အရှေ့တောင်အာရှနိုင်ငံများအသင်း
အရှေ့တောင်အာရှနိုင်ငံများဖြင့်ဖွဲ့စည်းထားသောနိုင်ငံတကာအသင်း / From Wikipedia, the free encyclopedia
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (Association of Southeast Asian Nations (ASEAN)) သည် အရှေ့တောင်အာရှ ၁၀ နိုင်ငံ ပေါင်းစည်းဖွဲ့စည်းထားသော နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အသင်းဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများသည် ၁၉၆၇ ခုနှစ်တွင် အာဆီယံကြေညာချက် (ဘန်ကောတ်ကြေညာစာတမ်း)ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ကြသည်။ နောင်တွင်မှ ဘရူနိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား စသော နိုင်ငံများပါဝင်လာခဲ့ပြီး ၁၀ နိုင်ငံအထိဖြစ်လာခဲ့သည်။ အာဆီယံသည် အကျယ်အဝန်းအားဖြင့် ကမ္ဘာမြေမျက်နှာပြင် ဧရိယာစုစုပေါင်း၏ ၃% ရှိပြီး စတုရန်း ကီလိုမီတာ ၄.၄၆ သန်း ရှိသည်။ ကမ္ဘာလူဦးရေး စုစုပေါင်း၏ ၈.၈ ရာခိုင်နှုန်း ရှိပြီး ခန့်မှန်းခြေ သန်း ၆၀၀ ရှိသည်။ အာဆီယံ၏ အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်း၍ ကြွယ်ဝသော အသိုင်းအဝန်းတစ်ခုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစွာ ရပ်တည်ရေးတည်ဆောက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်သော စိတ်ဓာတ်များမှတဆင့် ဒေသတွင်း စီးပွားရေး၊ လူမှုရေး တိုးတက်မှုနှင့် ယဉ်ကျေးမှု ဖွံဖြိုးတိုးတက်မှုများကို အရှိန်အဟုန်ဖြင့် မြှင့်တင်ရန် ဖြစ်သည်။
Association of Southeast Asian Nations
| |||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ဆောင်ပုဒ်: "အမြင်တစ်ခု၊ အမှတ်အသားတစ်ခု၊ အသိုင်းအဝိုင်းတစ်ခု" "One Vision, One Identity, One Community"[9] | |||||||||||||||||||||
အဖွဲ့ဝင်နိုင်ငံများ (အစိမ်းရင့်) | |||||||||||||||||||||
အတွင်းဝန်များရုံး | ဂျကာတာမြို့ 6°14.3353′S 106°47.9554′E | ||||||||||||||||||||
အကြီးဆုံးမြို့ | ဂျကာတာမြို့ 6°11.6962′S 106°49.3837′E | ||||||||||||||||||||
လုပ်ငန်းသုံးဘာသာစကား | အင်္ဂလိပ်[10] | ||||||||||||||||||||
အဖွဲ့ဝင်နိုင်ငံများ၏ ရုံးသုံးဘာသာစကားများ | |||||||||||||||||||||
အဖွဲ့ဝင် | အဖွဲ့ဝင် ၁၀ နိုင်ငံ | ||||||||||||||||||||
ဦးဆောင်သူများ | |||||||||||||||||||||
လင်ဂျော့ဟွိုင် | |||||||||||||||||||||
• အလှည့်ကျ ဥက္ကဋ္ဌ | အင်ဒိုနီးရှား | ||||||||||||||||||||
တည်ထောင် | |||||||||||||||||||||
၈ August ၁၉၆၇ (၅၆ နှစ် အကြာက) (၈ August ၁၉၆၇) | |||||||||||||||||||||
• အာဆီယံပဋိဉာဉ် | ၁၆ December ၂၀၀၈ (၁၅ နှစ် အကြာက) (၁၆ December ၂၀၀၈) | ||||||||||||||||||||
ဧရိယာ | |||||||||||||||||||||
• စုစုပေါင်း | ၄,၅၂၂,၅၁၈[11] km2 (၁,၇၄၆,၁၅၄ sq mi) | ||||||||||||||||||||
လူဦးရေ | |||||||||||||||||||||
• 2021 ခန့်မှန်း | 667,393,019[12] | ||||||||||||||||||||
• သိပ်သည်းမှု | ၁၄၄/km2 (၃၇၃.၀/sq mi) | ||||||||||||||||||||
GDP (PPP) | 2022 ခန့်မှန်း | ||||||||||||||||||||
• စုစုပေါင်း | $9.731 trillion[12] | ||||||||||||||||||||
• Per capita | $14,441[12] | ||||||||||||||||||||
GDP (nominal) | 2022 ခန့်မှန်း | ||||||||||||||||||||
• စုစုပေါင်း | $3.595 trillion[12] | ||||||||||||||||||||
• Per capita | $5,336[12] | ||||||||||||||||||||
HDI (2018) | 0.723 မြင့် · {{{HDI_အဆင့်}}} | ||||||||||||||||||||
အချိန်ဇုန် | ACT (UTC+06:30 to +09:00) | ||||||||||||||||||||
ဝက်ဘ်ဆိုဒ် asean.org |