ဟစ်တလာ
ဂျာမနီနိုင်ငံခေါင်းဆောင် (၁၉၃၄-၁၉၄၅) / From Wikipedia, the free encyclopedia
ဒုတိယကမ္ဘာစစ်ကြီးကို ဖန်တီးခဲ့သူ၊ ဂျူးလူမျိုးတို့၏ဘုံရန်သူ၊ ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘုံရန်သူ၊ နာဇီပါတီဝင်တို့၏ ဖခင်ကြီး၊ ခေတ်သစ်ဂျာမနီပြည်ကြီး၏ ခေါင်းဆောင်ကြီး၊ တစ်ကမ္ဘာလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော အာဏာရှင်ဟု အမျိုးမျိုး မှတ်တမ်းတင်ခဲ့ရသော ပုဂ္ဂိုလ်ကြီး ဟစ်တလာ၏ နာမည်အပြည့်အစုံမှာ "အားဒေါလ်ဖ် ဟစ်တလာ" (Adolf Hitler) ဖြစ်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(၁၈ ဒီဇင်ဘာ ၂၀၁၈) |
ဟစ်တလာ Adolf Hitler | |
---|---|
ဟစ်တလာ (၁၉၃၈) | |
ဂျာမနီနိုင်ငံ၏ခေါင်းဆောင် ဂျာမန်အင်ပါယာ အရှင်သခင် ဧကရာဇ် (Führer) | |
တာဝန်သက်တမ်း 2 August 1934 – 30 April 1945 | |
လက်ထောက် | Rudolf Hess (1933–41) |
ယခင်လူ | Paul von Hindenburg (ဂျာမနီသမ္မတ) |
ဆက်ခံသူ | Karl Dönitz (ဂျာမနီနိုင်ငံ၏ သမ္မတ) |
ဂျာမနီနိုင်ငံဝန်ကြီးချုပ် | |
တာဝန်သက်တမ်း 30 January 1933 – 30 April 1945 | |
သမ္မတ | Paul von Hindenburg (until 1934) |
လက်ထောက် | Franz von Papen (1933–34) |
ယခင်လူ | ကွတ် ဗွန် ရှလိုင်းရှား |
ဆက်ခံသူ | ဂျိုးဆက် ဂိုးဘဲလ်စ် |
နာဇီပါတီ၏ ခေါင်းဆောင် ဂျာမန်အင်ပါယာကြီး ၏ အရှင်သခင် | |
တာဝန်သက်တမ်း 29 June 1921 – 30 April 1945 | |
လက်ထောက် | Rudolf Hess |
ယခင်လူ | Anton Drexler |
ဆက်ခံသူ | Martin Bormann |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | (1889-04-20)၂၀ ဧပြီ၊ ၁၈၈၉ Braunau am Inn, Austria-Hungary |
ကွယ်လွန် | ၃၀ ဧပြီ၊ ၁၉၄၅(1945-04-30) (အသက် ၅၆) ဘာလင်၊ ဂျာမနီ။ |
ကွယ်လွန်ရသည့် အကြောင်းရင်း | သေကြောင်းကြံ |
နိုင်ငံသား | ဂျာမန်အင်ပါယာ အရှင်သခင် ဧကရာဇ်
|
နိုင်ငံရေးပါတီ | နာဇီပါတီ (၁၉၂၁–၄၅) |
အခြား နိုင်ငံရေးလွှမ်းမိုးမှု | ဂျာမန်အလုပ်သမားများပါတီ (၁၉၂၀–၂၁) ကွန်မြူနစ်ပါတီ |
ကြင်ဖော်(များ) | Eva Braun (29–30 April 1945) |
မိဘ |
|
အလုပ်အကိုင် | နိုင်ငံရေးသမား |
