သော်၊ ဦး (ပန်းကန်စက်)
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီစီဘီအေ လူကြီး၊ ဝိုင်အမ်ဘီအေအသင်းချုပ် နာယက၊ မြို့မကျောင်းအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဒိုင်အာခီ (diarchy) ဥပဒေပြုကောင်စီဝင်အမတ်၊ ဥပဒေပြု မင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်။ ဆင်ဖြူရှင်မင်း နှင့် မဟာသီဟသူရ (ကောင်းတုံစာချုပ်) တို့၏ (၂) ဆက်မြောက်မြေးတော် တစ်ဦးအနေဖြင့် သာမန်မြန်မာပြည်သူများထက် အမျိုးသားရေးဇာတိမာန် လွန်စွာထက်သန်သူဖြစ်သည်။[1] "မြန်မာ့ကြွေပန်းကန်အစ ဦးသော် က" ဟု သမိုင်းစာမျက်နှာတွင် ထင်ရှားသည်။ မြန်မာနိုင်ငံ၏ပထမဆုံးသော ပန်းကန်စက်ရုံတည်ထောင်သူနှင့်ပိုင်ရှင်ဖြစ်သည်။
အချက်တိုများ ပန်းကန်စက် ဦးသော်, မွေးဖွား ...
ပန်းကန်စက် ဦးသော် | |
---|---|
မွေးဖွား | (5-09-1893)စက်တင်ဘာ ၅၊ ၁၈၉၃ ပေါင်းတည်မြို့၊ ပဲခူးတိုင်း |
ကွယ်လွန် | ဇွန် ၂၅၊ ၁၉၈၀(1980-06-25) (အသက် ၈၆) ရန်ကုန်မြို့ |
နိုင်ငံလူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာနိုင်ငံ |
ပညာရေး | တက္ကသိုလ်ကျောင်းသား |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၂၁-၁၉၅၇ |
ကျော်ကြားမှုအရင်းခံ | မြန်မာနိုင်ငံ၏ပထမဆုံး ပန်းကန်စက် စတင်တည်ထောင်သူ၊ ပန်းကန်စက်ပိုင်ရှင် |
ထင်ရှားသည့် လုပ်ဆောင်မှု | မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး သမာဓိမြို့ဝန်၊ ၁၉၂၀ အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ရာတွင် ဦးဆောင်ပါဝင်ခဲ့သူ |
အိမ်ထောင်ဖက်(များ) | ဒေါ်လှခင် |
သားသမီး | သားသမီးမထွန်းကားချေ |
မိဘများ |
|
ဆွေမျိုးသားချင်း |
|
မိသားစု | ဒေါ်တင်လှ (ညီမ) ဦးမောင်မောင် (ညီ) |
ရရှိသည့်ဆုများ | တိုင်းကျိုးပြည်ကျိုးဆောင်ဘွဲ့ (တီ၊ ပီ၊ အက်စ်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) |
ပိတ်ရန်