From Wikipedia, the free encyclopedia
ဦးလွင်ဦး ( ၃၁ ဇန်နဝါရီ ၁၉၆၁ဖွား) သည် တပ်မတော်သားနှင့် ဝါရင့်သံတမန်တစ်ဦးဖြစ်ပြီး လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။[2] ယင်းမတိုင်မီက သူသည် ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဖြစ်ခဲ့သည်။ [3]
လွင်ဦး | |
---|---|
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၂၅ စက်တင်ဘာ ၂၀၂၃ | |
ရုရှားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး | |
တာဝန်သက်တမ်း ၁၇ ဇူလိုင် ၂၀၂၁ – ၂၅ စက်တင်ဘာ ၂၀၂၃ | |
ယခင်လူ | ဦးကိုကိုရှိန် [1] |
ဆက်ခံသူ | ဦးသစ်လင်းအုန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၃၁ ဇန်နဝါရီ၊ ၁၉၆၁ |
လူမျိုး | မြန်မာ |
ကြင်ဖော်(များ) | ဒေါ်မြင့်သန္တာ |
မိခင်ကျောင်း | စစ်တက္ကသိုလ် အမှတ်စဉ်(၂၄) |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော်(လေ) |
အမှုထမ်းကာလ | ၁၉၈၁-၂၀၁၅ |
ရာထူး | ဗိုလ်ချုပ်၊စစ်ဦးစီးအရာရှိချုပ်(လေ) |
သူသည် စစ်တက္ကသိုလ် အပါတ်စဉ် (၂၄) ဆင်း တပ်မတော်သားတစ်ဦးဖြစ်သည်။ တပ်မတော်(လေ) တွင် ၂၀၁၅ ခုနှစ် အထိ စစ်မှုထမ်းသည်။ သူ နောက်ဆုံး ထမ်းဆောင်ခဲ့သည့် ရာထူးမှာ ဗိုလ်ချုပ်အဆင့်ဖြင့် စစ်ဦးစီးအရာရှိချုပ်(လေ) တာဝန် ဖြစ်သည်။
၂၀၁၅ ကိုးကန့်စစ်ပွဲ အတွင်း[4] တပ်မတော်လေ ၏ လေကြောင်းတိုက်ခိုက်မှုက တစ်ဖက် တရုတ်နိုင်ငံအတွင်းသို့ လက်နက်ကြီးကျည်အချို့ နှင့် ဗုံးဆံ အချို့ ၂ကြိမ်ထပ်မနည်း ကျရောက် ပေါက်ကွဲခဲ့သည်။ [5] ယင်းကိစ္စနှင့် စပ်လျဉ်းပြီး တရုတ်နိုင်ငံက နယ်စပ်တွင် စစ်ရေးလေ့ကျင့်သည်အထိ ဖိအားပေးရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ၎င်းအား တာဝန်ရှိသူတစ်ဦးအဖြစ် သတ်မှတ်ပြီး စစ်ဦးစီးအရာရှိချုပ်(လေ)ရာထူးမှ ဖယ်ရှားသည်။ [6]
၂၀၁၅ ဇွန်လ နှောင်းပိုင်းတွင် တပ်မတော်(လေ) မှ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီး အဆင့် ဖြင့် ကူးပြောင်းလာသည်။ ထိုသို့ ကူးပြောင်းပြီး များမကြာမီ နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး အဖြစ် ထမ်းဆောင်သည်။ [7]၂၀၁၇ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် နီပေါနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာသံအမတ်ကြီး အဖြစ်သို့ လည်းကောင်း ၊၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ရက်တွင် ဖိလစ်ပိုင်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း [8] [9]၊၂၀၂၁ခုနှစ် ဇူလိုင် ၁၇ရက်နေ့ တွင် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း၊ ၂၀၂၂ ခုနှစ် ဧပြီ ၂၂ရက်နေ့တွင် ကာဇက်စတန်သမ္မတနိုင်ငံ နှင့် ဘယ်လာရုစ်နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် [10] လည်းကောင်း အစရှိသည်ဖြင့် တာဝန်များ ထမ်းဆောင်ခဲ့သည်။
သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၃ စက်တင်ဘာ ၂၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ကြောင်း စာထုတ်သည်။[11] ထိုအချိန်တွင် သူသည် ရုရှားနိုင်ငံ မှာပင် မြန်မာသံအမတ်ကြီး အဖြစ် ရှိနေသေးသည်။သူသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၁ ရက် တွင် နိုင်ငံဝန်ထမ်းအဖြစ်မှ သက်ပြည့်အငြိမ်းစားယူပြီး[12] ထိုနောက်ပိုင်းကာလမှစ၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တရားဝင် ထမ်းဆောင်သည်။
၎င်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။ဇနီးဖြစ်သူမှာ ဒေါ်မြင့်သန္တာ ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.