လက်မှတ် | |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | ဂျာမန်အင်ပါယာ |
တပ်/တပ်ဖွဲ့ခွဲ | Bavarian Army |
အမှုထမ်းကာလ | ၁၉၁၄–၂၀ |
ရာထူး |
|
တပ် |
|
တိုက်ပွဲ/စစ်ပွဲများ | ပထမကမ္ဘာစစ် |
ဆုတံဆိပ်များ |
|
ဟစ်တလာကို ဩစတြီးယားပြည်နှင့် ဘာဗေးရီးယား ပြည်နယ်စပ်ရှိ အင်းမြစ်နံဘေး ဘရောနှောမြို့ကလေးတွင် ဖခင် အလွိုက်ဟစ်တလာနှင့် မိခင် ကလာရာပေါဇ်လ်တို့မှ ၁၈၈၉ခုနှစ်၊ ဧပြီလ ၂ဝ ရက်၊ ညနေ၌ မွေးဖွားခဲ့သည်။ အမျိုးအနွယ်မှာ မထင်မရှားမျှသာ ဆို။ ဟစ်တလာ၏ဖခင်မှာ လုပ်ငန်းများ အတည်တကျမရှိသဖြင့် အမြို့မြို့အနယ်နယ် ပြောင်းရွှေ့ရင်း လိုက်ပါနေထိုင်ခဲ့ကြရသည်။ ရောက်ရာအရပ်တွင် ဟစ်တလာမှာ မူလတန်းပညာကို သင်ယူခဲ့ရသည်။ ၁၉ဝဝ ပြည်နှစ်တွင် လင့်ဇ်မြို့မှ ရီးရဲအလယ်တန်းကျောင်းတွင် အလယ်တန်းပညာကို ဆက်လက်သင်ကြားခဲ့သည်။ ၁၉ဝ၃ ခုနှစ်တွင် ဟစ်တလာ၏ဖခင် အလွိုက်ကွယ်လွန်သွားခဲ့သည်။ ထို့နောက် ဟစ်တလာမှာ ကျောင်းနေခွင့်မရတော့။ ဘဝရပ်တည်ရေးကို ခက်ခဲပင်ပန်းစွာ ရပ်တည်ခဲ့ရသည်ဆို၏။ ထိုမှတဖန် မိခင်ဖြစ်သူအလိုကျ ကက်သလစ်ဘာသာဝင်အဖြစ် ခံယူခဲ့ရပြီး စတီးယားကျောင်းတွင် ဆက်လက်ပညာသင်ကြားခဲ့ပြန်ပြီး အသက် ၁၆ နှစ်တွင် ကျောင်းထွက်ခဲ့ရသည်။
ဟစ်တလာသည် ပန်းချီအနုပညာကို ဝါသနာပါခဲ့ပြီး အသက်ကြီးလျှင် ပန်းချီဆရာအဖြစ် အသက်မွေးမည်ဟုပင် ဆုံး ဖြတ်ခဲ့ဖူးသည်ဆို၏။ မိဘများက အစိုးရအလုပ်ကို လုပ်စေချင်ခဲ့ သည်ဆို၏။ ဟစ်တလာမှာ ကျောင်းစာလည်းညံ့ခဲ့သည်။ ကျောင်း ထွက်လက်မှတ်ကို မရရှိခဲ့။ ၁၉ဝ၅ ခုနှစ်တွင် ကျောင်းမှထွက်ခဲ့ သည်။ ပုံများ၊ ပန်းချီများကို အချိန်ပြည့်ဆွဲကာ အချိန်လွန်ခဲ့သည် ဆို၏။ ဟစ်တလာသည် ၁၉ဝ၆ ခုနှစ်တွင် ဗီယင်နာမြို့သို့ အလည်အပတ် ရောက်သွားခဲ့သည်။ ဗီယင်နာမြို့မှာ အနုပညာ ထွန်းကားသော မြို့ကြီးဖြစ်သောကြောင့် သူအလွန်ပျော်ခဲ့သည် ဆို၏။ ထိုမြို့ကြီး၏ ကြီးကျယ်ခမ်းနားမှု အနုပညာများကသူ့ကို ပန်းချီဆရာဖြစ်ချင်စိတ်ကို ပို၍ တွန်းပို့ခဲ့သည်ဆို၏။ ထို့ကြောင့် သူ့မိခင်ကြီး တားဆီးနေသည့်ကြားမှ ၁၉ဝ၇ ခုနှစ်တွင် လင်ဇ်မြို့ ကလေးကိုစွန့်ခွာ၍ ဗီယင်နာမြို့သို့ ထွက်ခွာခဲ့သည်ဆို၏။ သို့သော် သူသည် အနုပညာသိပ္ပံကျောင်းကြီးကို ဝင်ခွင့်မရ။ အရည်အချင်း