![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/48/Flag_of_Singapore.svg/langmy-640px-Flag_of_Singapore.svg.png&w=640&q=50)
စင်ကာပူနိုင်ငံ
အရှေ့တောင်အာရှနိုင်ငံ / From Wikipedia, the free encyclopedia
စင်ကာပူ (English:Singapore; Chinese: 新加坡; pinyin: Xīnjiāpō; Malay: Singapura; Tamil: சிங்கப்பூர், Cingkappūr) တရားဝင်အမည်အားဖြင့် စင်ကာပူသမ္မတနိုင်ငံ သည် ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပြီး မလေးကျွန်းဆွယ်၏ တောင်ဘက်အစွန်ဆုံး တွင်တည်ရှိသည်။ အီကွေတာ၏မြောက်ဘက် ၈၅မိုင်(၁၃၇ ကီလိုမီတာ) အကွာတွင် တည်ရှိပြီး မလေးရှားနိုင်ငံ ဂျိုဟိုး(Johor) ပြည်နယ်၏ တောင်ဘက်နှင့် အင်ဒိုနီးရှားနိုင်ငံ ရီအောကျွန်းစု(Riau Islands) ၏ မြောက်ဘက်တွင် တည်ရှိသည်။ စတုရန်းမိုင် ၂၇၃မိုင် (စတုရန်းကီလိုမီတာ ၇၀၇.၁ ကီလိုမီတာ)သာ ရှိသဖြင့် စင်ကာပူသည် ကမ္ဘာပေါ်ရှိ နိုင်ငံနှင့်မြို့တော်တစ်ခုတည်းဖြစ်သော နိုင်ငံ ၃ ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အရှေ့တောင်အာရှတွင် အသေးငယ်ဆုံးနိုင်ငံ ဖြစ်သည်။
စင်ကာပူသမ္မတနိုင်ငံ | |
---|---|
ဆောင်ပုဒ်: Majulah Singapura (မလေး) "စင်ကာပူရေ အရှေ့ဆက်သွားကြ" | |
![]() | |
ရုံးသုံး ဘာသာစကားများ | |
အမျိုးသားဘာသာ | မလေး |
လူမျိုးစု (၂၀၂၀) | |
ကိုးကွယ်မှု | |
Demonym | Singaporean |
အစိုးရ | တစ်ပြည်ထောင် အသာစီးပါတီ ပါလီမန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သမ္မတနိုင်ငံစနစ် |
• သမ္မတ | သာမင် ရှန်မူဂါရတ်နမ် |
• ဝန်ကြီးချုပ် | လောရစ် ဝေါ် |
ဥပဒေပြုလွှတ်တော် | ပါလီမန် |
လွတ်လပ်ရေးရရှိခြင်း ယူနိုက်တက် ကင်းဒမ်းနှင့် မလေးရှားနိုင်ငံမှ | |
၁၉၅၉ ခုနှစ် ဇွန်လ ၃ ရက် | |
၁၉၆၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက် | |
၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက် | |
၁၉၆၇ ခုနှစ် ဩဂုတ်လ ၈ ရက် | |
ဧရိယာ | |
• စုစုပေါင်း | ၇၂၈.၆ km2 (၂၈၁.၃ sq mi)[1] (အဆင့်: ၁၇၆) |
လူဦးရေ | |
• ၂၀၂၁ ခန့်မှန်း | ![]() |
• သိပ်သည်းမှု | ၇,၈၀၄/km2 (၂၀,၂၁၂.၃/sq mi) (အဆင့် - ၂) |
GDP (PPP) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
GDP (nominal) | ၂၀၂၁ ခန့်မှန်း |
• စုစုပေါင်း | ![]() |
• Per capita | ![]() |
Gini (၂၀၁၇) | ![]() အလယ် |
HDI (၂၀၁၉) | ![]() အလွန်မြင့် · ၁၁ |
ငွေကြေး | စင်ကာပူ ဒေါ်လာ (S$) (SGD) |
အချိန်ဇုန် | စင်ကာပူ စံတော်ချိန် (UTC+8) |
ရက်စွဲပုံစံ | dd/mm/yyyy |
ယာဉ်ကြောစနစ် | ဘယ် |
တယ်လီဖုန်းကုဒ် | +၆၅ |
ISO 3166 ကုဒ် | SG |
Internet TLD | .sg |
