အဋ္ဌကထာ
ဘုရားဟောပိဋကတ်သုံးပုံကိုအကျယ်ချဲ့ဖွင့်ဆိုထားသောကျမ်းများ / From Wikipedia, the free encyclopedia
ပထမသင်္ဂါယနာတင်သောအခါ မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ဒေသနာတို့ကို ရှင်မဟာကဿပ အမှူးပြုသော ရဟန္တာတို့က ပိုင်းခြားသတ်မှတ်ခဲ့ကြရာ ပါဠိတော်တို့ကိုသာ ပိုင်းခြားသတ်မှတ် ခဲ့ကြသည်မဟုတ်၊ ဝိနည်းပိဋကတ်နှင့်ဆိုင်ရာ၊ သုတ္တန်ပိဋကတ်နှင့်ဆိုင်ရာ၊ အဘိဓမ္မာပိဋကတ်နှင့် ဆိုင်ရာ စသည်ဖြင့် ပကိဏ္ဏကဒေသနာစုတို့ကိုလည်း ပိုင်းခြား သတ်မှတ်ခဲ့ကြသည်။ ထိုအခါမှစ၍ အဋ္ဌကထာဟူ၍ ထင်ပေါ်ခဲ့သည်။