အရဟတ္တမဂ်ကို ရသောသူ From Wikipedia, the free encyclopedia
ရူပရာဂ, အရူပရာဂ, မာန, ဥဒ္ဓစ္စ, အဝိဇ္ဇာတို့ကို အကြွင်းမဲ့ပယ်ပြီးသော ပုဂ္ဂိုလ်ကို ရဟန္တာပုဂ္ဂိုလ်ဟု ခေါ်သည်။ [2]
ထိုရဟန္တာပုဂ္ဂိုလ်သည် - သုက္ခဝိပဿက ရဟန္တာ, သမထယာနိက ရဟန္တာ ဟူ၍ ၂-မျိုးရှိ၏။ [3]
သုညတဝိမောက္ခ, အနိမိတ္တဝိမောက္ခ, အပ္ပဏိဟိတဝိမောက္ခ ၃-ပါးကို တည်၍ ပဋိပဒါ ၄-ပါးဖြင့် မြှောက်သော် ရဟန္တာ ၁၂-မျိုးဖြစ်၏။ အ[4]
၎င်း ၁၂-မျိုးကို ပညာဝိမုတ္တ, ဥဘတောဘာဂဝိမုတ္တ တေဝိဇ္ဇ, ဆဠဘိည, ပဋိသမ္ဘိဒါပတ္တ ၅-မျိုးတို့ဖြင့် မြှောက်၍ စုစုပေါင်းမှာ ရဟန္တာ-၆၀ ဖြစ်သည်။ [5]
ထိုရဟန္တာပုဂ္ဂိုလ်မှာ အရာအားလျော်စွာ သမ္မာသမ္ဗုဒ္ဓ, ပစ္စေကဗုဒ္ဓ, ဗုဒ္ဓသာဝက အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်တို့ပင် ဖြစ်ကြသည်။ [6]
ရဟန္တာ အရဟတ္တမဂ်ကို ရသောသူ ဖြစ်သည်။ အရဟတ် ဟုလည်း ခေါ်သေးသည်။[7] ရဟန္တာကို သတ်မိလျှင် ရဟန်းမခံထိုက်သည့်အပြင် အပါယ်ငရဲလည်း ကျရောက်သည်။ ရဟန္တာဓာတ်တော်သည် ကျလိုသောအခါနှင့် အဓိဋ္ဌာန်ထားသောအခါမှသာ ကျသည်။ ဘုရားရှင်ပွင့်တော်မူပြီးနောက် ဘုရားရှင် ရာဇဂြိုဟ်ပြည်၌ သီတင်းသုံးနေတော်မူလတ်သော်၊ ပျူလူမျိူးဥက္ကလာပတိုင်းမှလာသော ဘလ္လိက၊ တပုဿ ကုန်သည်နှစ်ယောက်တို့သည် မြတ်စွာဘုရားထံပါးသို့ကပ်လေ၍၊ မြတ်စွာဘုရားကိုရှိခိုး၍၊ သင့်တင့်သောနေရာ၌ နေကုန်၏။ ဘုရားရှင်လည်း ၎င်းတို့ကို တရားဟောတော်မူရာ တပုဿသည် သောတာပန်ဖြစ်၍ ရတနာသုံးပါးအား လုံးဝဥဿုံကြည်ညိုသော ဥပသကာဖြစ်ပြီး ဘလ္လိကမူကား အဘိညာဉ်ခြောက်ပါးရှိသော ဘလ္လိကထေရ်မည်သော ရဟန္တာဖြစ်၏။ သမိုင်းဖြစ်တော်စဉ်အရ မြတ်စွာဘုရားရှင် ဝါတော်(၂ဝ)အရ မဟာသက္ကရာဇ် (၁၂၃)ခုနှစ်၌ သိကြားမင်းဖန်ဆင်းအပ်သော နတ်ပန်းရထားဖြင့် ရဟန္တာ(၅ဝဝ)ခြံရံပြီး ဧရာပထနတ် နဂါးသားအဖလှူဒါန်းသော ဇလုံတောင်သို့ ကြွရောက်တော်မူခဲ့သည်။ ပထမမြန်မာနိုင်ငံတော် ပုဂံပြည်သူတို့ကို စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာဖြင့် လမ်းမှန်ပြညွှန်ပေးခဲ့သူမှာ ရှင်အရဟံဟူသော ရဟန္တာမြတ်ဖြစ်သည်။
