၂၀၂၀ စားပွဲတင်တင်းနစ် အမျိုးသား ကမ္ဘာ့ဖလား
From Wikipedia, the free encyclopedia
၂၀၂၀ စားပွဲတင်တင်းနစ် အမျိုးသား ကမ္ဘာ့ဖလားကို ၂၀၂၀ အိုင်တီတီအက်ဖ် အမျိုးသား ကမ္ဘာ့ဖလား (2020 ITTF Men's World Cup) ဟုခေါ်ပြီး၊ ၂၀၂၀-ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ဝေးဟိုင်မြို့ တွင် ကျင်းပခဲ့သော စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဖြစ်သည်။[1] ၎င်းသည် အိုင်တီတီအက်ဖ် (ITTF)၏ တရားဝင် အသိအမှတ်ပြုသော ပြိုင်ပွဲကြီး ဖြစ်ပြီး၊ လက်ရှိပြိုင်ပွဲသည် ၄၁ ကြိမ်မြောက် ဖြစ်သည်။ ၎င်းပြိုင်ပွဲသည် အိုင်တီတီအက်ဖ်၏ စားပွဲတင်တင်းနစ် ကစားသမားများအား အဆင့်ခွဲသတ်မှတ်ရာတွင် R1 အဆင့်သတ်မှတ်ချက်ရှိသော ပြိုင်ပွဲအမျိုးအစားဖြစ်ပြီး၊ အပိုဆောင်း အဆင့်ခွဲအမှတ်ပေးစာရင်းတွင် B2 အဖြစ်သတ်မှတ်သည်။[2]
အချက်တိုများ ၂၀၂၀ အိုင်တီတီအက်ဖ် အမျိုးသား ကမ္ဘာ့ဖလား 2020 ITTF Men's World Cup, တည်နေရာ ...
၂၀၂၀ အိုင်တီတီအက်ဖ် အမျိုးသား ကမ္ဘာ့ဖလား 2020 ITTF Men's World Cup | |||||||
---|---|---|---|---|---|---|---|
တည်နေရာ | တရုတ်နိုင်ငံ၊ ရှန်းတုန်းပြည်နယ်၊ ဝေးဟိုင်မြို့ (Weihai) | ||||||
ရက်စွဲ | ၂၀၂၀-ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ | ||||||
ပြိုင်ပွဲဝင်များ | ၂၁ | ||||||
Medalists | |||||||
| |||||||
ပိတ်ရန်