![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e6/Artist_Concept_Planetary_System.jpg/640px-Artist_Concept_Planetary_System.jpg&w=640&q=50)
ဂြိုဟ်စု
From Wikipedia, the free encyclopedia
လောက(Universe)ကြီး အတွင်းရှိ ကြယ်ပတ်ဂြိုဟ်စု (သို့) ဂြိုဟ်စု (အင်္ဂလိပ်: planetary system) တစ်ခု ဆိုသည်မှာ ဒြပ်ဆွဲမှု၏ သက်ရောက်စုဝေးပေးမှုကြောင့်
- ကြယ် တစ်လုံး (သို့မဟုတ်) ကြယ်သိုက် တစ်ခုက ဗဟိုသဖွယ် ပါရှိလျက်
- ကြယ်မဟုတ်သော (အက်တမ့်ဗဟိုဆန်ချင်း ဖိပေါင်း စွမ်းအင်ဖြာထွက်မှုဖြင့် တောက်လောင် မနေသော) ဂြိုဟ်အချို့က ၎င်းဗဟိုဒြပ်ထုကြီးကို ဂြိုဟ်ပတ်လမ်းအသီးသီးနှင့် လှည့်ပတ်၍ ပါရှိသော
![]() | ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
![](http://upload.wikimedia.org/wikipedia/commons/thumb/e/e6/Artist_Concept_Planetary_System.jpg/640px-Artist_Concept_Planetary_System.jpg)
ကြယ်နှင့် ဂြိုဟ်များ အစုအဝေး တစ်ခုစီကို ညွှန်းဆိုခြင်း ဖြစ်၏။
ယေဘုယျခြုံငုံမိစွာ ဆိုရလျှင်၊ ဤသို့ ဂြိုဟ်စု တခုခုအတွင်း၌ လက်ရှိနက္ခတ္တဗေဒအရ "ဂြိုဟ်" မည်သော မြောက်သော အရာများအပြင် ဂြိုဟ်သိမ်များ (dwarf planets)၊ ဂြိုဟ်ရံ ဒြပ်စိုင်များ (natural satellites)၊ ဥက္ကာမျောများ (astroids)၊ ဥက္ကာကြွေများ (meteroids)၊ ကြယ်တံခွန်များ (comets)၊ စသည်တို့လည်း ပါဝင်တတ်ပေ၏။[1][2] ၎င်းတို့အပြင် ဗဟိုဒြပ် (အလယ်ရှိ ကြယ်)ကို ပတ်လှည့်နေသည့် ကျောက်၊ ရေခဲ စသည့်ဖြင့် ဒြပ်သားမျိုးစုံသည်လည်း ကြယ်ပတ်ဂြိုဟ်စု (Planetary System) တခုတခုစီ၏ အစိတ်အပိုင်းများသဖွယ် ယူဆဖွယ်ရှိ၏။
ဤ လူသားတို့ (မျက်နှာပြင် မြေသားပေါ်ဝယ်) နေထိုင်ရာ ကမ္ဘာဂြိုဟ်နှင့် တကွ အခြားသော ဂြိုဟ် ၇ လုံးက နေဟူသော ကြယ်ကို ဗဟိုပြု လှည့်ပတ်နေသည်ဟု ဆိုနိုင်ပြီး ကျွန်ုပ်တို့ ရှိရာ ဤကြယ်ပတ်ဂြိုဟ်စုကိုမူ "နေအဖွဲ့အစည်း (ခေါ်) နေပတ် ဂြိုဟ်စု" ဟု ကျွန်ုပ်တို့က အမည်ခွဲပေးထားကြ၏။[3][4]