နေ
From Wikipedia, the free encyclopedia
နေ (အင်္ဂလိပ်: Sun) သည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်းအတွင်းတွင် ရှိသော ကြယ် ဖြစ်သည်။ နေအဖွဲ့အစည်းအတွင်းရှိ ဂြိုဟ်များသည် နေကို ဂြိုဟ်ပတ်လမ်းကြောင်းများအတိုင်း လှည့်ပတ်၍ သွားနေကြသည်။ ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။
နေအား အဝေးကြည့်မှန်ပြောင်းမှ မြင်ရပုံ | |
လေ့လာရေး အချက်အလက် | |
---|---|
ကမ္ဘာမြေမှ အကွာအဝေး | 1 au ≈ 7011149600000000000♠1.496×108 km 8 min 19 s at light speed |
အမြင်တောက်ပမှု (V) | −26.74[1] |
ပကတိ အရွယ်အစား | 4.83[1] |
ရောင်စဉ် ခွဲခြားမှု | G2V[2] |
သတ္တုကြွယ်ဝမှု | Z = 0.0122[3] |
ထောင့်ဖြတ်အရွယ်အစား | 31.6–32.7 minutes of arc[4] |
နာမဝိသေသန | Solar |
ပတ်လမ်း ဂုဏ်သတ္တိ | |
နဂါးငွေ့တန်းဗဟိုမှ အကွာအဝေး | ≈ 7020270000000000000♠2.7×1017 km 7004272000000000000♠27,200 အလင်းနှစ် |
ဂယ်လက်တစ် ကာလ | (2.25–2.50)×10၈ yr |
အလျင် | ≈ 7005220000000000000♠220 km/s (orbit around the center of the Milky Way) ≈ 7004200000000000000♠20 km/s (relative to average velocity of other stars in stellar neighborhood) ≈ 7005370000000000000♠370 km/s[5] (relative to the cosmic microwave background) |
ရုပ်ပိုင်း ဂုဏ်သတ္တိများ | |
အီကွေတာ အချင်းဝက် | 695,700 km[6] 109 × Earth[7] |
အီကွေတာ လုံးဝန်းမှု | 7009437900000000000♠4.379×106 km[7] 109 × Earth[7] |
ပြားချပ်မှု | 6994900000000000000♠9×10−6 |
မျက်နှာပြင် ဧရိယာ | 7018609000000000000♠6.09×1012 km2[7] 7004120000000000000♠12,000 × Earth[7] |
ထုထည် | 7027141000000000000♠1.41×1018 km3[7] 7006130000000000000♠1,300,000 × Earth |
ပမာဏ | 7030198855000000000♠(1.98855±0.00025)×1030 kg[1] 7005333000000000000♠333,000 × Earth[1] |
ပျမ်းမျှ သိပ်သည်းမှု | 7003140800000000000♠1.408 g/cm3[1][7][8] 6999255000000000000♠0.255 × Earth[1][7] |
ဗဟို သိပ်သည်းမှု | 7005162200000000000♠162.2 g/cm3[1] 7001124000000000000♠12.4 × Earth |
အီကွေတာ မျက်နှာပြင်ဆွဲအား | 7002274000000000000♠274.0 m/s2[1] 7001279400000000000♠27.94 g 7004275422900000000♠27,542.29 cgs ၂၈ × ကမ္ဘာ[7] |
အင်နားရှား ဖက်တာ | 6998700000000000000♠0.070[1] (ခန့်မှန်း) |
မျက်နှာပြင်မှ လွတ်မြောက်အလျင် | 7005617700000000000♠617.7 km/s[7] 55 × Earth[7] |
အပူချိန် | Center (modeled): 7007157000000000000♠1.57×107 K[1] ဖိုတိုစဖီးယား (effective): 7003577200000000000♠5,772 K[1] Corona: ≈ 7006500000000000000♠5×106 K |
တောက်ပမှု (Lsol) | 7026382800000000000♠3.828×1026 W[1] ≈ 7028375000000000000♠3.75×1028 lm ≈ 7001980000000000000♠98 lm/W efficacy |
ပျမ်းမျှ စူးတောက်မှု (Isol) | 7007200900000000000♠2.009×107 W·m−2·sr−1 |
သက်တမ်း | ≈ ၄.၆ ဘီလီယံနှစ်[9][10] |
လှည့်ပတ် ဂုဏ်သတ္တိများ | |
ဝင်ရိုးပေါ်၌ တိမ်းစောင်းမှု | 7.25°[1] (ဘဲဥပုံ ပတ်လမ်းသို့) 67.23° (galactic plane သို့) |
မြောက်ဝင်ရိုးစွန်း၏ ညာဘက် တိမ်းစောင်းမှု[11] | 286.13° 19 h 4 min 30 s |
မြောက်ဝင်ရိုးစွန်း၏ နိမ့်ဆင်းမှု | +63.87° 63° 52' North |
အီကွေတာ၌ နေ၏လှည့်ပတ်ကာလ | 25.05 d[1] |
(at 16° latitude) | 25.38 d[1] 25 d 9 h 7 min 12 s[11] |
(at poles) | 34.4 d[1] |
လှည့်ပတ် အလျင် (at equator) | 7003199694444444444♠7.189×103 km/h[7] |
ဖိုတိုစဖီးယား ပါဝင်မှု | |
ဟိုက်ဒရိုဂျင် | 73.46%[12] |
ဟီလီယမ် | 24.85% |
အောက်ဆီဂျင် | 0.77% |
ကာဗွန် | 0.29% |
သံ | 0.16% |
နီယွန် | 0.12% |
နိုက်ထရိုဂျင် | 0.09% |
ဆီလီကွန် | 0.07% |
မဂ္ဂနီဆီယမ် | 0.05% |
ဆာလဖာ | 0.04% |
အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အမြားကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။ နေမှ အလင်းရောင်၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဘက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။
နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုဟ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုဟ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုဟ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုဟ်တို့တွင် ပို၍ အေးသည်။
ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုဟ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။
နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယမ်ဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်မြားလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို nuclear fusion ဟုခေါ်သည်။ နေတွင် အများဆုံးပါဝင်သည့် ဒြပ်ထုမှာ ဟိုက်ဒရိုဂျင်ဖြစ်ကာ ကျန်သည်မှာ ဟီလီယမ်ဖြစ်သည်။ လေးလံသောဒြပ်များဖြစ်ကြသည့် အောက်ဆီဂျင် ကာဗွန် နီယွန်နှင့် အိုင်းယွန်းတို အနည်းငယ် ပါဝင်သည်။[13] အချင်းသည် ၆၉၅,၀၀၀ ကီလိုမီတာခန့် (၄၃၂,၀၀၀ မိုင်) ရှိ၍ နှိုင်းယှဉ်လျှင် ကမ္ဘာ့အချင်းထက် ၁၀၉ ဆ ရှိသည်။ နေသည် နေအဖွဲ့အစည်း၏ ၉၉.၈၆ ရာခိုင်နှုန်းသော ထုထည်ရှိကာ ကမ္ဘာထက် အဆပေါင်း ၃၃၀၀၀၀ ခန့်ထုထည် ကြီးမားသည်။[14]
လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။ ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။