ရေဒီယို
From Wikipedia, the free encyclopedia
ရေဒီယို (အင်္ဂလိပ်: Radio) ဆိုသည်မှာ မျက်စိနှင့် မမြင်နိုင်သော အလင်းအောက် တိုသော ကြိမ်နှုံး (Frequency) ရှိသည့် လျှပ်စစ်သံလိုက်လှိုင်းများကို လှိုင်းခွင်သ၍ အချက်ပြ(Signal)များ အဖြစ် ထုတ်လွှင့်ခြင်းကို ခေါ်ဆိုသည်။ ၎င်း လျှပ်စစ်သံလိုက်လှိုင်းများသည် လေထုအတွင်းနဲ့ လေဟာနယ်အတွင်းရှိ လျှပ်စစ်သံလိုက်စက်ကွင်းတွင် လှိုင်းခွင် တက်ကျညီညီဖြင့် ဖြတ်သန်းကာ သွားနိုင်သည်။ ၎င်းလှိုင်း၏ ကြိမ်နှုန်း (Frequency)၊ လှိုင်းခွင် (Amplitude) နှင့် လှိုင်းအသွင်(Phase) စသည့် တန်ဖိုးများ စနစ်တကျ အလိုက်သင့် ပြောင်းလဲခြင်းဖြင့် သတင်းအချက်အလက်များကို သယ်ယူပို့ဆောင်ပေးသည်။ ဤရေဒီယိုလှိုင်းများ လျှပ်ကူးပစ္စည်းတစ်ခု အတွင်း ဖြတ်သန်းသောအခါ လှိုင်းညှို့မှုဖြစ်ပေါ်လာပြီး လျှပ်ကူးပစ္စည်းအတွင်း သွင်ပြောင်းလျှပ်စီး (Alternating Current) ကို ဖြစ်ပေါ်စေသည်။ ၎င်း လျှပ်စီးကို ဖမ်းယူ၍ သတင်းအချက်အလက်များ သယ်ဆောင်လာသော အသံ(သို့မဟုတ်) အခြား အချက်ပြများအဖြစ် ပြောင်းလဲနိုင်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
လျှပ်စစ်သံလိုက်လှိုင်းနှင့် ၎င်း၏ စမ်းသပ်မှုများ၊ ကြိုးမဲ့ ဆက်သွယ်ရေး စနစ်နှင့် ၎င်း၏ နည်းပညာ ဖွံ့ဖြိုးမှု၊ ရေဒီယို ထုတ်လွှင့်ခြင်းနှင့် ဈေးကွက်ဝင်လူသုံးများလာစေရေး ကြိုးပမ်းမှု စသည့် သိသာထင်ရှားသော ဖြစ်ပေါ် တိုးတက်မှုများနှင့်အတူ ယှဉ်တွဲလျက် ရေဒီယိုဟူသော စကားလုံး၏ အဓိပ္ပာယ်နှင့် အသုံးတွင်ကျယ်မှုများလာခဲ့သည်။ မြောက်မြားလှစွာသော တီထွင်သူများ၊ အင်ဂျင်နီယာများ၊ ထပ်မံအဆင့်မြှင့်သူများ၊ စီးပွားရေး လုပ်ငန်းရှင်များစွာ ဤ ရေဒီယို၏ ခေတ်ရှေ့ပြေးသော အသုံးချအတတ်ပညာရရှိအောင် ဆောင်ရွက်လာခဲ့ကြတဲ့အတွက် ရေဒီယိုပညာ စတင်တွေ့ရှိလာခဲ့ပုံနဲ့ တီထွင်သူ မည်သူနည်း ဆိုတဲ့ ကိစ္စသည် အငြင်းပွားဖွယ် ကိစ္စဖြစ်လာခဲ့သည်။
စကော့လူမျိုး သိပ္ပံပညာရှင် ဂျိမ်းစ်ကလာ့ခ် မက်စ်ဝဲက လျှပ်စစ်သံလိုက်ဖြစ်ခြင်း အယူအဆကို ရှင်းပြဖို့ရာ သီအိုရီအခြေခံကို စတင်ဖော်ထုတ်ခဲ့သည်။ လျှပ်စစ်နှင့် သံလိုက်လှိုင်း ၂ ခုကို ပေါင်းစပ်ပြီး လျှပ်စစ်သံလိုက်လှိုင်းထုတ်လုပ်နိုင်သည်ဟု သူ ဟောကိန်းထုတ်ခဲ့သည်။ ဂျာမနီ သိပ္ပံပညာရှင် ဟိန်းရစ်ချ် ဟာ့စ်က ၁၈၈၈ မှာ Sparkgap Transmitter ကို ကြိမ်နှုံး အလွန်မြင့်တဲ့ အခြေအနေမှာ အသုံးပြုပြီး ရေဒီယိုလှိုင်းများ ထုတ်လုပ်နိုင်ကြောင်းနဲ့ လှိုင်းကို အာရုံခံနိုင်ကြောင်း သက်သေပြခဲ့သည်ဟု မှတ်သားထားတာ တွေ့ရှိရသည်။
