![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/a/a9/Hot_metalwork.jpg/640px-Hot_metalwork.jpg&w=640&q=50)
အပူ
From Wikipedia, the free encyclopedia
အပူစွမ်းအင် (အင်္ဂလိပ်: thermal energy or heat energy) ဆိုသည်မှာ ဒြပ်ထုအပိုင်းအစတိုင်း၌ အစဉ်ခိုကပ်နေသော စွမ်းအင်တမျိုး ဖြစ်ပြီး၊ ထိုစွမ်းအင်ကြောင့် အရာဝတ္ထု၏ အမှုန်တို့မှာ တုန်ခါမှုသဘော အစဉ်ရှိနေကာ ၎င်းတုန်ခါမှုကို အပူချိန်အဖြစ် တိုင်းတာ ရရှိနိုင်သည်။ ထို့နောက် ၎င်းအပူချိန် ကွာခြားမှုရှိသော အရာဝတ္ထုများ ဆက်စပ်မှု ရှိသည်နှင့် တပြိုင်နက် အပူချိန် တူညီသွားကြသည်အထိ အပူစွမ်းအင်တို့ စီးကူးဖလှယ်ကြမည်။[1]
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(1 Sep 2021) |
![](http://upload.wikimedia.org/wikipedia/commons/thumb/a/a9/Hot_metalwork.jpg/640px-Hot_metalwork.jpg)
လောက(Universe)တွင် အပူစွမ်းအင် ရှိသော်လည်း အအေးစွမ်းအင်ဟု မရှိချေ။ အပူစွမ်းအင် ပမာဏ လျော့နည်းသော အရာဝတ္ထုတို့သာ ရှိနိုင်သည်။ ဥပမာအားဖြင့် ရေခဲတုံးကို လူက လက်နှင့်ထိကိုင်၍ အေးသည်ဟု ခံစားရခြင်းမှာ အအေးစွမ်းအင်ကို ခံစားရခြင်း မဟုတ်ပေ။ အပူချိန်ပိုနည်းနေသော ရေခဲတုံးထံသို့ အပူချိန်ပိုများနေသော လက်ဖျားထံမှ အပူစွမ်းအင်တို့ စီးကူးခြင်းသာ ပကတိ ဖြစ်ပျက်နေသည်။ အရေပြားထံမှ ထိုသို့ အပူစွမ်းအင်မှာ လျော့ထွက်နေကြောင်း အာရုံခံဆဲလ်များက ပေးပို့သည့် လျှပ်စီးငယ် သတင်းအချက်အလက်များကို ဦးနှောက်က လက်ခံဖတ်ရှုနေခြင်းသည်ပင်လျှင် လူက ခံစားသိရှိမှုတမျိုးကို ရရှိနေခြင်း ဖြစ်သည်။ ၎င်းကို "အေးသည်"ဟု လူ့ဘာသာစကားဖြင့် သမုတ်ကြသည်။
အပူစွမ်းအင် လုံးဝကင်းစင်နေသည့် ဒြပ်ထုသည် အပူချိန်အားဖြင့် သုည ကယ်လ်ဗှင် (0 K) ဖြစ်နေမည်။ ၎င်းမှာ -273° C ခန့်နှင့် ညီမျှသည်။ သို့သော် မည်သည့် ဒြပ်ထုမှ ထိုအပူချိန်အတိအကျသို့ ရောက်နိုင်ခြင်း မရှိ၍ အပူစွမ်းအင် လုံးဝကင်းစင်သော ဒြပ်ထု မရှိနိုင်ဟု ကောက်ချက်ချကြသည်။
အပူ
ရူပဗေဒအသိအားဖြင်း စွမ်းအင်ဟူသမျှသည် အလုပ်ပြီးမြောက်စေသဖြင့် အလုပ်ပြီးမြောက်မှု (work done) အဖြစ် ပြောင်းလဲနိုင်သော စကေလာ တိုင်းဖွယ်များ ဖြစ်သည်။ သို့ဖြင် အလုပ် (work done) နှင့် ယူနစ်ချင်း တူသည်၊ နိုင်ငံတကာစံယူနစ် အားဖြင့် J (joul; ဂျူးလ်) ဖြစ်သည်။