ဩဂဲနစ် ဓာတုဗေဒ
From Wikipedia, the free encyclopedia
ဩဂဲနစ် ဓာတုဗေဒ (အင်္ဂလိပ်: Organic Chemistry) ဆိုသည်မှာ ကာဘွန် အခြေခံ ဒြပ်ပေါင်းများ၊ ဟိုက်ဒရိုကာဘွန်များ နှင့် ၎င်းတို့မှ ဆင်းသက်လာသော ဒြပ်ပေါင်းများ၏တည်ဆောက်ပုံ၊ ဂုဏ်သတ္တိ၊ ဖွဲ့စည်းပုံ၊ ဓာတု ဆိုင်ရာ ဓာတ်ပြုပုံ နှင့် ၎င်းတို့အား ဆင်းသစစ်နည်း (synthesis) သို့မဟုတ် အခြားနည်းများဖြင့် ထုတ်လုပ်ပုံတို့ကို သိပ္ပံနည်းကျ လေ့လာသော ပညာရပ်ဖြစ်သည်။ ထိုသို့သော ဒြပ်ပေါင်းများတွင် အခြားဒြပ်စင်များ ဖြစ်သော ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ အောက်ဆီဂျင် နှင့် ဟေလိုဂျင် တို့သာ မက ဖော့စဖရပ်စ်၊ ဆီလီကွန် နှင့် ကန့် တို့လည်း ရောနှောပါဝင်နိုင်သည်။[1][2][3]
ဩဂဲနစ် ဒြပ်ပေါင်းများသည် ဖွဲ့စည်းတည်ဆောက်ပုံ အားဖြင့် အမျိုးမျိုး အစားစား ရှိပြီး ထိုဒြပ်ပေါင်းများအား အသုံးချပုံမှာလည်း အလွန်ကျယ်ပြန့်သည်။ ၎င်းတို့သည် ပလတ်စတစ်များ၊ ဆေးဝါးများ၊ ဓာတုလောင်စာများ၊ အစားအသောက်များ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ သုတ်ဆေးများ အစရှိသည့် ပစ္စည်းအမျိုးမျိုး တို့၏ အခြေခံ သို့မဟုတ် အရေးပါသော အစိတ်ပိုင်း ဖြစ်နိုင်သည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ သက်ရှိတို့တွင် ခြွင်းချက် အချို့မှလွဲ၍ အခြေခံ ဒြပ်ပေါင်း ဖြစ်သည်။
Organic သည် Organism (သက်ရှိ) ဟူသော စကားလုံးမှ ဆင်းသက်လာသည်။ ထို့ကြောင့် ရှေးအခါက Organic Chemistry သည် သက်ရှိများတွင်ဖြစ်သော ဓာတုဒြပ်ပေါင်းများကို လေ့လာသော ဓာတုဗေဒပညာရပ် ဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်။ သက်ရှိများတွင်ဖြစ်သော ဒြပ်ပေါင်းများတွင် အသက်ဓာတ်တစ်မျိုး ပါဝင်နေပြီး အခြား inorganic compounds များနှင့် ဖန်တီးယူ၍မရပါဟု ယူဆခဲ့ကြသည်။
၁၈၂၈ ခုနှစ်တွင် ဂျာမနီနိုင်ငံသား ဓာတုဗေဒပညာရှင် Fredrich wöhler သည် inorganic compound များ ဖြစ်ကြသော ammonium chloride နှင့် silver cyanate တို့ကို အပူပေးခြင်းဖြင့် လူ၏ကျင်ငယ်ရေ (urine) တွင် ပါဝင်သော ယူရီးယား (urea) ကို ထုတ်ယူရရှိနိုင်ခဲ့ သည်။ ထို့နောက် inorganic နှင့် Organic တို့အား ခွဲခြားမှုကိုပြန်လည်ဆန်းစစ်ခဲ့ကြပြီး ပိုမိုတိကျ၍ ခေတ်မီသော အဓိပ္ပာယ်သတ်မှတ်ချက်ကို အောက်ပါအတိုင်းသတ်မှတ်ခဲ့ကြသည်။
Organic chemistry ဆိုသည်မှာ carbon နှင့် carbon ကြား ဓာတ်စည်း (သို့မဟုတ်) carbon နှင့် hydrogen ကြား ဓာတ်စည်း အနည်းဆုံးတစ်ခု ပါဝင်သော ကာဗွန်ဒြပ်ပေါင်းများကို လေ့လာသော ဓာတုဗေဒပညာရပ် ဖြစ်သည်။
~~ဓာတုဆရာလေး