![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/fc/Basic_Education_High_School_No._2_Dagon_-_Myoma_School.jpg/640px-Basic_Education_High_School_No._2_Dagon_-_Myoma_School.jpg&w=640&q=50)
အ.ထ.က(၂)ဒဂုံ
အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ ဒဂုံမြို့နယ် / From Wikipedia, the free encyclopedia
အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံ (အတိုကောက် အ.ထ.က(၂) ဒဂုံ၊ ယခင်အမည် မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်) သည် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ် ၃၅၃ တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁၇) ရက်တွင် ဗဟန်းမြို့နယ်၌ စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားကျောင်း ဖြစ်သည်။ ထိုစဉ်က ပထမဆုံးသော မြို့မ ကျောင်းအုပ်ဆရာကြီးမှာ ဦးဖိုးလတ် ဖြစ်သည်။
အ.ထ.က (၂) ဒဂုံ မြို့မကျောင်း | |
---|---|
![]() | |
လိပ်စာ | |
၃၅၃၊ မြို့မကျောင်းလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန် | |
သတင်းအချက်အလက် | |
တည်ထောင် | ၁၉၂၀ ဒီဇင်ဘာ ၁၇ |
ကျောင်းအုပ်ကြီး | ဦးကိုကိုနိုင် |
အတန်းများ | သူငယ်တန်း-ဒသမတန်း |
မြို့မကျောင်းသည် မြန်မာနိုင်ငံပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသားပညာရေးကို အင်္ဂလိပ်အစိုးရကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မအမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သူ မြို့မဖခင်၊ သုခမိန်တစ်ဦးအဖြစ် ဆရာကြီးဦးဘလွင်သည်ထင်ရှားသည်။ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ သမာဓိမြို့ဝန် ပန်းကန်စက် ဦးသော်၊[1] မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓာတုဗေဒမင်းကြီးနှင့် ဝန်ကြီး ဦးချစ်သောင်း၊ ရန်ကုန်မြို့ မြို့မမိန်းကလေးကျောင်းတည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆာဦးသွင် တို့မှာမြန်မာပြည် သမိုင်းတွင်လွန်စွာထင်ရှားသည်။[2]
ဆန်စက်ပိုင်ရှင် ပန်းကန်စက်ပိုင်ရှင် ပန်းကန်စက်ဦးသော်၊ ဆန်ပွဲစားကြီးဦးဘိုးမြိုင်၊ နှင့် ဆန်စက်ပိုင်ရှင် ဆာဦးသွင် တို့သည် မြို့မကျောင်းဆောက်လုပ်ရေးအတွက် ငွေကြေး မ,တည် လှူဒါန်းခဲ့သည်။[3] မီးပုံးပျံ ဦးကျော်ရင် သည် ရန်ကုန်မြို့၊ ကန်တော်ကြီး အလယ်ကျွန်း၌ မီးပုံးပျံ သုံးကြိမ်တိုင် အောင်မြင်စွာ စီးပြခဲ့သည်။ ရရှိသမျှ ငွေအားလုံးကိုလည်း ကုန်ကျစရိတ်မျှသာ နှုတ်ယူပြီး မြို့မကျောင်း ဆောက်လုပ်ရေး ရန်ပုံငွေသို့ လှူဒါန်းခဲ့သည်။