![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/97/The_Earth_seen_from_Apollo_17.jpg/640px-The_Earth_seen_from_Apollo_17.jpg&w=640&q=50)
၂၀ ရာစုနှစ်
ရာစုနှစ် / From Wikipedia, the free encyclopedia
၂၀ ရာစုနှစ် သည် ဇန်နဝါရီ ၁၊ ၁၉၀၁ ခုနှစ်တွင် စတင်ခဲ့ပြီး[3] ဒီဇင်ဘာ ၃၁၊ ၂၀၀၀ ခုနှစ်တွင် ကုန်ဆုံးခဲ့သည်။[4][5] ယင်းသည် ၂ ထောင်စုနှစ်၏ နောက်ဆုံး ရာစုနှစ်ဖြစ်ပြီး ၁၉၀၀ ခုနှစ်များဟု သိကြသည်။ ၂၀ ရာစုတွင် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ စစ်အေးတိုက်ပွဲ၊ နယူကလိစွမ်းအား၊ အမျိုးသားရေးဝါဒ၊ ကိုလိုနီစနစ်ကျရှူံးခြင်း၊ အာကာသ စူးစမ်းလေ့လာရေး၊ ဆက်သွယ်ရေး နည်းပညာ၊ ဆင်းရဲမွဲတေမှု လျှော့ချရေး၊ ကမ္ဘာ့လူဦးရေ တိုးပွားမှု၊ ဂေဟစနစ် ပျောက်ကွယ်မှု အစရှိသည်ဖြင့် များစွာသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်။[6][7] လူ့သက်တမ်းသည် တစ်ကမ္ဘာလုံး ပျမ်းမျှ ၇၀ နှုန်းထားဖြင့် ယခင် ရာစုနှစ်ထက် နှစ် ၄၀ ကျော် တိုးတက်လာခဲ့သည်။[8] ၁၉၂၇ တွင် ကမ္ဘာ့လူဦးရေသည် ၂ ဘီလီယံ ရှိရာမှ ၁၉၉၉ နောက်ပိုင်းတွင် ၆ ဘီလီယံ တိုးပွားလာခဲ့သည်။[9]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/97/The_Earth_seen_from_Apollo_17.jpg/640px-The_Earth_seen_from_Apollo_17.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/7/70/Planetary_boundaries.svg/640px-Planetary_boundaries.svg.png)