![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/91/Flag_of_the_Ta%2527ang_National_Liberation_Army.svg/langmy-640px-Flag_of_the_Ta%2527ang_National_Liberation_Army.svg.png&w=640&q=50)
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်
လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်း / From Wikipedia, the free encyclopedia
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Ta’ang National Liberation Army; အတိုကောက် TNLA) သည် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (Palaung State Liberation Front; PSLF) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။ TNLA သည် မြန်မာအစိုးရကို ဆန့်ကျင်သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာတပ်မတော် နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။[7] TNLA သည် ယခင်ကမူ ကချင်လွတ်မြောက်ရေးတပ်မတော် နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တို့နှင့် ပူးပေါင်းကာ တက်လာသောတရားဝင် အစိုးရ မှန်သမျှကို ဆန့်ကျင်ခဲ့သည်။
အချက်တိုများ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်, လှုပ်ရှား ...
တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် | |
---|---|
ပြည်တွင်းပဋိပက္ခတွင် ပါဝင် | |
![]() တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ အလံတော် | |
လှုပ်ရှား | ဇန်နဝါရီ ၁၉၉၂ (၁၉၉၂-၀၁)–လက်ရှိ |
ခံယူချက် | တအာင်းအမျိုးသားရေး ဖက်ဒရယ်ပြည်ထောင်စုစနစ်[1] |
ဦးဆောင်သူများ | တာအိုက်ပေါင်း တာဘုန်းကျော် Tar Hod Plarng |
ဌာနချုပ် | နမ့်ဆန်မြို့၊ ရှမ်းပြည်နယ် |
လှုပ်ရှားသည့် ဧရိယာ | Tawngpeng, ရှမ်းပြည်နယ် |
အင်အား | ၈,၀၀၀+[2] |
တစ်စိတ်တစ်ပိုင်း | ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး |
အစပြု | ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PSLO/A) |
မဟာမိတ် | မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့[3]
အခြား မဟာမိတ်များ |
ပြိုင်ဘက် | State opponents
Non-state opponents
|
တိုက်ပွဲနှင့် စစ်ပွဲများ | ပြည်တွင်းပဋိပက္ခ |
စတင်ခဲ့မှု ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့/တပ်မတော် (PSLO/A) |
ပိတ်ရန်
TNLA သည် ဘိန်းခင်းများ ဖျက်ဆီးခြင်း၊ ဘိန်းချက်စခန်းများအား ဖျက်ဆီးခြင်းစသည့် မူးယစ်ဆေးဝါးနှိမ်နင်းရေးလုပ်ဆောင်ချက်များကြောင့် လူသိများသည်။[8][9][10][11][12]