မမီ၊ သူ စိတ်မလျှော့ဘဲ ဆက်လက် ကြိုးစားနေစဉ်မှာပင် သူ့ မိခင်ကြီး ကွယ်လွန်ခဲ့၍ လင့်ဇ်မြို့သို့ ပြန်ခဲ့ရသည်။ ၁၉ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဗီယင်နာမြို့သို့ ပြန်ရောက်ရှိခဲ့ပြီး အနုပညာသိပ္ပံကျောင်းကြီးတွင် နေခွင့်ရရန် ကြိုးစား ပြန်၏။ သို့သော် မရခဲ့။ ဟစ်တလာသည် စိတ်ပျက်လက်ပျက်နှင့် ၅ နှစ်လုံးလုံး ဖြစ်သလိုနေ ဖြစ်သလိုစား မထင်မရှားနေခဲ့ရသည်။ ဗီယင်နာမြို့ကြီးတွင် သူ့ဘဝသည် ကူကယ်ရာမဲ့နှင့် ၁၉ဝ၉ ခုနှစ်မှ ၁၉၁၃ ခုနှစ်ထိ ပခုံးထမ်းအလုပ်ကြမ်းသမား၊ အပေါစား ပန်းချီဆရာအဖြစ်မျိုးနှင့် နေထိုင်ခဲ့ရသည်ဆို၏။
ငွေရှင်သူဌေးကြီးများ၏ ကုသိုလ်ဖြစ် ဟိုတယ်များတွင် နေထိုင်ခဲ့ရ၏။ အမြဲတမ်း ငတ်မွတ်စုတ်ပြတ်နေသည့် ကာလများဟု ဟစ်တလာကိုယ်တိုင် ရေးသားခဲ့၏။ ဟစ်တလာ ပန်းချီဆွဲသည့်ကားများတွင် 'အေ ဟစ်တလာ'ဟု လက်မှတ်ထိုးလေ့ရှိ၏။ အဒေါ့ဖ်စ်ဟစ်တလာ အတိုကောက်အမည်ဟူ၏။ ထိုမှဟစ်တလာ၏ ဘဝအချိုးအကွေ့များသည် ဘဝပေးအသိများအရ နိုင်ငံရေးသမားတစ်ယောက်အဖြစ်သို့ တဖြည်းဖြည်း ဦးတည်လာခဲ့သည် ဆို၏။
ဟစ်တလာသည် စာများကို ပိုဖတ်ဖြစ်လာ၏။ ပို၍ တွေးတောဆင်ခြင်နိုင်လာ၏။ သတင်းစာများကို ပို၍ ဖတ်ရှုလာ၏။ စကားကို လူအများ စိတ်ဝင်စားလာအောင် ကျယ်လောင် ကျယ်လောင် ပြောလေတော့၏။ ဘီယာဆိုင်များတွင် လက်ဖက်ရည်ဆိုင်များတွင် ပို၍ ပြောခဲ့သည်ဆို၏။ နိုင်ငံရေးစကားများ ပို၍ပြောရင်း ရန်ဖြစ်သည်၊ ပြန်လည်ချေပသည်၊ လက်သီးလက်မောင်းတန်းရင်း ဂျူးများ၊ ဘုန်းကြီးများ၊ ဆိုရှယ်လစ်များ၊ ဘုရင့်ဆွေတော်မျိုးတော်များကို မုန်းတီးကြောင်း အကြိမ်ကြိမ် ပြောခဲ့သည်ဆို၏။
ဟစ်တလာသည် ထိုအချိန်များမှာပင် စိတ်ကြီးဝင်နေခဲ့ပြီဆိုကြ၏။ သူ့ကိုယ်သူ အလွန်မြင့်မြတ်သူဟု ထင်နေခဲ့ပြီ ဆိုကြ၏။ ဘဝင်မြင့်နေ၏။ သူ့ကိုယ်သူနှင့် အနီးမှလူများကို ဂျာမန်အမျိုးအနွယ်များသည် မြင့်မြတ်သော မဟာမျိုး မဟာနွယ် များဖြစ်သည်။ ထို့ကြောင့် မိမိတို့လူမျိုးမှသာ နိုင်ငံရေး၊ ယဉ်ကျေး မှု ပို၍ မြင့်မားသည်၊ ပို၍ကြွယ်ဝသည်။ ထို့ကြောင့် 'မဟာဂျာမနီ နိုင်ငံတော်ကြီး'ကို ထူထောင်ကြရမည်ဟူသော အတွေးနှင့်စကားမျိုးကို ပြောဆိုခဲ့သည်ဆို၏။
