![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/1e/Singapore_National_Anthem_at_the_National_Museum%252C_Singapore_-_20100720.jpg/640px-Singapore_National_Anthem_at_the_National_Museum%252C_Singapore_-_20100720.jpg&w=640&q=50)
မာဂျူလာ စင်ကာပူရ
စင်ကာပူအမျိုးသားနိုင်ငံတော်သီချင်း / From Wikipedia, the free encyclopedia
မာဂျူလာ စင်ကာပူရ (မြန်မာ: ရှေ့ဆက်ကြစို့ စင်ကာပူ; အင်္ဂလိပ်: Onward Singapore; တရုတ်: 前进吧,新加坡; တမီးလ်: முன்னேறட்டும் சிங்கப்பூர்) သည် စင်ကာပူနိုင်ငံ အစိုးရ မှ တရားဝင် သတ်မှတ်ထားသော စင်ကာပူအမျိုးသားနိုင်ငံတော် သီချင်း ဖြစ်သည်။ ၁၉၅၈ခုနှစ် တွင် စင်ကာပူ မြို့တော်ကော်စီ အတွက် Zubir Said မှရေးသား သီကုံးခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှအင်ပါယာ မှကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ဖြစ်လာချိန် ၁၉၅၉ခုနှစ်တွင် စင်ကာပူကျွန်းဆွယ် သီချင်း အဖြစ် လည်းကောင်း ၊ မလေးရှား ဖက်ဒရယ်ပြည်ထောင်စု မှ ခွဲထွက်ပြီး စင်ကာပူနိုင်ငံအဖြစ် ရပ်တည်ချိန် ၁၉၆၅ခုနှစ်တွင် စင်ကာပူ အမျိုးသားနိုင်ငံတော် သီချင်း အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဥပဒေ အရဆိုလျှင် သီချင်းစာသား ယအား မလေးဘာသာဖြင့် သီဆိုရမည် ဖြစ်သော်လည်း အခြားသောဘာသာစကားများဖြစ်သော အင်္ဂလိပ် ၊ မန်ဒရင်းတရုတ် ၊ တမီးလ် ဘာသာစကား တို့ဖြင့်လည်း ခွင့်ပြုထားသည်။[1][2] အဆိုပါ နိုင်ငံတော်သီချင်းကို ပုံမှန်အားဖြင့် ကျောင်းများ ၊ စစ်စခန်းများ၌လည်းကောင်း ၊ နိုင်ငံတော် အလံတင်အခမ်းအနား နှင့် အလံလျှောချခြင်းအခမ်းအနားများတွင်တွင်လည်းကောင်း ၊ စင်ကာပူ အမျိုးသားနေ့ စစ်ရေးပြအခမ်းအနား ကဲ့သို့ အမျိုးသားရေး နေ့ထူးနေ့မြတ်များ ၌ လည်း သီဆိုလေ့ ရှိသည်။
English: Onward Singapore | |
---|---|
![]() မာဂျူလာ စင်ကာပူရ နိုင်ငံတော်သီချင်း မှ စာသားများ ပါဝင်သော လက်ရေးမူ နမူနာကို စင်ကာပူအမျိုးသားပြတိုက် ၌ပြသထားပြီး မူရင်းကိုမူ မလေး ယဉ်ကျေးမှု စင်တာ တွင်တွေ့မြင်နိုင်သည်။ | |
![]() | |
စာသား | Zubir Said, ၁၉၅၈ |
ဂီတ | Zubir Said, ၁၉၅၈ |
အတည်ပြုခြင်း | ၁၉၆၅ |
အသံနမူနာ | |
မာဂျူလာ စင်ကာပူရ စင်ကာပူ အမျိုးသား နိုင်ငံတော် သီချင်း | |