အလင်းအလျင်
လေဟာနယ်တွင် ထုထည်မဲ့အမှုန်များနှင့် ဆက်နွယ်သောစက်ကွင်းတို့၏ အမြန်နှုန်း / From Wikipedia, the free encyclopedia
အလင်း၏အမြန်နှုန်း ဆိုသည်မှာ ရူပဗေဒတွင် စကြဝဠာလုံးဆိုင်ရာ ပုံသေကိန်းဖြစ်သည်။ ယင်း၏ တန်ဖိုးအတိအကျမှာ တစ်စက္ကန့်လျင် ၂၉၉, ၇၉၂, ၄၅၈ မီတာနှုန်းဖြစ်သည်။ မိုင်အားဖြင့်ဆိုသော် ၁၈၆, ၂၈၂ မိုင်ခန့်ရှိသည်။ သင်္ကေတ c ဖြင့် ဖော်ပြသည်။ အထူးနှိုင်းရသီအိုရီအရ c သည် စကြဝဠာထဲမှ အရာခပ်သိမ်း သတင်းအချက်အလက်မှန်သမျှ အမြင့်ဆုံးအမြန်နှုန်းဖြင့် ခရီးသွားနိုင်သော အမြန်နှုန်းဖြစ်သည်။ c သည် ရင်းမြစ်၏ရွေ့လျားမှုအား မူတည်ခြင်းမရှိဘဲ ပကတိကိန်းသေနှုန်းဖြင့်သာ ရွေ့လျားသည်။ ဥပမာဆိုရသော် နေမှ ကမ္ဘာမြေသို့ ခရီးသွားနေသည့် အလင်းတစ်ခုသည် c တန်ဖိုးဖြင့် (တစ်စက္ကန့်လျင် မိုင်ပေါင်း ၁၈၆ဝဝဝ) ခရီးသွားသည်ဟုဆိုပါစို့။ ကမ္ဘာနှင့်နေကြားမှ အာကာသယာဉ်တစ်စင်းသည် နေဆီသို့ အင်မတန်မြန်သော အမြန်နှုန်းဖြင့် မောင်းနှင်သွားသည်ဟု ထပ်မံတွေးအုံးအံ့။ ကမ္ဘာမြေမှနေ၍ အလင်းအလျင်အား တိုင်းတာလျင် c တန်ဖိုးကို ရမည်ဖြစ်ပြီး အာကာသယာဉ်ပေါ်မှ အလင်းအလျင်အား တိုင်းတာလျင်လည်း ယင်း c တန်ဖိုးကိုသာ မပြောင်းလဲဘဲ တွေ့ရှိရမည်ဖြစ်သည်။ ထို့ကြောင့် အလင်းသည် တူရုပြုရာနေရာနှင့်မသက်ဆိုင်ဘဲ ပကတိအလျင်နှုန်းဖြင့်သာ မူသေရွေ့လျားသည်။ သို့သော်လည်း အလင်းဖြတ်သန်းသွားသည့် ကြားခံနယ်မှာ လေဟာနယ်ဟု သတ်မှတ်သည်။ ဆိုရသော် အလင်းသည် ဖန်၊ လေထု အစရှိသော ကြားခံနယ်များအား ဖြတ်သန်းပါက မူလ c တန်ဖိုးထက် အနည်းငယ်လျော့နည်းသည်။ ၁၉၇၅ ခုနှစ်တွင် အလင်းအလျင်သည် ၁ စက္ကန့်လျင် ၂၉၉ ၇၉၂ ၄၅၈ မီတာဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် နိုင်ငံတကာ ယူနစ်အဖွဲ့အစည်းမှ အလင်းအလျင်အား လေဟာနယ်တွင်ဆိုပါက ၁ စက္ကန့်၏ ၂၉၉ ၇၉၂ ၄၅၈ ပုံ ၁ ပုံ (၁/၂၉၉ ၇၉၂ ၄၅၈) ရှိသည်ဟု သတ်မှတ်ပေးခဲ့သည်။[2]
နေရောင်ခြည်သည် နေမှ ကမ္ဘာသို့ ၈ မိနစ် ၁၇ စက္ကန့်ခန့် ခရီးသွားရသည် | |
တန်ဖိုးအတိအကျ | |
---|---|
တစ်စက္ကန့်လျင် မီတာနှုန်း | 7008299792458000000♠299792458 |
ပလန့်အချိန်နှုန်းအတိုင်း ပလန့်အကွာအဝေး (i.e., Planck units) | ၁ |
အနီးဆုံး တန်ဖိုး (ဒသမတန်ဖိုး ၃ နေရာထိ) | |
တစ်နာရီလျင် ကီလိုမီတာနှုန်း | 7003108000000000000♠1080 မီလီယံ (၁.၀၈×၁၀၉) |
တစ်စက္ကန့်လျင်မိုင်နှုန်း | 7005186000000000000♠186000 |
တစ်နာရီလျင်မိုင်နှုန်း | ၆၇၁ မီလီယံ (၆.၇၁×၁၀၈) |
တစ်ရက်လျင် AU နှုန်း | ၁၇၃[1] |
အလင်းဖြတ်သန်းရသည့် ကြာမြင့်ချိန် | |
အကွာအဝေး | အချိန် |
၁ ပေ | ၁.ဝ နာနိုစက္ကန့် |
၁ မီတာ | ၃.၃ နာနိုစက္ကန့် |
ဂြိုဟ်ပတ်လမ်းမှ ကမ္ဘာမြေသို့ | ၁၁၉ မီလီစက္ကန့် |
ကမ္ဘာ၏ အီကွေတာအရှည် | ၁၃၄ မီလီစက္ကန့် |
လကမ္ဘာ မှ ကမ္ဘာမြေသို့ | ၁.၃ စက္ကန့် |
နေ မှ ကမ္ဘာသို့ (၁ AU) | ၈.၃ မိနစ် |
၁ အလင်းနှစ် | ၁.ဝ နှစ် |
၁ parsec | ၃.၂၆ နှစ် |
အနီးဆုံးကြယ်မှ နေသို့ (၁.၃ pc) | ၄.၂ နှစ် |
အနီးဆုံးဂလက်ဆီမှ ကမ္ဘာသို့ | ၂၅ဝဝဝ နှစ် |
နဂါးငွေ့တန်းကိုဖြတ်ကာ | ၁ဝ,ဝဝဝဝ နှစ် |
အင်ဒရိုမီဒါမှ ကမ္ဘာသို့ | ၂.၅ မီလီယံနှစ် |
ကမ္ဘာမှ လေ့လာနိုင်သော စကြဝဠာအနားစွန်းသို့ | ၄၆.၅ ဘီလီယံနှစ် |