ဒုတိယ ကမ္ဘာစစ်
၁၉၃၉-၁၉၄၅ အတွင်း မဟာမိတ်နိုင်ငံများနှင့်ဝင်ရိုးတန်းနိုင်ငံများတို့တိုက်ခိုက်သောစစ်ပွဲ / From Wikipedia, the free encyclopedia
ဒုတိယကမ္ဘာစစ် (၁၉၃၉ - ၁၉၄၅) ကို အတိုကောက်အားဖြင့် WW II သို့မဟုတ် World War II ဟုလည်း ခေါ်ကြပြီး ပထမကမ္ဘာစစ်ပွဲ၏ အဆက်အဖြစ် တိုက်ခိုက်ကြသော စစ်ပွဲအဖြစ် စစ်သမိုင်းပညာရှင်များက သုံးသပ်ကြသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများက မဟာမိတ် နှစ်ဖွဲ့အပြိုင်ဖွဲ့၍ တိုက်ခိုက်ကြပြီး ၎င်းတို့မှာ မဟာမိတ်နိုင်ငံများနဲ့ ဝင်ရိုးတန်း နိုင်ငံများတို့ဖြစ်ကြသည်။ စစ်သားဦးရေ သန်း ၁၀ဝ ကျော် ပါဝင်တိုက်ခိုက်ကြပြီး အဓိက ဝင်ရောက်တိုက်ခိုက်ကြသူများသည် ၎င်းတို့၏ အလုံးစုံသော စီးပွားရေး၊ စက်မှုအလုပ်ရုံနှင့် သိပ္ပံနည်းပညာများကို သုံးစွဲကြကာ စစ်ပွဲအတွင်း အသာစီးရရန် ကြိုးစားခဲ့ကြသည်။ ထို့အတူ စစ်ပွဲအတွင်းတွင်လည်း စစ်ရေးပစ်မှတ်များအပြင် အရပ်ဖက်ပစ်မှတ်များကိုပါ ဖျက်ဆီးပစ်ကြသေးသည်။ လူပေါင်း သန်း ၇၀ နီးပါး သေကြေပျက်စီးခဲ့ရာ အများစုမှာ အရပ်သားများဖြစ်သည်။ စစ်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ်မှာ အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ( ၁,ဝ၀ဝ ဘီလီယံ၊ ၁,ဝ၀ဝ,ဝ၀ဝ မီလီယံ ) ( ဒေါ်လာသန်းပေါင်း တစ်သန်း ) ခန့်မျှ ကုန်ကျခဲ့ကာ စစ်စရိတ် အကြီးဆုံး စစ်ပွဲဖြစ်ခဲ့ရသည်။
ဒုတိယ ကမ္ဘာစစ် | |||||||
---|---|---|---|---|---|---|---|
| |||||||
စစ်တိုက်နိုင်ငံများ | |||||||
မဟာမိတ်နိုင်ငံများ | ဝင်ရိုးတန်းနိုင်ငံများ | ||||||
တပ်မှူးများနှင့် ခေါင်းဆောင်များ | |||||||
အဓိက မဟာမိတ် ခေါင်းဆောင်များ ဂျိုးဇတ်စတာလင် ဖရန်ကလင် ရုဇဗဲ့ ဝင်စတန်ချာချီ ချန်ကေရှိတ် |
အဓိက ဝင်ရိုးတန်းနိုင်ငံ ခေါင်းဆောင်များ အားဒေါလ်ဖ် ဟစ်တလာ ဧကရာဇ် ဟီရိုဟီတို ဗင်နီတို မူဆိုလီနီ | ||||||
အသေအပျောက် | |||||||
စစ်ဘက် သေဆုံးမှု ၁၆,၀၀၀,၀၀၀ ကျော် အရပ်ဘက် သေဆုံးမှု ၄၅,၀၀၀,၀၀၀ ကျော် စုစုပေါင်း သေဆုံးမှု ၆၁,၀၀၀,၀၀၀ ကျော် (၁၉၃၇–၄၅) |
စစ်ဘက် သေဆုံးမှု ၈,၀၀၀,၀၀၀ ကျော် အရပ်ဘက် သေဆုံးမှု ၄,၀၀၀,၀၀၀ ကျော် စုစုပေါင်း သေဆုံးမှု ၁၂,၀၀၀,၀၀၀ ကျော် (၁၉၃၇–၄၅) |