၁၉၁၃ ခုနှစ်တွင် ဗီယင်နာမြို့မှ ဟစ်တလာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး စစ်ထဲမဝင်မနေရအမိန့်ကိုဖီဆန်၍ ရှောင်ထွက်သွားခဲ့သည်ဆို၏။ ထိုမှ မြူးနစ်မြို့သို့ ရောက်သွားခဲ့သည် ဆို၏။ မြူးနစ်တွင်လည်း ဘီယာဆိုင်တွင် ဟစ်တလာသည် နိုင်ငံရေးစကားများကိုသာ ကြီးကြီးကျယ်ကျယ် ပြောဆိုနေခဲ့သည် ဆို၏။ သို့သော် ဟစ်တလာ ကံကြမ္မာအလှည့်အပြောင်းဖြစ်စေရန် ကမ္ဘာကြီးတွင် စစ်မီးကြီးလောင်ခဲ့သဖြင့် လူအများက နိုင်ငံရေးကို စိတ်ဝင်စားချိန် ကာလကြီးပင်တည်း။ ၁၉၁၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ဟစ်တလာဘဝ အထူးပြောင်းလဲစေခဲ့သော မြူးနစ်မြို့၊ အိုဒီအုံ ပလာဇာကွင်းပြင် ကြီး၏ လူထုတရားပွဲမှ စတင်ခဲ့လေသည်။ ဂျာမန်မှ ရုရှားပြည် ကြီးကို စစ်ကြေညာခဲ့ခြင်း၊ ဂျာမန်အမျိုးသားတိုင်း စစ်ထဲဝင်ကြရသလို ဟစ်တလာလည်း စစ်မှုထမ်းစစ်သား ဖြစ်ခဲ့လေ၏။ မထင်မရှား စစ်သားလေးဘဝ၊ စစ်တပ်ထဲတွင် ဆက်သားတာဝန်၊ ၁၉၁၅-၁၉၁၆ ခုနှစ်တွင် ခြေထောက်တွင် သေနတ်မှန်ကာ ဒဏ်ရာရခဲ့သည်။ ၁၉၁၇ ခုနှစ်တွင် တပ်ကြပ်ကလေးဘဝ၊ တပ်သားကျော် ဆုတံဆိပ် ရရှိခဲ့သည်။ စစ်မြေပြင်တွင် သူတစ်ယောက်တည်းမှ ပြင်သစ်စစ်သား ၁၅ ယောက်ကို လက်ရဖမ်းဆီးခဲ့သောကြောင့် ဟူ၏။ ၁၉၁၈ ခုနှစ် တိုက်ပွဲတစ်ခုတွင် ဟစ်တလာသည် ဓာတ်ငွေ့မိပြီး သတိလစ်သွားသဖြင့် စစ်ဆေးရုံသို့ ပို့ပေးခဲ့ကြရသည်။ မျက်စိများ ယာယီ ကန်းသွားကာ ကိုယ်တစ်ပိုင်းလည်း သေသွားခဲ့သေးသည် ဆို၏။ မကြာခင် ပျောက်ကင်းခဲ့လေ၏။ ထိုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ပြီးခဲ့လေ၏။ ဂျာမနီတို့ စစ်ရှုံးခဲ့လေ၏။ ဟစ်တလာတို့ ငိုခဲ့ရလေ၏။
ထိုအချိန်မှစ၍ ဟစ်တလာသည် နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ဝင်ရန် ဆုံးဖြတ်ခဲ့သည်ဆို၏။ ၁၉၁၉ နှစ်အထိ စစ်တပ်ထဲတွင်နေခဲ့၍ ၁၉၁၉ ခုနှစ် ဇန်နဝါရီလတွင်မြူးနစ်မြို့သို့ ပြန်လာခဲ့သည်။ ထိုကာလတွင် ဂျာမနီနိုင်ငံရေးမှာ အလွန်ရှုပ်ထွေးနေလေ၏။ နေ့စဉ် တရားပွဲများ၊ ဆန္ဒပြပွဲများ၊ ဆူပူမှုများမပြတ် ရှိနေခဲ့သည့် ကာလများလည်း ဖြစ်သည်။ ထိုကာလတွင် မြူးနစ်မြို့ဆိုင်ရာ ခရိုင်စစ်ဌာနချုပ် လက်အောက်ရှိ နိုင်ငံရေးဌာနတွင် ပုံနှိပ်လုပ်ငန်းနှင့် သတင်းဖြန့်ချိရေးဌာနတွင် ဟစ်တလာ အလုပ်လုပ်ခဲ့ရသည်။ ထိုမှ နိုင်ငံရေး နည်းပြသင်တန်းတက်ခဲ့ရပြီး နိုင်ငံရေးနည်းပြအရာရှိ ဖြစ်လာခဲ့သည်။ ထိုမှ ဂျာမန်အလုပ်သမားပါတီနှင့် စစ်တပ်အကြား ညှိနှိုင်းရသော အရာရှိအဖြစ် စေလွှတ်ခြင်းခံရသည်။ ထိုမှ ဂျာမန် အလုပ်သမားပါတီသို့ ခြေစုံပစ်ဝင်ခဲ့ပြန်သည်ဆို၏။ ထိုပါတီတွင် ဟစ်တလာသည် ဝါဒဖြန့်ချိရေးတာဝန်ခံ ဖြစ်ခဲ့လေ၏။
၁၉၂ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ပထမ ဦးဆုံးသော လူထုတရားပွဲကြီးကို ဂျာမန် အလုပ်သမားပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ပရိသတ်နှစ်ထောင်နီးပါးမျှ တက်ရောက်ခဲ့ သည်ဆို၏။ ထိုပွဲတွင် ဟစ်တလာ၏အမည်လည်း စတင်ကျော်ကြားခဲ့လေ၏။ ဂျာမန်အလုပ်သမားပါတီကိုလည်း အမျိုးသားဆိုရှယ်လစ်ဂျာမန်အလုပ်သမားပါတီ ဟူ၍ အမည်ပြောင်းခဲ့လေ၏။ ထိုပါတီ၏ အတိုကောက်နာမည်မှာ 'နာဇီ'ပါတီ ဟူ၏။ ဥက္ကဋ္ဌကြီးမှာဟားရားဖြစ်ပြီး မကြာခင်မှာပင် ဟစ်တလာနှင့် သဘောမတိုက်ဆိုင်၍ နုတ်ထွက်သွားခဲ့သည်။ ထိုကာလတွင် ဟစ်တလာ၏စည်းရုံးမှုကြောင့် ပါတီဝင်အင်အား ပို၍ပို၍ များ လာခဲ့၏။ မြူးနစ်မြို့ခရိုင် စစ်ဌာနချုပ်မှ စစ်ဗိုလ်ဟောင်း ဗိုလ်ကြီး ရုမ်းမှ ဟစ်တလာကို များစွာ အကူအညီပေးခဲ့၏။
၁၉၂၁ ခုနှစ်တွင် ဟစ်တလာသည် ဘာလင်မြို့သို့ သွားရောက်ခဲ့သည်။ အပြန်တွင် ပါတီတွင်းတိုက်ပွဲ ဖြစ်ခဲ့သည်။ ဟစ်တလာ နိုင်ခဲ့သည်။ အာဏာရှင်ခေါင်းဆောင် စတင် ဖြစ်လာ ခဲ့သည်။ ထိုကာလတွင် ဟစ်တလာဦးဆောင်၍ အခြားပါတီ၏ တရားပွဲဖျက်မှုဖြင့် ထောင်ဒဏ် ၇ လ အပြစ်ပေး ခံခဲ့ရပြီး တစ်လသာ ထောင်ထဲတွင် နေခဲ့ရသည်ဆို၏။ ထောင်မှလွတ်ခဲ့ပြီး ၁၉၂၂ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် ကာကွယ်ရေးဥပဒေ ကြမ်းကို ကန့်ကွက်သည့် လူထုဆန္ဒပြပွဲကြီးကို နာဇီပါတီမှ ဦးဆောင်ကျင်းပခဲ့သည်။ ဟစ်တလာ၏နာမည်မှာ ပို၍ ကျော် ကြားခဲ့လေပြီ။ အာဏာပိုင်များ၏ရန်သူ နံပါတ်တစ် စာရင်းဝင် လည်း ဖြစ်ခဲ့ရလေ၏။
