အင်းလေးကန်
From Wikipedia, the free encyclopedia
အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။
အချက်တိုများ အင်းလေးကန်, တည်နေရာ ...
အင်းလေးကန် | |
---|---|
တည်နေရာ | ရှမ်းပြည်နယ် |
ကိုဩဒိနိတ် | 20°33′N 96°55′E |
အမျိုးအစား | Polymictic lake |
ပင်မ ရေထွက်စီးကြောင်း | ဘီလူးချောင်း |
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများ | မြန်မာနိုင်ငံ |
မျက်နှာပြင် ဧရိယာ | ၄၄.၉ sq mi (၁၁၆ km2) |
ပျမ်းမျှအနက် | ၅ ft (၁.၅ m) (ခြောက်သွေ့ရာသီ) |
အနက်ဆုံး အနက်အရှိုင်း | ၁၂ ft (၃.၇ m) (ခြောက်သွေ့ရာသီ; မုတ်သုန်ရာသီတွင် +၅ ပေ) |
ပင်လယ်ရေ မျက်နှာပြင်အမြင့် | ၂,၉၀၀ ft (၈၈၀ m) |
ပိတ်ရန်
လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။