ပါဠိတော်
From Wikipedia, the free encyclopedia
ဘုရားရှင်ကိုယ်တော်တိုင် ဟောတော်မူခဲ့သော တရားတော်များကိုလည်းကောင်း, ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်နှင့် ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပြီးမှ ထိုထိုသာဝကတို့ဟောသည့် တရားများကိုလည်းကောင်း, ပါဠိတော်ဟူ၍ ခေါ်ရပေသည်၊ ၎င်းပါဠိတော်များကား ဆဋ္ဌသင်္ဂါယနာတင်မူအရ စာအုပ်ရေ-၄၀ ရှိလေသည်။ ထိုအုပ်ရေ ၄၀-ရှိသော ပါဠိတော်သည်—
- ရသအားဖြင့် ၁-မျိုး
- ဓမ္မဝိနယအားဖြင့် ၂-မျိုး
- ဝစနအားဖြင့် ၃-မျိုး
- ထို့အတူ ပိဋကအားဖြင့် ၃-မျိုး
- နိကာယ်အားဖြင့် ၅-မျိုး
- အင်္ဂါအားဖြင့် ၉-မျိုး
- ဓမ္မက္ခန္ဓာအားဖြင့် ၈၄၀၀၀-ရှိလေသည်။ [1]