ရဟန္တာအသျှင်တို့၏ နှလုံးသွင်း ၆-မျိုး-[8] သောဏသုတ်၊
ရဟန္တာအသျှင်တို့ နေထိုင်ခြင်းသုံးမျိုး၊-(၁-သုညတဝိဟာရ၊ ၂-အနိမိတ္တဝိဟာရ၊ ၃-အပ္ပဏိဟိတဝိဟာရ)၊ [12]
ရဟန္တာဖြစ်ပြီးကာစ၌ ငါသိသောတရားကို အလုံးစုံသော လူ, နတ်, ဗြဟ္မာတို့ လျင်မြန်စွာ သိကြပါစေ-ဟူသော စိတ် ထားဖြစ်ပေါ်လာခြင်း၊ အရဟတ္တဖိုလ်ရကြောင်းကို အခြားသူကိုအား မပြောကြားလိုခြင်း၊ ဤအခြင်းအရာနှစ်ပါး ဖြစ်ပေါ်လာတတ်ကြောင်း၊ [13] ။
မိလိန္ဒမင်းကြီးက အသျှင်နာဂသေနမထေရ်အား ရဟန္တာလော-ဟုမေးရာဟုတ်ကြောင်းတိုက်ရိုက်မဖြေဘဲ သွယ်ဝိုက်၍ ဖြေကြားတော်မူပုံ၊ [14]
ရဟန္တာအသျှင်တို့မှာ အကြောင်းမရှိဘဲ ပြုံးတော်မမူကြကြောင်း၊ [15] ။
ရဟန္တာအသျှင်တို့မှာ ကဲ့ရဲ့သင့်သူကို အပြစ်ဖြစ်မည်ကို သနားတော်မူသောကြောင့် ပရူပဝါဒဘေးကို စောင့်ရှောက်တော်မူကြကြောင်း၊ [16]
ရဟန္တာအသျှင်တို့ လောကဝေါဟာရ သုံးစွဲသော်မူကြပုံကို ရှင်းပြခန်း၊ [17][11]
သုတဝါသုတ်၊ သဇ္ဈသုတ်၊ [18]
လက်နက်ကိုစွန့်ပယ်ထားကြောင်း၊ [19] ။
ဖရုသဝါစာကိုလည်း ပယ်စွန့်ထားကြောင်း၊ [20] ဝါသနာကိုမူ မစွန့်ပယ်နိုင်ကြောင်း မိန့်ဆိုထား၏။ ။ [21]
ကာမဂုဏ်မခံစားတော့ကြောင်း၊ [22]
မိစ္ဆာဇီဝအမှုများကိုလည်း မဂ်ဖြင့်ပယ်ထားပြီးဖြစ်ကြောင်း၊ [23]
သိက္ခာပုဒ်များကိုလည်း အသက်နှင့် လဲ၍ စောင့်ရှောက်တော်မူကြကြောင်း၊ [24] ။
အာရုံ ၆-ပါး၌ မနဿ ဒေါမနဿ မဖြစ်ဘဲ ဥပေက္ခာသာဖြစ်တော့ကြောင်း၊ [25] ။ တုဝဋ္ဋကသုတ်၊ [26] ။
ရဟန္တာဖြစ်ရန် ကျင့်စဉ်ကိုလည်း ဟောထားတော်မူ၏။ ။ [27]။
စေတသိကဒုက္ခ လည်းမရှိတော့ကြောင်း၊ [28] ။
ဒကာ-ဒကာမ-ပစ္စည်း၌လည်း မကပ်ငြိတော့ကြောင်း၊ [29] ။