၁၈၉၃ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက နီကိုလာ တက်စလာ မှာ ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာ၏ ဥပဒေသများကို ပထမဦးဆုံး အကြိမ် လက်တွေ့ သရုပ်ပြသခဲ့သည်။ တက်စလာက အဲဒီနောက်မှာ အမေရိကန်နိုင်ငံတွင်း ယင်းနည်းပညာအတွက် မူပိုင်ခွင့်ရရှိခဲ့သည်။ အဲဒီအချိန်က ပထမကမ္ဘာစစ်အတွင်း ၎င်း၏ စက်ပစ္စည်းများ အသုံးချမှု မူပိုင်ခွင့်အတွက် မာကိုနီ ကုမ္ပဏီက အမေရိကန် အစိုးရကို တရားစွဲဆိုခဲ့မှုစတဲ့ အချက်တွေက ဒီမူပိုင်ခွင့်ကို တက်စလာ ရယူသွားနိုင်ခြင်းကို အများကြီး လွှမ်းမိုးသည်ဟု ယူဆကြသည်။ ရူပဗေဒနဲ့ တီထွင်သူများဖြစ်ကြတဲ့ ဂျွန်စတုံး စတုံးနဲ့ အလက်ဇန္ဒား စတပ္ပါနိုဗစ် ပိုပေါ့တို့က တက်စလာကို ကြိုးမဲ့ဆက်သွယ်မှုနည်းပညာ စတင် အသုံးချသူလို့ သတ်မှတ်ခဲ့ကြသည်။
၁၈၉၄ခုနှစ် ဩဂုတ်လမှာ အင်္ဂလိပ် ရူပဗေဒပညာရှင်နှင့် စာရေးဆရာလည်းဖြစ်သူ အိုလီဗာ လော့ဒ်ဂျ်ဟာ အောက်စဖို့ဒ် တက္ကသိုလ်မှာ ကျင်းပတဲ့ ဗြိတိသျှ သိပ္ပံပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်း အစည်းအဝေးမှာ ရေဒီယို အချက်ပြ စတင်ထုတ်လွှင့်ပြနိုင်ခဲ့သည်။ ၁၈၉၅ ခုမှာ အီတလီ တီထွင်သူ ဂါ့တ်လီယယ်မို မာကိုနီက ကြိုးမဲ့ဆက်သွယ်မှု နည်းပညာကို ဈေးကွက်ဝင်တဲ့ စနစ်ဖြစ်အောင် ထပ်မံ မွမ်းမံခဲ့သည်။ ၁၈၉၆ ခုနှစ်မှာ ဗြိတိသျှမူပိုင်ခွင့် အာဏာပိုင်ရုံးမှနေ၍ ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ ကြေးနန်းဆိုင်ရာ မူပိုင်ခွင့်ကို ပေးအပ်ခဲ့သည်။ စကော်လာများ သမိုင်းပညာရှင်များက မာကိုနီကို ကျေးဇူးတင်ခဲ့ကြတယ်။ ကြိုးမဲ့ကြေးနန်း နည်းပညာ ဖွံ့ဖြိုးရေးအတွက် ပါဝင်လုပ်ဆောင်ခဲ့သည့် အတွက် သက္ကရာဇ် ၁၉၀၉ ခုနှစ်ရဲ့ ရူပဗေဒဆိုင်ရာ နိုဗယ်ဆုကို ကားလ်ဖာဒီနန် ဘရောင်းနဲ့ အတူ ပူးတွဲ ချီးမြှင့်ခံခဲ့ရသည်။ သက္ကရာဇ် ၁၉၄၃ မှာတော့ အမေရိကန်နိုင်ငံ တရားရုံးချုပ်ကနေ မာကိုနီရဲ့ ကြိုးမဲ့ ကြေးနန်းမူပိုင်ခွင့်ကို ကျော်ပြီး နီကိုလာ တက်စလာကို မူပိုင်ခွင့်ပြန်ပေးခဲ့သည်။