ဗွိုင်ယေဂျာ ၁ အာကာသယာဉ်
From Wikipedia, the free encyclopedia
ဗွိုင်ယေဂျာ ၁ (အင်္ဂလိပ်: Voyager 1) အာကာသယာဉ်သည် နေအဖွဲ့အစည်းအပြင်ပိုင်းနှင့် ကြယ်တာရာကြားနယ်များကို လေ့လာရန် အမေရိကန် အမျိုးသားလေကြောင်းနှင့် အာကာသစီမံခန့်ခွဲရေးဌာနက ၁၉၇၇ခုနှစ်၊ စက်တင်ဘာ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အာကာသယာဉ်သည် Deep Space Network သို့ သတင်းအချက်အလက်များ ပို့ပေးသည်။ ၂ဝ၁၅ ခုနှစ်တွင် ၁၃၂ AU အကွာသို့ရောက်ရှိကာ ကမ္ဘာပေါ်မှ လူလုပ်အာကာသယာဉ်များထဲတွင် အဝေးဆုံးသို့ရောက်ရှိသော အာကာသယာဉ် ဖြစ်လာသည်။[3]ဗွိင်ယေဂျာ ၁ အာကာသယာဉ်သည် ယခုအချိန်တွင် ဟေလီယိုစဖီးယားအလွှာ၏ အပြင်ဘက်အကျဆုံးအလွှာဖြစ်သော ဟီလီယိုအာ့သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်တွင် နာဆာမှ သိပ္ပံပညာရှင်များသည် နေအဖွဲ့အစည်းမှ ထွက်လာသော ပထမဆုံးအာကာသယာဉ် တစ်စင်းဖြစ်လာပြီဟု အစီရင်ခံတင်ပြခဲ့သည်။
ဗွိုင်ယေဂျာ အာကာသယာဉ်ဒီဇိုင်း၏ ပုံစံနမူနာ | |||||
မက်ရှင်အမျိုးအစား | Outer planetary, heliosphere, and interstellar medium exploration | ||||
---|---|---|---|---|---|
အော်ပရေတာ | NASA / Jet Propulsion Laboratory | ||||
COSPAR အိုင်ဒီ | 1977-084A[1] | ||||
ဂြိုလ်တု ကတ်သလောက်နံပါတ် | 10321[2] | ||||
ဝဒ်ဆိုဒ် | voyager.jpl.nasa.gov | ||||
မက်ရှင်ကြာမြင့်ချိန် |
| ||||
အာကာသယာဉ် ဂုဏ်သတ္တိများ | |||||
အာကာသယာဉ် အမျိုးအစား | Mariner Jupiter-Saturn | ||||
ထုတ်လုပ်သူ | Jet Propulsion Laboratory | ||||
ပစ်လွှတ် ထုထည် | ၈၂၅.၅ kg (၁,၈၂၀ lb) | ||||
ပါဝါ | 470 watts (at launch) | ||||
မက်ရှင် စတင်ခြင်း | |||||
ပစ်လွှတ်နေ့ | September 5, 1977, 12:56:00 (1977-09-05UTC12:56Z) UTC | ||||
ဒုံးပျံ | Titan IIIE | ||||
ပစ်လွှတ်နေရာ | Cape Canaveral Launch Complex 41 | ||||
ဂျူပီတာဂြိုဟ်ကို ဖြတ်၍ပျံသန်း | |||||
အနီးဆုံး ချဉ်းကပ်မှု | March 5, 1979 | ||||
အကွာအဝေး | ၃၄၉,၀၀၀ km (၂၁၇,၀၀၀ mi) | ||||
စနေဂြိုဟ်ကို ဖြတ်၍ပျံသန်း | |||||
အနီးဆုံး ချဉ်းကပ်မှု | November 12, 1980 | ||||
အကွာအဝေး | ၁၂၄,၀၀၀ km (၇၇,၀၀၀ mi) | ||||
တိုက်တန်ကို ဖြတ်၍ပျံသန်း (atmosphere study) | |||||
အနီးဆုံး ချဉ်းကပ်မှု | November 12, 1980 | ||||
အကွာအဝေး | ၆,၄၉၀ km (၄,၀၃၀ mi) | ||||
----
|
ဗွိုင်ယေဂျာစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ်၊ ယင်း၏ညီမ ဗွိုင်ယေဂျာ ၂ အာကာသယာဉ်ကဲ့သို့ပင် ခရီးစဉ်ချဲ့ထားသည်။ ယင်း၏လုပ်ငန်းမှာ ကျူးပါးခါးပတ်၊ ဟီလီယိုစဖီးယားနှင့် ကြယ်တာရာ ကြားခံနယ်တို့ပါဝင်သော နေအဖွဲ့အစည်း၏ အပြင်ဘက်အား လေ့လာရန်ဖြစ်သည်။ အဓိက မက်ရှင်မှာ ၁၉၇၉ ခုနှစ်တွင် ဂျိုဗီယမ် စနစ်အားလည်းကောင်း ၁၉၈ဝ ခုနှစ်တွင် စေတန်ရီယမ် စနစ်အားလည်းကောင်း ဝင်ရောက်ခဲ့ပြီးနောက် ၁၉၈ဝ ခုနှစ် နိုဝင်ဘာ၂ဝ ရက်နေ့တွင် ပြီးဆုံးခဲ့သည်။ ယင်းသည် အကြီးမားဆုံး ဓာတ်ငွေ့ဂြိုဟ်နှင့် ဂြိုဟ်ရံလများ၏အသေးစိတ်ဓာတ်ပုံများကို ဖမ်းယူနိုင်ခဲ့သော အာကာသယာဉ် ဖြစ်လာခဲ့သည်။