မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ)
From Wikipedia, the free encyclopedia
မြန်မာ့ပြည်တွင်းစစ် သို့မဟုတ် ပြည်သူ့ခုခံတော်လှန်စစ်[29] ဟု ပိုပြီး လူသိများသည့် မြန်မာ့နွေဦးတော်လှန်ရေး သည် မြန်မာနိုင်ငံ တစ်ဝှမ်းတွင် အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက) က လိုက်လျောခြင်းမရှိပဲ လုံခြုံရေးအင်အားအလွန်အကျွံသုံးကာ အဓိကရုဏ်း ဖြိုခွင်းရေးလက်နက်များသာမက စစ်မြေပြင်လက်နက်များကို အသုံးပြုကာ နှိမ်နင်း ဖြိုခွင်းမှုအား တုံ့ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံ အနှံ့ ဖြစ်ပွားလျက်ရှိသော အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏ လက်နက်ကိုင် တိုက်ခိုက်မှုများ ဖြစ်သည်။[30] [31] ဤပဋိပက္ခကို ထကြွခြင်းထက် ပြည်တွင်းစစ်ဟု ကုလလူ့အခွင့်အရေး အကြီးအကဲက သတ်မှတ်ခဲ့သည်။ [32] ACLED ၏ ၂၀၂၂ ခုနှစ် မတ်လတွင် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး လူပေါင်း ၁၁,၀၀၀ ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။[33][34]
မြန်မာ့ပြည်တွင်းစစ် | |||||||||
---|---|---|---|---|---|---|---|---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများ၏ တစ်စိတ်တစ်ပိုင်း | |||||||||
၂၀၂၄ ဧပြီ ၃၀ ရက်နေ့အထိ စစ်ရေးအခြေအနေများ ကရင်နီ ခုခံတော်လှန်ရေးအဖွဲ့များ
ပိုမိုတိကျသော အသေးစိတ်မြေပုံအတွက် ဤနေရာ တွင်ကြည့်ပါ။ ထိတွေ့တိုက်ပွဲများစာရင်းအတွက် ဤနေရာ တွင်ကြည့်ပါ။ | |||||||||
| |||||||||
စစ်ရင်ဆိုင်သည့် နိုင်ငံများ | |||||||||
မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ
|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပအိုဝ်းအမျိုးသားတပ်မတော် | ||||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||||
|
| ||||||||
စစ်အင်အား | |||||||||
၁၀၀,၀၀၀ (PDF, ဖေဖော်ဝါရီ ၂၀၂၄ ခန့်မှန်း)[19] နှင့် ၁၃၅,၀၀၀ (ပကဖ နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ) | |||||||||
အသေအပျောက် | |||||||||
|
အာဏာသိမ်းပြီး လများအကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရက စစ်ကောင်စီအား တိုက်ခိုက်မှုများ စတင်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် အတိုက်အခံများက နယ်မြေဒေသအချို့ကို စိုးမိုးနိုင်ခဲ့သည်။[35][36][37][38][39][40] ကျေးရွာများနှင့် မြို့ငယ်များတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် လူပေါင်းများစွာ ထွက်ပြေးနေခဲ့ရသည်။ ၂၀၂၃ ဖေဖော်ဝါရီလတွင် မြို့နယ်များ၏ သုံးပုံတစ်ပုံထက်ပို၍ လက်လွှတ်နေရပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ဝန်ခံခဲ့သည်။[2][3][4]
၂၀၂၂ ခုနှစ် စက်တင်ဘာလအရ လူပေါင်း ၁.၃ သန်းသည် စစ်ဘေးရှောင်နေရပြီး ကလေးသူငယ် ၁၃,၀၀၀ ကျော် သေဆုံးခဲ့သည်။ ၂၀၂၃ မတ်လအထိ မြန်မာနိုင်ငံရှိ လူပေါင်း ၁၇.၆ သန်းသည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိကာ ၁.၆ သန်းမှာ စစ်ဘေးရှောင်လျက်ရှိပြီး အရပ်သားနေအိမ် ၅၅,၀၀၀ ဖျက်ဆီးခံထားရကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားသည်။ လူပေါင်း ၄၀,၀၀၀ ကျော်သည် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးခိုလှုံလျက်ရှိသည်ဟု UNOCHA က ဆိုသည်။[41]
၂၀၂၃ တွင် နိုင်ငံ၏ ၄၀ ရာခိုင်နှုန်းကိုသာ တပ်မတော်က ထိန်းထားနိုင်ကြောင်း မီဒီယာများက ဖော်ပြကြသည်။[42][43] ၂၀၂၃ အောက်တိုဘာလတွင် တပ်မတော်အနေဖြင့် အင်အားနည်းပါးမှုပြဿနာများ၊ တပ်ပြေးများနှင့် စိတ်ဓာတ်ကျဆင်းမှုပြဿနာများနှင့် ရင်ဆိုင်နေရသည်။[44] ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပီဒီအက်ဖ်များ၏ အဓိကထိုးစစ်ဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးသည် နိုဝင်ဘာလကုန်အထိ စစ်ကောင်စီ အခြေစိုက်စခန်း ၂၂၀ ကျော်၊ နှင့် မြို့အများအပြားကို သိမ်းပိုက်ရရှိထားသည်။
၂၀၂၃ အောက်တိုဘာနှင့် နိုဝင်ဘာလတွင် လွိုင်ကော်မြို့ကို ထိုးစစ်ဆင်သော ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ရခိုင်နှင့် ချင်းပြည်နယ်များတွင်လည်း ထိုးစစ်များ ပြင်းထန်လာခဲ့သည်။[45][46][47] ၁၀၂၇ စစ်ဆင်ရေးတွင် MNDAA အဖွဲ့သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ မြို့တော် လောက်ကိုင်မြို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ အစောပိုင်းတွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့သည်။[5][6] ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်ရပ်သည့် ၁၀၂၇ စစ်ဆင်ရေးသည် ရက္ခိုင့်တပ်တော်၏ မြောက်ဦးမြို့နှင့် အခြားနေရာများအား ထိုးစစ်ဆက်လက် ဆင်နွဲခဲ့သည်။[48] ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်မှ ဗိုလ်ချုပ် ၆ ဦးအပါအဝင် တပ်သားထောင်နှင့်ချီ၍ လက်နက်ချမှုများ ရှိခဲ့သည်။[49] စစ်ကောင်စီက ပြည်သူလူထုအပေါ် မီးရှို့ခြင်း၊ ခေါင်းဖြတ်သတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ခဲ့ရာ လူဦးရေ သုံးသန်းနီးပါး စစ်ဘေးရှောင်ဖြစ်ခဲ့ရသည်။[50]
၂၀၂၄ ခုနှစ် မတ်လနှောင်းပိုင်းတွင် မြန်မာနို်င်ငံအရှေ့တောင်ပိုင်းရှိ ဒီးမော့ဆိုနှင့် ဖာပွန်မြို့များကို တော်လှန်ရေးအဖွဲ့များက သိမ်းပိုက်ခဲ့သည်။[51][52]