၁၉၂၃ ခုနှစ်တွင် အခြားပါတီ ၄ ပါတီနှင့်ပူးတွဲကော်မတီ ဖွဲ့နိုင်ခဲ့သည်။ နာဇီမုန်တိုင်းတပ်သားများ ဖွဲ့စည်းခဲ့ရာ တပ်သား နှစ်သောင်းကျော်ထိ ရှိခဲ့ပြီး အခြားပါတီနှင့် သမဂ္ဂအဖွဲ့များအံ့ဩ တုန်လှုပ်ခဲ့ကြသည်ဆို၏။ တပ်မှူးအဖြစ် ဂိုအားရင်း၊ ဟင်းမလား၊ စထရက်ဆားတို့ပါဝင်ခဲ့ကြပြီဆို၏။ စက်တင်ဘာလ ၂ ရက်နေ့ တွင် ဟစ်တလာ ဦးဆောင်၍ နျူရင်ဘတ်မြို့တွင် လူထုဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြန်၏။ အောင်မြင်ခဲ့ပြန်၏။ အဆိုပါ ဆန္ဒပြပွဲကြီးတွင် ဗိုလ်ချုပ်ကြီးဟောင်း လူဒင်ဒေါ့ပင်ကိုတိုင် ပါဝင်ခဲ့သည်။ ဟစ်တလာမှာ ပို၍ ကျော်ကြားခဲ့ပြန်လေ၏။
ဟစ်တလာသည် နိုင်ငံရေးတွင် အနိုင်ရရေး၊ နေရာရရှိ ရေး၊ အသိအမှတ်ပြုလာစေရေးအတွက် နည်းမျိုးစုံအဖုံဖုံ အသုံးပြု ခဲ့သည်ဆိုကြ၏။ ထိုကာလတွင် ဟစ်တလာသည်'အာဏာသိမ်းပွဲ' လုပ်ခဲ့သေး၏။ မအောင်မြင်ခဲ့ပါ။ ထောင်ဒဏ် ၅ နှစ် အပြစ်ပေး ခံခဲ့ရ၏။ နိုင်ငံတော် ပုန်ကန်မှုဖြင့် ၁၉၂၄။ ၁၉၂၅ ခုနှစ်တွင် ထောင်မှလွတ်ခဲ့ပြန်လေ၏။ ဟစ်တလာ ကို စကားမပြောရဟု အာဏာပိုင်များမှ အမိန့်ထုတ်ခဲ့လေ၏။ ၁၉၂၈ ခုနှစ်အထိ။ ထို့ကြောင့် စာရေး၍ စာအုပ်ထုတ်ဝေခဲ့လေ၏။ 'ကျွန်ုပ်၏ကြိုးပမ်းမှု'စာအုပ် ၁၉၂၆ ခုနှစ်တွင် ဝိုင်းမားမြို့တွင် ဆန္ဒပြပွဲကို ဦးဆောင်ခဲ့။ ထိုကာလတွင် ပါတီဝင်ဦးရေမှာ သိန်း ကျော်ခဲ့ပြီဆို၏။ ၁၉၂၉ ခုနှစ်တွင် နှစ်သိန်းနီးပါးရှိခဲ့သည်။ နာဇီပါတီဝင် များကို နာဇီကျောင်းသားအဖွဲ့၊ နာဇီမုန်တိုင်းတပ်ဖွဲ့၊ နာဇီကျောင်း ဆရာများအဖွဲ့၊ နာဇီဆရာဝန်သမဂ္ဂ၊ နာဇီရှေ့နေများသမဂ္ဂ၊ နာဇီ လူငယ်အဖွဲ့ စသည့် အဖွဲ့ပေါင်းများစွာ ဖွဲ့စည်းပေးခဲ့သည်။ ၁၉၃ဝ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးတွင် နာဇီပါတီ အနိုင်ရလုလုနီးပါးဖြစ်ခဲ့ပြီး ၁၉၃၁ ခုနှစ်တွင် နာဇီမုန်တိုင်းတပ်သားပေါင်းပင် တစ်သိန်းနီးပါး ရှိခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် နာဇီပါတီအာဏာ ရလာခဲ့လေ၏။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာ သည် ဂျာမနီပြည်၏ ဝန်ကြီးချုပ်ရာထူးကို တရားဝင် ရရှိခဲ့လေ သည်။ ပါလီမန်တွင် ဆက်လက်အနိုင်ရရှိအောင် ကြိုးစာခဲ့ရာတွင်လည်း နည်းမျိုးစုံဖြင့်ကြိုးစားခဲ့ရာ အနိုင်ရရှိခဲ့လေ၏။