ပစ္စယသံယုတ္တကထာကိုလည်း မပြောဆိုတော့ကြောင်း၊ [30] ။
ဆီ-ဆန်-စသည်ကို သိုမှီး၍ပင် မသုံးဆောင်တော့ကြောင်းမိန့်ဆိုထားပုံ၊ [31]
အခြားဂိလာန စသည်တို့အတွက်ကား သိုမှီးထားသေး၏။ ။ (မဂ်ပယ်သောကိလေသာ အခန်း၌လည်းကောင်း၊ အရိယာခဏ်း၌လည်းကောင်း တွဲလျက်ပြထားတတ်၏)။[11]
ရဟန္တာအသျှင်တို့ ပရိနိဗ္ဗာန်စံခြင်းနှင့်စပ်၍ မေးဖြေထားပုံ၊ [32]
ဘုရားရှင်မှတပါး အခြားပုဂ္ဂိုလ်များရဟန္တာဖြစ်နိုင် မဖြစ်နိုင်မေးလျှောက်၍ ဖြေထားသော မဟာဝစ္ဆသုတ်၊ [33] ။
ရဟန္တာဖြစ်ကြောင်း ၇-ပါး၊ နိဒ္ဒသဝတ္ထု၊ (နိ-ခဏ်း၌ ရေးခဲ့ပြီ)။ ။
ရဟန္တာတို့အကျင့် နှင့် တိတ္ထိတို့အကျင့်ကို ခွဲခြားဟောထားသော ဒုဋ္ဌဋ္ဌကသုတ်၊ (ဒု-ခဏ်း၌ ရေးခဲ့ပြီ)။ ။
အရဟတ္တဖိုလ်ရရန်ကျင့်စဉ်ကို ဟောထားသော တုဝဋ္ဋကသုတ်၊ (တု-ခဏ်း၌ရေးခဲ့ပြီ)။ ။
ရဟန္တာ အသျှင်မြတ်တို့သော်ပင် ဖလသမာပတ်ကို ဝင်စားလိုသော် သင်္ခါရုပေက္ခာဉာဏ်ကို သုံးသပ်ရသေးကြောင်း၊ [34] ။
ရဟန္တာပုဂ္ဂိုလ်တို့၏ ခန္ဓာကိုယ်ကို နတ်တို့က ဖေါက်ထွင်း၍ မမြင်နိုင်ကြကြောင်း၊ [35]။
ရဟန္တာဖြစ်သော လူနှင့်နတ်တို့အတွက် ဖြေရှင်းထားသော ပဥှာဗျာကရဏ ဝဏ္ဏနာ၊ [36] ။
ရဟန္တာအသျှင်တို့က လက်ဖျောက်တီး၍ နှင်ထုတ်လျှင် နတ်များပင် မနေနိုင်ကြကြောင်း၊ [37]၊
ရဟန္တာအသျှင်တို့ကို မြင်ရကြားရရုံမျှနှင့်ပင် ကျေးဇူးများလှကြောင်း ဟောထားသော သမ္မန္နသီလသုတ်၊ ဣတိ။ ။
ရဟန္တာသာမဏေတို့က ပုထုဇဉ်ရဟန်းတို့အပေါ်၌ ဝတ်ကြီးဝတ်ငယ် ပြုကြရသည်သာ ဖြစ်ကြောင်း၊ [38]
[39] ရဟန္တာ အသျှင်တို့၏ သီလ, သမာဓိ, ပညာကို ရဟန္တာပုဂ္ဂိုလ်ချင်းသာ သိနိုင်ကြောင်း၊ ပုထုဇဉ်ကမူ မသိနိုင်ကြကြောင်းဂါထာ၊ [40] ။ ဒါရုကမ္မိကသုတ်၊ [41]
ရဟန္တာအသျှင်တို့ အိပ်စက်ရကြောင်းကို ရှင်းပြခန်း-[42]
အရိယသာဝကလည်း ကြည့်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.