့် အနည်းငယ်တူတတ်သဖြင့် ထိုသတ္တဝါမျိုးကို ဖွဲ့နွဲ့ကာ ပြောဆို ရေးသားထားခဲ့ကြခြင်း ဖြစ်တန်ရာသည်။[1]

အချက်တိုများ အုပ်စု, အုပ်စုခွဲ ...
Mermaid
Thumb
John William Waterhouse, A Mermaid (1900).
အုပ်စုMythological
အုပ်စုခွဲWater spirit
နိုင်ငံWorldwide
ပိတ်ရန်

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.