![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/30/Mercury_in_color_-_Prockter07_centered.jpg/640px-Mercury_in_color_-_Prockter07_centered.jpg&w=640&q=50)
ဂြိုဟ်
ကြယ်သို့မဟုတ်ကြယ်၏အကြွင်းအကျန်ကိုလှည့်ပတ်သောနက္ခတ္တဗေဒဝတ္ထု / From Wikipedia, the free encyclopedia
နက္ခတ္တဗေဒသုံး ဝေါဟာရတခု ဖြစ်သည့် ဂြိုဟ် (အင်္ဂလိပ်: planet) ဆိုသည်မှာ - အကြမ်းဖျင်းအားဖြင့် - လောက(Universe)၏ အာကာသ (နေရာရပ်ဝန်း)အတွင်း၌ မိမိထက် ဒြပ်ထု သိသာစွာပိုကြီးသည့် ကြယ်တခုခု၊ သို့မဟုတ်လျှင်လည်း ကြယ်ကြွင်းတခုခု၊ သို့မဟုတ်တုံ ကြယ်မဖြစ်တဖြစ် ဒြပ်ညိုလုံး (brown dwarf) တခုခုကို ဗဟိုပြု လှည့်ပတ်နေတတ်သည့် အထိုက်မလျောက် (ဒြပ်မပါဏ)ကြီးမားစ် လုံးဝန်းသော ခြေချဖွယ် ဒြပ်ထု (astronomical body; celestial body) များကို ညွှန်းဆိုလိုရင်း ဖြစ်၏။[1] ဤ လူသားတို့ (အလုံးမျက်နှာပြင် မြေပြင်တို့ပေါ်တွင်) နေထိုင်ရာ ကမ္ဘာလုံးကြီးမှာလည်း ဂြိုဟ်များအနက် တစ်လုံး ဖြစ်၍ နေပတ် ဂြိုဟ်စု (Solar System) ဟု လူတို့အမည်ပေးထားသည့် ကြယ်ပတ်ဂြိုဟ်စုအတွင်း နေလုံးကို လှည့်ပတ်လျက် ပါဝင်ပေ၏။ ဤ နေပတ်ဂြိုဟ်စုအတွင်း ကမ္ဘာဂြိုဟ် အပါအဝင် ဂြိုဟ်ကြီး ၈ လုံး ရှိလေသည်၊ အကြီးဆုံးသော ကြာသပေးဂြိုဟ် (ဂျူပီတာ) ၏ ဒြပ်ထုမှာ ကမ္ဘာဂြိုဟ်ဒြပ်ပမာဏ၏ ၃၁၈ ဆခန့် ရှိပြီး၊ အသေးဆုံးသော မာကျူရီ မှာမူ ကမ္ဘာဂြိုဟ်ဒြပ်ပမာဏ၏ ၀.၀၅၅ ဆ (၁,၀၀၀ ပုံလျှင် ၅၅ပုံခန့်) ဖြစ်၏[2]
| ||||
နေအဖွဲ့အစည်း၏ ဂြိုဟ်ကြီး ၈ လုံး
နေမှ အစဉ်လိုက် ပကတိအရောင်ဖြင့် ပြသထားပုံ |