ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း
ဂျပန် ရုပ်သံလွှင့် ကုမ္ပဏီ / From Wikipedia, the free encyclopedia
ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (ဂျပန်ဘာသာ : 日本放送協会 ၊ Hepburn: Nippon Hōsō Kyōkai ၊ တရားဝင် အင်္ဂလိပ်ဘာသာ : Japan Broadcasting Corporation ၊ အတိုကောက် : NHK ) သည် ဂျပန်နိုင်ငံအစိုးရ ၏ ရုပ်သံထုတ်လွှင့်ခြင်း ဥပဒေအောက်ရှိ ပြည်သူပိုင် အများပြည်သူ့ အကျိုးပြု ရုပ်သံလွှင့်လုပ်ငန်း တစ်ခုဖြစ်သည်။[2] NHK ဟု သာ လူသိများပြီး အများပြည်သူ ထံမှ ကောက်ခံရရှိသော ရုပ်မြင်သံကြား လိုင်စင်ကြေးများ ဖြင့် လုပ်ငန်း လည်ပတ်နေသည်။ [3]
ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) ၏ အမှတ်တံဆိပ်,၁၉၉၅ခုနှစ် ကစတင်သုံးစွဲပြီး NHK eggs ဟုလူသိများသည်။ | |
အမျိုးအစား | ရေဒီယို, မြေပြင်အခြေစိုက် ရုပ်သံထုတ်လွှင့်ခြင်း နှင့် ဂြိုဟ်တုရုပ်သံထုတ်လွှင့်ခြင်း |
---|---|
နိုင်ငံ | ဂျပန် |
ဖမ်းယူရရှိနိုင်မှု | နိုင်ငံတစ်ဝန်း ၊ ကမ္ဘာတစ်ဝန်း |
တည်ထောင်သည့်နှစ် | ၁၉၂၄ခုနှစ် နိုဝင်ဘာလ ၂၉ရက် |
ကြော်ငြာ | まっすぐ、真剣。 ("Straightforward, earnest")[1] |
ထုတ်လွှင့်သည့် ဧရိယာ | ဂျပန် |
ဧရိယာ | ရှီဘူရ ၊ တိုကျိုမြို့ |
ပိုင်ဆိုင်သူ | ဂျပန်အစိုးရ ၏ ရုပ်သံထုတ်လွှင့်ခြင်း ဥပဒေအောက်ရှိ ပြည်သူပိုင်လုပ်ငန်း |
အရေးပါ ပုဂ္ဂိုလ် | Ryoichi Ueda, ဥက္ကဋ္ဌ Hikaru Doumoto, ဒု ဥက္ကဋ္ဌ |
စတင်ထုတ်လွှင့်သည့်ရက် | မတ်လ ၁၉၂၅ (ရေဒီယို) နိုဝင်ဘာလ ၁၉၅၀ (ဖေဖော်ဝါရီလ ၁၉၅၄) (ရုပ်မြင်သံကြား) |
ယခင်အမည်များ | တိုကျို/အိုဆာကာ/နာဂိုရာ ရုပ်သံလွှင့်ဌာန (၁၉၂၅-၂၆) |
Callsign meaning | Nippon Hōsō Kyōkai |
တရားဝင် ဝက်ဘ်ဆိုဒ် | nhk.or.jp |
ဖမ်းယူရရှိနိုင်မှု | |
---|---|
မြေပြင် | |
NHK General | Digital–Ch 1 (တိုကျို, အိုဆာကာ) Digital–Ch 3 (နာဂိုရာ) |
NHK Educational TV | Digital–Ch 2 (တိုကျို, အိုဆာကာ, နာဂိုရာ) |
ဂြိုဟ်တု | |
NHK BS 1 | Digital-Ch 101 |
NHK BS Premium | Digital–Ch 103 |
NHK World-Japan | nhkTV, nhkRadio Japan |
အွန်လိုင်းမီဒီယာ | |
NHK World | NHK World English - www3.nhk.or.jp/nhkworld/en/live/ |
ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း မှ မြေပြင်ရုပ်သံလိုင်း နှစ်လိုင်း ( NHK General TV နှင့် NHK Educational TV) ၊ ဂြိုဟ်တုရုပ်သံလိုင်း လေးလိုင်း (NHK BS 1၊NHK BS Premium၊NHK BS 4K နှင့် NHK BS 8K) နှင့် ရေဒီယို သုံးလိုင်း (NHK Radio 1၊ NHK Radio 2 နှင့် NHK FM) တို့အား ထုတ်လွှင့်နေသည်။ မြေပြင်အခြေစိုက် ရုပ်သံလိုင်း နှင့် ဂြိုဟ်တုရုပ်သံလိုင်းများ မှာ အရည်အသွေးမြင့် ရုပ်သံလိုင်းများ ဖြစ်ကြသည်။
ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း သည် နိုင်ငံတကာ ရုပ်သံလွှင့် ဝန်ဆောင်မှုများ အဖြစ် NHK WORLD TV ၊ NHK WORLD Premium နှင့် ရေဒီယို ဂျပန် တို့ဖြစ်ပြီး အွန်လိုင်းစာမျက်နှာမှ လည်းကြည့်ရှနိုင်သည်။