From Wikipedia, the free encyclopedia
၂၀၂၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2026 Asian Games) သည် ဂျပန်နိုင်ငံ၊ နာဂိုယာမြို့တွင် ကျင်းပမည့် အကြိမ် (၂၀)မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ၂၀၂၆ခုနှစ် စက်တင်ဘာ ၁၉ရက်နေ့မှ အောက်တိုဘာ ၄ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။ နာဂိုယာမြို့သည် အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပသည့် ဂျပန်နိုင်ငံ၏ တတိယမြောက်မြို့ ဖြစ်လာသည်။ ၁၉၅၈ခုနှစ်တွင် တိုကျိုမြို့၊ ၁၉၉၄ခုနှစ်တွင် ဟီရိုရှီးမားမြို့ တို့၌ လက်ခံကျင်းပခဲ့ဖူးသည်။
ကျင်းပရာမြို့ | နာဂိုယာမြို့ | ||
---|---|---|---|
ဆောင်ပုဒ် | Imagine One Asia (ဂျပန်: ここで、ひとつに, ရောမအက္ခရာ: Koko de, hitotsu ni) [1] | ||
ပါဝင်သော နိုင်ငံများ | ၄၅ (ခန့်မှန်း) | ||
ဖွင့်ပွဲအခမ်းအနား | ၁၉ စက်တင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၄ အောက်တိုဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | ဂျပန်နိုင်ငံဧကရာဇ် သမ္မတ (ခန့်မှန်း) | ||
အဓိကအားကစားကွင်း | မိဇုဟို အားကစားကွင်း | ||
ဝက်ဘ်ဆိုဒ် | aichi-nagoya2026.org | ||
|
၂၀၁၆ခုနှစ် စက်တင်ဘာ ၂၅ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့တွင် ကျင်းပသော အစည်းအဝေး၌ နာဂိုယာမြို့အား ၂၀၂၆ပွဲတော်အတွက် ကျင်းပခွင့် ပေးခဲ့သည်။ မူလက အိုက်ချီစီရင်စုနှင့် ထိုစီရင်စု၏မြို့တော် နာဂိုယာတို့အကြား ဘဏ္ဍာရေးပိုင်း မပြေမလည်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြေလည်သွား၍ အိမ်ရှင်ဖြစ်ခွင့် လျှောက်လွှာအား တင်နိုင်ခဲ့သည်။
၂၀၂၆ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ် | |||||
---|---|---|---|---|---|
မြို့ | အမျိုးသားအိုလံပစ်ကော်မတီ | ပထမအကျော့ | |||
နာဂိုယာမြို့ | ဂျပန် | ပြိုင်ဘက်ကင်း |
၂၀၂၆အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်တွင်ပါဝင်သော မျဉ်းကွေးများသည် အားကစား၏ အသက်ဝင်မှုကို ပြသည်။ ခရမ်းရောင်၊ ရွှေရောင်နှင့် အစိမ်းရောင်တို့ ပါဝင်သော အလယ်မှမျဉ်းဖြောင့်မှာ အာရှအိုလံပစ်ကောင်စီ၏ အမှတ်အသား နေဝန်းနီဆီသို့ ဦးတည်ထားသည်။ ဤသည်မှာ လူများအတူတကွပေါင်းစည်းပြီး အနာဂတ်သို့ ရှေ့ဆက်သွားခြင်းဖြစ်သည်။ အထိမ်းအမှတ်တံဆိပ်အတွက် ယှဉ်ပြိုင်နိုင်ရန် ၂၀၁၉ဆောင်းဦးတွင် ကြေညာခဲ့ပြီး နိုင်ငံအနှံ့မှ ယှဉ်ပြိုင်သော တံဆိပ်ပေါင်း ၈၈၄ ခုရှိခဲ့သည်။ထိုအနက်မှ ဤအမှတ်တံဆိပ်ကို ရွေးချယ်ခဲ့ကြသည်။[2]
အာရှအိုလံပစ်ကောင်စီ အဖွဲ့ဝင်(၄၅)နိုင်ငံ ပါဝင်ယှဉ်ပြိုင်ကြမည်ဟု ခန့်မှန်းရသည်။
IOC | နိုင်ငံ | အားကစားသမားဦးရေ |
---|---|---|
AFG | အာဖဂန်နစ္စတန် | |
BRN | ဘရူနိုင်း | |
BAN | ဘင်္ဂလားဒေ့ရှ် | |
BHU | ဘူတန် | |
BRU | ဘရူနိုင်း | |
CAM | ကမ္ဘောဒီးယား | |
CHN | တရုတ် (အိမ်ရှင်) | |
HKG | ဟောင်ကောင် | |
IND | အိန္ဒိယ | |
INA | အင်ဒိုနီးရှား | |
IRI | အီရန် | |
IRQ | အီရတ် | |
JPN | ဂျပန် | |
JOR | ဂျော်ဒန် | |
KAZ | ကာဇက်စတန် | |
PRK | မြောက်ကိုရီးယား | |
KOR | တောင်ကိုရီးယား | |
KUW | ကူဝိတ် | |
KGZ | ကာဂျစ္စတန် | |
LAO | လာအို | |
LBN | လက်ဘနွန် | |
MAC | မကာအို | |
MAS | မလေးရှား | |
MDV | မော်လဒိုက် | |
MGL | မွန်ဂိုးလီးယား | |
MYA | မြန်မာ | |
NEP | နီပေါ | |
OMA | အိုမန် | |
PAK | ပါကစ္စတန် | |
PLE | ပါလက်စတိုင်း | |
PHP | ဖိလစ်ပိုင် | |
QAT | ကာတာ | |
KST | ဆော်ဒီအာရေးဘီးယား | |
SGP | စင်ကာပူ | |
SRI | သီရိလင်္ကာ | |
SYR | ဆီးရီးယား | |
TPE | တရုတ် တိုင်ပေ | |
TJK | တာဂျစ်ကစ္စတန် | |
THA | ထိုင်း | |
TLS | အရှေ့တီမော | |
TKM | တာ့ခ်မင်နစ္စတန် | |
UAE | အာရပ်စော်ဘွားများပြည်ထောင်စု | |
UZB | ဥဇဘက်ကစ္စတန် | |
VIE | ဗီယက်နမ် | |
YEM | ယီမင် |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.