ချင်းဒေသကာကွယ်ရေးတပ်မတော် (အတိုကောက်: CDF) သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာအာဏာသိမ်းမှု အား တုံ့ပြန်သည့်အနေဖြင့် ချင်းပြည်နယ် အား စစ်အာဏာရှင် လက်မှ ကာကွယ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ CDF က ၎င်းတို့သည် စစ်တပ်အား အကြောင်းမဲ့တိုက်ခိုက်ခြင်း မပြုကြောင်းနှင့် အကျဉ်းသားများကို လွှတ်ပေးရန်နှင့် အရပ်သားများကို အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန်ကဲ့သို့သော သတိပေးချက်များကို အမြဲတစေထုတ်ပြန်ထားကြောင်း ဆိုသည်။ အကယ်၍ စစ်တပ်က မတုံ့ပြန်ပါက ပြောက်ကျား သို့မဟုတ် အခြားလုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်မည် ဖြစ်ဟု ဆိုသည်။ တော်လှန်ရေး အောင်မြင်ပါက လက်နက်များ ပြန်အပ်က အဖွဲ့အစည်းအား ဖျက်သိမ်းမည်ဖြစ်ကြောင်း CDF က ကတိပေးထားသည်။[1]

အချက်တိုများ ချင်းဒေသကာကွယ်ရေးတပ်မတော် Chinland Defense Force, တည်ထောင်ခြင်း ...
ချင်းဒေသကာကွယ်ရေးတပ်မတော်
Chinland Defense Force
တည်ထောင်ခြင်း ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၀၄)
စတင်လှုပ်ရှားခြင်း ဧပြီ ၂၀၂၁ (၂၀၂၁-၀၄-၀၄) – လက်ရှိ
နိုင်ငံမြန်မာနိုင်ငံ
သစ္စာခံ မြန်မာ
အုပ်စု(များ)
  • CDF ကန်ပက်လက်
  • CDF မင်းတပ်
  • CDF ဟားခါး
  • CDF မတူပီ
  • CDF မရာ
  • CDF ပလက်ဝ
  • CDF ထန်တလန်
  • CDF ဇိုထန်
  • CDF လောက်တူ
Ideologyဖက်ဒရယ်ပြည်ထောင်စုစနစ်ဒီမိုကရေစီ၊ လူနည်းစု အခွင့်အရေး
မဟာမိတ်
ပြိုင်ဘက်များ မြန်မာ (SAC)
စစ်ပွဲနှင့် တိုက်ပွဲများမြန်မာ့ပြည်တွင်းပဋိပက္ခများ
ပိတ်ရန်

သမိုင်းကြောင်း

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ပုန်ကန်မှုများ အများအပြား ဖြစ်ပွားခဲ့သည်။ အာဏာသိမ်းဆန့်ကျင်သူများသည် ညဘက်တွင် အိုးများနှင့် ဒယ်အိုးများကို တီးခြင်းအပါအဝင် အခြားအွန်လိုင်းနှင့် အော့ဖ်လိုင်း သပိတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။[2] စစ်ကောင်စီသည် ဆန္ဒပြပွဲများကို ချေမှုန်းရန်အတွက် နိုင်ငံသားများကို ဖမ်းဆီးခြင်း၊ မိသားစုများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းစသော အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့သည်။[3] နိုင်ငံအဝှမ်းရှိ ပြည်သူများသည် မိမိတို့နယ်မြေလုံခြုံရေးအတွက် မိမိတို့ကိုယ်ကို ကာကွယ်စောင့်ရှောက်ခဲ့သည်။ ချင်းပြည်နယ်တွင် လှုပ်ရှားဆောင်ရွက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း နှစ်ခုရှိပြီး ချင်းအမျိုးသားတပ်ဦးချင်းအမျိုးသား တပ်မတော် နှင့် ဇိုမီးတော်လှန်ရေး တပ်မတော် တို့ ဖြစ်သည်။ သို့သော်လည်း အဆိုပါအဖွဲ့များသည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ထိရောက်စွာ အကာအကွယ်မပေးနိုင်သဖြင့် ချင်းဒေသကာကွယ်ရေးတပ်မတော်ကို ၂၀၂၁ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။[1]

ပန်းတိုင်

ချင်းဒေသကာကွယ်ရေးတပ်မတော်၏ ရည်မှန်းချက်များမှာ အရပ်သားများအား စစ်ကောင်စီလက်မှ ကာကွယ်ရန်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းရေး၊ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန်တို့ ဖြစ်သည်။[1]

လက်နက်များ

ချင်းဒေသကာကွယ်ရေးတပ်မတော်သည် M-16၊ AK (Kalashnikov) နှင့် တူမီးကဲ့သို့သော အပေါ့စားလက်နက်များကို ဝယ်ယူပြီး အဖွဲ့ထဲဝင်ရန် စိတ်ပါဝင်စားသူတိုင်းကို လေ့ကျင့်သင်ကြားပေးသည်။ နိုင်ငံတကာမှ လက်နက်တင်သွင်းသူများသည် M-16 နှင့် AK-47 ရိုင်ဖယ်များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းလာကြသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.