![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/90/Nyaung_Shwe_Town_Entrance_2023.jpg/640px-Nyaung_Shwe_Town_Entrance_2023.jpg&w=640&q=50)
ညောင်ရွှေမြို့
မြန်မာနိုင်ငံရှိ မြို့၊ ညောင်ရွှေမြို့နယ် ရုံးစိုက်ရာမြို့(ရှမ်းတောင်) / From Wikipedia, the free encyclopedia
ညောင်ရွှေမြို့သည် မြန်မာပြည်ရှမ်းပြည်နယ်တွင် အင်းလေးကန်နားရှိသောမြို့ဖြစ်သည်။ ညောင်ရွှေမြို့နယ်အတွင်း၌ပါဝင်သည်။ ရှမ်းပြည်နယ်တွင် နိုင်ငံခြားသားများ နှင့် ပြည်တွင်းခရီးသွားများ အလာများသော ခရီးသွားမြို့ဖြစ်သည်။ ညောင်ရွှေမြို့ ကို အဓိကရပ်ကွက် (၈)ရပ်ကွက် ဖြင့်ဖွဲ့စည်းထားသည်။ ၎င်းတို့မှာ နန္ဒဝန်ရပ်ကွက် ၊ မိုင်းလီရပ်ကွက် ၊ မင်္ဂလာရပ်ကွက် ၊ မြို့လည်ရပ်ကွက် ၊ သာစည်ရပ်ကွက် ၊ ဝင်းရပ်ကွက် ၊ နန်းပန်ရပ်ကွက် ၊ ကန်သာရပ်ကွက် (တိုးချဲ့ရပ်ကွက် မပါ)။
ညောင်ရွှေမြို့ | |
---|---|
မြို့ | |
![]() | |
ကိုဩဒိနိတ်: 20°39′N 96°56′E | |
နိုင်ငံ | ![]() |
ပြည်နယ် | ![]() |
ခရိုင် | ကလောခရိုင် |
မြို့နယ် | ညောင်ရွှေမြို့နယ် |
ဧရိယာ | |
• စုစုပေါင်း | Formatting error: invalid input when rounding စတုရန်းမိုင် (၄.၄၃ စတုရန်းကီလိုမီတာ) |
လူဦးရေ | |
• လူမျိုးများ | အင်းသား ၊
ပအိုးဝ်၊ ရှမ်း၊ ဗမာ၊ ဂေါ်ရခါး၊ ပလောင် |
• ကိုးကွယ်မှု | ထေရဝါဒဗုဒ္ဓဘာသာ၊
ခရစ်ယာန်၊ ဟိန္ဒူ၊ အစ္စလာမ်၊ |
အချိန်ဇုန် | MST (UTC+6:30) |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/db/Shwe-Yan-Pyay.jpg/640px-Shwe-Yan-Pyay.jpg)
ရှမ်းပြည်နယ်၌ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းဟု သုံးပိုင်းရှိရာ ညောင်ရွှေမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း (ယခင် တောင်ကြီးခရိုင်အတွင်း) ၌ပါဝင်၍ ယခုအခါ ညောင်ရွှေမြို့နယ်အဖြစ်တည်ရှိသည်။ ညောင်ရွှေမြို့နယ်သည် အင်းတိုင်းရင်းသား အများဆုံးနေထိုင်ပြီး အင်းလေးဒေသ၏ အဓိကမြို့လည်းဖြစ်သည်။