NHK World-Japan
From Wikipedia, the free encyclopedia
NHK WORLD သည် ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) ၏ နိုင်ငံတကာ ရုပ်သံထုတ်လွှင့်ခြင်း ဝန်ဆောင်မှု တစ်ခုဖြစ်သည်။ အဆိုပါ ရုပ်သံဝန်ဆောင်မှု သည် ဘီဘီစီကမ္ဘာတစ်လွှား ၊ DW ၊ ပြင်သစ် ၂၄ (France 24) နှင့် အာတီ (RT) စသည့် ကမ္ဘာသတင်းဌာနများ နည်းတူစွာ ပင်လယ်ရပ်ခြား ကမ္ဘာ နိုင်ငံများသို့ ရည်ရွယ်လျက် ဂြိုဟ်တုရုပ်သံထုတ်လွှင့်ခြင်း ၊ ကေဘယ်လ်ရုပ်သံထုတ်လွှင့်ခြင်း နည်း များဖြင့် သာမက အင်တာနက်စာမျက်နှာများ နှင့် မိုဘိုင်းဖုန်း အပလီကေးရှင်းများ မှတစ်ဆင့် ထုတ်လွှင့်ပေးနေသည်။ NHK WORLD-JAPAN မှ NHK World Radio Japan ၊NHK World TV နှင့် NHK World Premium စသည့်တို့အားဝန်ဆောင်မှုပေးနေသည်။ ထို့အပြင် NHK WORLD-JAPAN ၏ အစီအစဉ်များကို အင်တာနက် စာမျက်နှာတွင်လည်း ကြည့်ရှုနိုင်သည်။[1]
NHK World-Japan | |
---|---|
စတင်ခြင်း | ဧပြီလ ၊ ၁ ၊ ၁၉၉၈ |
ပိုင်ဆိုင်သူ | ဂျပန် ရုပ်သံလွှင့် ကော်ပိုရေးရှင်း (NHK) |
ရုပ်ပုံအမျိုးအစား | 1080i 16:9 (HDTV) |
ဆောင်ပုဒ် | Widening Horizons |
နိုင်ငံ | ဂျပန် |
ဘာသာစကား | ဂျပန်ဘာသာ, အင်္ဂလိပ်ဘာသာ |
ထုတ်လွှင့်သည့် ဧရိယာ | ကမ္ဘာတစ်ဝန်း |
ဌာနချုပ်များ | တိုကျိုမြို့၊ ဂျပန်နိုင်ငံ |
ညီအစ်မရုပ်သံလိုင်း(များ) | NHK General TV NHK Educational TV NHK BS 1 NHK BS Premium NHK World Premium |
ဝက်ဘ်ဆိုဒ် | www3.nhk.or.jp/nhkworld (အင်္ဂလိပ်ဘာသာ) www3.nhk.or.jp/nhkworld/my/ (မြန်မာဘာသာ) |
၂၀၂၀ခုနစ်တွင် အိမ်ရှင်အဖြစ် ကျင်းပမည့် တိုကျိုအိုလံပစ် နှင့် ပါရာလင်းပစ် အားကစားပြိုင်ပွဲ များ ကျင်းပရန်အချိန်နီးကပ်လာချိန်တွင် ဂျပန်နိုင်ငံ၏ ရုပ်သံထုတ်လွှင့်ခြင်းဝန်ဆောင်မှု အား သတိပြုမိလာစေဖို့ ရည်ရွယ်ပြီး ၂၀၁၈ခုနှစ် ဧပြီလ တွင် NHK WORLD မှ NHK WORLD-JAPAN အဖြစ်အမည် ပြောင်းလဲခဲ့သည်။[2][3]