ဥရောပသားတို့ အခြေချမနေထိုင်မီအချိန်က ယခုသိရှိသော စင်ကာပူသည် စင်ကာပူမြစ်ဝတွင် တည်ရှိသော မလေးငါးဖမ်းရွာကလေးတစ်ရွာမျှသာဖြစ်သည်။ ရာပေါင်းများစွာသော အိုရန်လော့ (Orang Laut) ခေါ် နယ်မြေခံ မလေးလူမျိုးတို့သည် ကမ်းရိုးတန်းအနီး၊ မြစ်ချောင်းများအနီးနှင့် ကျွန်းကလေးများပေါ်တွင် နေထိုင်ကြသည်။ ၁၈၁၉ ခုနှစ်တွင် ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီမှ ကျွန်းပေါ်တွင် ကုန်သွယ်ရေးစခန်းကို တည်ထောင်ခဲ့ပြီး ထိုအချိန်မှစ၍ သစ်မြစ်ဆေးဝါးတို့ သယ်ယူရာကုန်သွယ်ရေးလမ်းကြောင်း၏ ဗျူဟာကျသော ကုန်သွယ်ရေးစခန်းအဖြစ် အသုံးပြုခဲ့ကြသည်။ စင်ကာပူသည် ဗြိတိသျှအင်ပိုင်ယာ၏ အရေးပါသော ကုန်သွယ်ရေး နှင့် စစ်ရေး ဒေသ တစ်ခုဖြစ်လာပြီး ဗြိတိသျှအုပ်ချုပ်မှု၏ အချက်အချာနေရာတစ်ခုဖြစ်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ ဂျပန်တို့က မြို့တော်ကိုသိမ်းပိုက်ခဲ့ပြီး ဝင်စတန်ချာချီက ဗြိတိသျှတို့၏ အကြီးကျယ်ဆုံးရှုံးနိမ့်မှု ဟု ပြောဆိုခဲ့သည်။ စစ်ပြီးခေတ်တွင် စင်ကာပူ သည် ၁၉၄၅ တွင် ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်သို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၈နှစ်ကြာပြီးနောက် ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရပြီးသည့်အခါ မလေးရှားအောက်မှ မလာယာ(Malaya)၊ ဆာဘား (Sabah) ၊ ဆာရာဝပ် (Sarawak) တို့နှင့် ပူးပေါင်းခဲ့သည်။ သို့သော် ၂ နှစ်မျှ မကြာမီအချိန်၌ပင် စင်ကာပူသည် မလေးရှားလက်အောက်မှ ခွဲထွက်ခဲ့ပြီး ၁၉၆၅ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့တွင် လွတ်လပ်သော သမ္မတနိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့သည်။ စင်ကာပူသည် ထိုနှစ်အတွင်းမှာ ပင် စက်တင်ဘာလ ၂၁ ရက်တွင် ကုလသမဂ္ဂသို့ ဝင်ရောက်ခဲ့သည်။
လွတ်လပ်ရေးရပြီးသည့် အချိန်မှစ၍ စင်ကာပူ၏ လူနေမှုအဆင့်အတန်းသည် မြင့်မားလာခဲ့သည်။ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ နှင့်အတူ ဒတ်ချ်စီးပွားရေးပညာရှင် အဲလ်ဘတ် ဝင်းစီးမီးယပ် (Albert Winsemius) ရေးဆွဲခဲ့သည့် စီမံကိန်းအပေါ်အခြေပြု၍ နိုင်ငံတော်မှလမ်းညွှန်သည့် စက်မှုထုတ်လုပ်ငန်း ပြောင်းလဲမှုများကြောင့် အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း၊ ရေနံဓာတုလုပ်ငန်း၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတို့အပြင် ရိုးရာကုန်သွယ်ရေးနှင့် ထုတ်ကုန်သွင်းကုန်လုပ်ငန်းတို့ ပါဝင်သော ခေတ်သစ်စီးပွားရေးတစ်ခုကို ဖန်တီးခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/2/20/Canadian_International_School_at_Singapore.jpg/640px-Canadian_International_School_at_Singapore.jpg)