၁၉၃၄ခုနှစ်တွင် ဂျာမနီနိုင်ငံတော်သမ္မတကြီးဟင်ဒင်ဘတ် ကွယ်လွန်ခဲ့ရာ တစ်နာရီအတွင်းမှာပင် ဝန်ကြီးချုပ်ဟစ်တလာသည် သမ္မတကြီး၏ အရိုက်အရာကို ဆက်ခံရုံမျှမက ဂျာမန် လက်နက်ကိုင်တပ်ပေါင်းစုံ၏ စစ်သေနာပတိချုပ်ရာထူးကိုပါယူ၍ နိုင်ငံတော်ကို ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟူ၏။ ၁၉၃၅ ခုနှစ်တွင် အင်္ဂလိပ်၊ ပြင်သစ်အပါအဝင် နိုင်ငံကြီးများသည် ဟစ်တလာ အန္တရာယ်ကို ကြိုမြင်ခဲ့ကြရလေသည်။ ဂျာမနီသည် စစ်အင်အားကို တဖြည်းဖြည်း တိုးချဲ့ခဲ့ရာ စစ်သားဦးရေ ၅ သိန်း ၅ သောင်းပင် ရှိခဲ့သည်ဆို၏။ ဂျာမနီ ကို အိမ်နီးချင်း တိုင်းပြည်များမှ ဝိုင်း၍ ကန့်ကွက်ခဲ့ကြသည်။ သို့သော် ဟစ်တလာသည် ဂရုမစိုက်။
သို့နှင့် ၁၉၃၆ ခုနှစ်၊ မတ်လတွင်ပြင်သစ်ပြည်ကို စတင် တိုက်ခိုက်ခဲ့လေတော့သည်။ အီတလီခေါင်းဆောင် မူဆိုလီနီနှင့် လက်တွဲခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ဩစတြီးယားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ချက်ကိုစလိုဗေးကီးယားကို သိမ်းပိုက်သည်။ ထိုနှစ်မှာပင် ပိုလန်နိုင်ငံကိုလည်း သိမ်းပိုက်ခဲ့လေ၏။ ဂျူးလူမျိုးတို့ သုတ်သင်ရေးစီမံကိန်းကိုလည်း ထိုကာလများတွင် စတင်ခဲ့လေ၏။
၁၉၄ဝ တွင် ဟစ်တလာ၏ အစီအစဉ်များသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည် ဆိုကြရလေ၏။ ဗြိတိသျှ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နော်ဝေးတို့၏ တပ်ပေါင်းများစွာ၊မြို့ ပေါင်းများစွာမှ ဂျာမနီတပ်များကို ခုခံတိုက်ခိုက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံကို ဝင်ရောက် တိုက်ခိုက်ခဲ့လေ၏။ သို့သော် ဟစ်တလာ၏စစ်မျက်နှာများ လက်တံရှည်လျားလှသဖြင့် ထိုအချိန်မှစ၍ မနိုင်မနင်းဖြစ်ကာရှိနေခိုက်တွင် ဂျပန်နှင့်လည်း မဟာမိတ်ဖွဲ့ခဲ့သေး၏။ သို့သော် ထိုအချိန်တွင် ဟစ်တလာသည် စစ်ပန်းနေခဲ့ပြီ။ မကြာခင်မှာပင် ဂျပန်တို့၏ ပုလဲဆိပ်ကမ်းဗုံးကြဲ မှုကြီးသည် အမေရိကန်တို့ ရန်စကျူးကျော်ခြင်းဖြစ်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းသို့ အမေရိကန် ဝင်ရောက်လာခဲ့ခြင်းသည် ဟစ်တလာနှင့် နောက်ပါမိတ်ဆွေနိုင်ငံများအတွက် ဆုံးရှုံးခြင်း နိမိတ်ဟု ယူဆခဲ့ကြသည်ဆို၏။ ထိုသို့နှင့် ၁၉၄၁-၄၂-၄၃-၄၄ ခုနှစ်များတွင် ဟစ်တလာ သည် ဘေးကြပ်နံကြပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး တစတစ စစ်ရှုံးကာ မျက်ကန်းတစ္ဆေမကြောက် ပုံစံနှင့်သာရှိနေခဲ့လေ၏။ ၁၉၄၅ ခုနှစ်တွင် ဟစ်တလာ၏ ရှိသမျှတပ်ပေါင်းများစွာ ပျက်စီးခဲ့၍ မဟာမိတ်တပ်များနှင့် ဆိုဗီယက်တပ်နီတော်၏ ထိုးစစ်ဒဏ် များကို လုံးဝခုခံနိုင်ခြင်းမရှိတော့ဘဲ ပြိုကွဲပျက်စီးခဲ့ရလေတော့ သည်။ ဟစ်တလာကို လုပ်ကြံမှုကြီးပေါင်းများစွာနှင့်သေကြောင်း ကြံစည်ခဲ့ကြသော်လည်း မသေခဲ့ဘဲ သူ၏ဝန်မခံသော နောက်ဆုံးချစ်သူ အိဗာဗရွန်းနှင့်အတူ ၁၉၄၅ ခုနှစ်၊ ဧပြီလတွင် နောက်ဆုံးနေထိုင်ရာ စံအိမ်တော်ဝင်း ပုန်းခိုကျင်းကြီးထဲတွင်မိမိကိုယ်မိမိ သေနတ်ဖြင့် သေကြောင်းကြံ ကွယ်လွန်ခဲ့သည်ဟုသိရှိ ကြရသည်။ [2]
သူ၏မွေးရပ်မြေမှ ဂျာမနီနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပြီး ဂျာမနီ နိုင်ငံရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်မှစ၍ ဂျာမန် အမျိုးသားဆိုရှယ်လစ်အလုပ်သမားများပါတီ (NSDAP) ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ၁၉၃၃ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ်၊ ၁၉၃၄ ခုမှစ၍ သေဆုံးသည့် ၁၉၄၅ ခုနှစ်အထိ သူ့ကိုယ်သူ "အမျိုးသားခေါင်ဆောင်" ဟုအမည်တပ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အစိုးရအဖွဲ့ ဥက္ကဋ္ဌ ရာထူးများကို တစ်ဦးတည်း သိမ်းပိုက်ကာ တိုင်းပြည်အာဏာကို ထင်သလို ခြယ်လှယ်ခဲ့သူ တစ်ဦးဖြစ်သည်။ သူသည် ၁၉၄၅ ခု ဧပြီလ ၃၀ ရက်နေ့တွင် သူနေထိုင်ရာ ဘာလင်မြို့နန်းတော်တွင်း၌ သူ့ကိုယ်သူပင် အဆုံးစီရင်ခဲ့သည်။
နာဇီဝါဒ(၁၂)ချက်
1.ဂျာမန်အင်ပါယာချဲ့ထွင်ခြင်း။ 2.ယုဒလူမျိုး(ဂျူးလူမျိုး)ကိုဆီးမိုက်ညှင်းပန်းနှိပ်စက်ခြင်း။ 3.လက်အောက်ခံနယ်မြေပြန်လည်ရရှိရေး။ 4.Nordic အမျိုးသားများ၏ကြီးမြတ်မှု 5.ဗာဆိုင်းစာချုပ်ဖျက်သိမ်းရေး။ 6.စစ်ပွဲတွင်ဂျာမနီသည်အပြစ်ရှိသည်ဟုငြင်းဆိုသည်။ 7.သာတူညီမျှလက်နက်ရရှိရေး။ 8.လူမှုရေးဥပဒေပြုပြင်ပြောင်းလဲရေး။ 9.ပိုမိုကောင်းမွန်သောလုပ်ဆောင်နိုင်စွမ်း။ 10.ပစ္စည်းများကိုနိုင်ငံသားပြုခြင်း။ 11.မြေယာပြုပြင်ပြောင်းလဲရေး။ 12.အလုပ်မလုပ်ဘဲအမြတ်ရပိုင်ခွင့်များဖျက်သိမ်းရေး။
နာဇီဝါဒဆိုတာကအကြွင်းမဲ့အာဏာပိုင်အယူအဆ၊အစွန်းရောက်အမျိုးသားရေးဝါဒ၊လူမျိုးရေးဝါဒနဲ့စစ်တပ်ချဲ့ထွင်ရေးဝါဒတွေရောထားတဲ့ ဖက်ဆစ်ဝါဒအသွင်ကွဲတစ်မျိုးဖြစ်တယ်