ဒြပ်ပေါင်း
From Wikipedia, the free encyclopedia
ဒြပ်ပေါင်းသည် ဒြပ်စင်နှစ်မျိုး သို့မဟုတ် နှစ်မျိုးအထက် စုတွဲသော မော်လီကျူးများ စုဝေး၍ ဖြစ်စေ ပေါ်ပေါက်လာသော ဒြပ်သားစု ဖြစ်သည်။ ရိုးစင်းသည့် ဒြပ်ပစ္စည်းများအဖြစ် ထပ်မံခွဲခြား၍မရပေ။ ဒြပ်ပေါင်းများသည် သီးခြားသတ္တိနှင့် ဖွဲ့စည်းပုံရှိကြသည်။ ဒြပ်ပေါင်းများတွင် အက်တမ်များ တိကျသည့် အချိုးအဆအလိုက်ပါဝင်ပြီး အချင်းချင်း ဓာတုစည်း (chemical bond) ဖြင့် ဆွဲငင်ထားပြီး စနစ်တကျ စီစဉ်ဖွဲ့စည်းထားသည်။ ဒြပ်ပေါင်းများသည် ဖက်စပ်စည်း (covalent bond)ဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပေါင်းမော်လီကျူး၊ အိုင်ယွန်းနစ်စည်း (ionic bond)ဖြင့် ဖွဲ့စည်းထားသည့် ဆား၊ သတ္တုစည်း (metallic bond)ဖြင့် ဖွဲ့စည်းထားသည့် သတ္တုဒြပ်ပေါင်း သို့ ကိုဩဒနိတ် ဖက်စပ်စည်း (coordinate covalent bond) ဖြင့် ဖွဲ့စည်းထားသည့် ကွန်ပလက်စ် (complex) များဖြစ်နိုင်သည်။ ဒြပ်စင် သို့ မဟုတ် အက်တမ်တစ်မျိုးတည်းသာပါဝင်သည့် ဒြပ်စင်မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည့် ဒြပ်ပစ္စည်းများအား ဒြပ်ပေါင်းဟု မသတ်မှတ်နိုင်ပါ။ [1]