ဟေလီယိုစဖီးယား
From Wikipedia, the free encyclopedia
ဟေလီယိုစဖီးယား ဟူသည် နေ၏ မဂ္ဂနက်တိုစဖီးယားအလွှာ၊ အာစထရိုစဖီးယားအလွှာနှင့် အပြင်ဘက်အကျဆုံးအလွှာဖြစ်သည်။ ဟေလီယိုစဖီးယားအလွှာ၏ နေ၏ သံလိုက်စက်ကွင်းများသဖွယ်ပြုမူပြီး နဂါးငွေ့တန်း ဂယ်လက်ဆီမှ ရောက်လာသော ကော့မစ်ရောင်ခြည်များ၊ ဂါမာရောင်ခြည်ကဲ့သို့သော အန္တရာယ်ရှိသည့်ရောင်ခြည်များကို ကာကွယ်ပေးသည်။ ဟေလီယိုစဖီးယားဟူသောအမည်ကို Alexander J. Dessler ဆိုသူက ၁၉၆၇ ခုနှစ် သိပ္ပံစာပေတွင် ပထမဆုံးအသုံးပြုခဲ့သောကြောင့် ခေါ်ဆိုသည့်အမည်ဖြစ်သည်။[1] ဟေလီယိုစဖီးယားကိုလေ့လာသည့် သိပ္ပံလေ့လာမှုကို ဟေလီယိုရူပဗေဒဟုခေါ်ဆိုပြီး အာကာသရာသီဥတုတို့ ပါဝင်သည်။
| |||||
|
ဗွိုင်ယေဂျာအာကာသယာဉ် ၂ စင်းသည် termination shock နှင့် heliosheath ကိုကျော်ဖြတ်ကာ ဟေလီယိုစဖီးယားအပြင်ဘက်သို့ စူးစမ်းလေ့လာခဲ့သည်။ ဗွိုင်ယေဂျာ ၁ သည် ၂၀၁၂ ခုနှစ် ဩဂုတ်လ ၂၅ ရက်တွင် heliopause သို့ရောက်ရှိခဲ့ပြီး ပလာဆမာ သိပ်သည်းဆ ရုတ်တရက် ၄၄ ဆ များလာသည်ကို ခြေရာခံမိသည်။[2] ဗွိုင်ယေဂျာ ၂ သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၅ ရက်တွင် heliopause ကို ဖြတ်သန်းခဲ့သည်။[3] heliopause သည် နေစကြဝဠာနှင့် အခြားဂယ်လက်ဆီများ၏ နယ်နိမိတ်ဖြစ်သောကြောင့် ဟေလီယိုစဖီးယားမှထွက်ခွာသွားသည့် ယင်းအာကာသယာဉ် ၂ စင်းသည် ကြယ်တာကြားခံ အာကာသယာဉ်များအဖြစ် မှတ်တမ်းဝင်ကြသည်။