ပိန္နဲပင်
From Wikipedia, the free encyclopedia
ပိန္နဲ (Artocarpus heterophyllus) (jack tree)(အင်္ဂလိပ်: Jackfruit,တရုတ်: 波罗蜜)[7] သည် သစ်သီးပင် မျိုးစိတ်တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံတောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံ၊ မလေးရှားနိုင်ငံ၏ မိုးသစ်တောများနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဇာတိမျိုးစိတ်များဖြစ်သည်။[8][9][10] ပိန္နဲပင်သည် အပူပိုင်းဒေသမြေနိမ့်ပိုင်းများတွင် ကောင်းမွန်စွာဖြစ်ထွန်းသည်။ ယင်းအပင်သည် အလေးချိန် ၅၅ kg (၁၂၀ ပေါင်) ရှိပြီး အလျား ၉၀ cm (၃၅ လက်မ) ရှိကာ အချင်း ၅၀ cm (၂၀ လက်မ) ရှိသည်။[11] သစ်သီးများအားလုံးထဲတွင် အကြီးဆုံးဟုဆိုနိုင်သည်။ အရွယ်ရောက်ပြီးသော ပိန္နဲပင်သည် တစ်နှစ်လျှင် အသီး ၂၀၀ ခန့် သီးပြီး သက်တမ်းပိုရင့်သောအပင်သည် တစ်နှစ်လျှင် အသီး ၅၀၀ ကျော်ခန့် သီးသည်။[8] ပိန္နဲသီးကို တောင်အာရှ၊ အရှေ့တောင်အာရှဒေသများတွင် အချိုပွဲအဖြစ် စားသုံးကြသည်။[12] အမြဲ ဆင်တူယိုးမှား ဖြစ်လေ့ရှိသည့် အသီး၊ အပင်မှာ စုံပတတ်ပင် ဝါ စုံပတတ်သီး ဖြစ်သည်။
ပိန္နဲပင် | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Rosales |
မျိုးရင်း: | Moraceae |
မျိုးဇာတ်: | Artocarpeae |
မျိုးစု: | Artocarpus |
မျိုးစိတ်: | A. heterophyllus |
ဒွိနာမ | |
Artocarpus heterophyllus | |
Synonyms[3][4][5][6] | |