![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/de/China_Liaoning.svg/langmy-640px-China_Liaoning.svg.png&w=640&q=50)
လျောင်းနင်ပြည်နယ်
From Wikipedia, the free encyclopedia
Liaoning (ကူညီ·ချက်လက်) လျောင်းနင်ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခု ဖြစ်သည်။ တရုတ်ဘာသာစကား အတိုကောက်အားဖြင့် လျောင် ("Liao-辽") ဟု ခေါ်ဆိုပြီး ယင်းအမည်သည် ပြည်နယ်အတွင်း အလယ်တည့်တည့်မှ ဖြတ်သန်းစီးဆင်းသွားသော လျောင်မြစ် (Liao River) မှ ယူထားခြင်းဖြစ်သည်။ နင် ("宁 -Níng") ဟူသော အဓိပ္ပာယ်မှာ ငြိမ်းချမ်းခြင်း ဖြစ်သည်။ ယနေ့ခေတ် လျောင်းနင်ပြည်နယ်ကို ၁၉၀၇ခုနှစ်တွင် ဖွင်းထျန်းပြည်နယ် (Fengtian province - 奉天) အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၂၉ခုနှစ်တွင် လျောင်းနင်ပြည်နယ်ဟု အမည်ပြောင်းခဲ့သည်။ ဂျပန်တို့၏ ရုပ်သေးအစိုးရ ဖြစ်သော မန်ချူးကိုးနိုင်ငံ ခေတ်တွင် ယခင်အမည်ဖြစ်သော ဖွင်းထျန်းပြည်နယ်သို့ ပြန်လည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ၁၉၄၅ တွင် လျောင်းနင်ပြည်နယ်ဟု တစ်ဖန်ပြန်လည်၍ ပြောင်းလဲခေါ်ဆိုခဲ့သည်။
လျောင်းနင်ပြည်နယ် Liaoning Province | |||||||||
| |||||||||
အတိုကောက်အမည်: 辽/遼 (pinyin: Liáo) | |||||||||
![]() | |||||||||
အမည်ရင်းမြစ် | 辽 liáo - လျောင်းယန်မြို့ 宁 níng - နင်ယွမ်မြို့ | ||||||||
အုပ်ချုပ်ရေးအမျိုးအစား | ပြည်နယ် | ||||||||
မြို့တော် (နှင့် အကြီးဆုံးမြို့) | ရှင်ယန်မြို့ | ||||||||
ကွန်မြူနစ်ပါတီ အကြီးအကဲ | ဝမ်းမင်(Wang Min - 王珉) | ||||||||
ပြည်နယ်အုပ်ချုပ်ရေးမှူး | ချင်ကျင့်ကောင်း (Chen Zhenggao - 陈政高) | ||||||||
ဧရိယာ | ၁၄၅,၉၀၀ စတုရန်းကီလိုမီတာ | ||||||||
- လတ္တီကျု | 38° 43' to 43° 29' N | ||||||||
- လောင်ဂျီကျု | 118° 50' to 125° 47' E | ||||||||
လူဦးရေ (၂၀၁၀) - သိပ်သည်းမှု |
၄၃,၇၄၆,၃၂၃ (၁၄) ၂၈၉ | ||||||||
ဂျီဒီပီ (၂၀၁၀) - လူတစ်ဦးချင်း |
ယွမ်ငွေ ၁.၈၃ ထရီလီယံ ($US ၂၇၀ ဘီလီယံ) (၇) CNY ၄၂၂၈၅ (၉) | ||||||||
HDI (၂၀၀၈) | ၀.၈၃၅ (high) (၇) | ||||||||
ကိုးကွယ်ယုံကြည်မှုများ | ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ | ||||||||
တိုင်းရင်းသားလူမျိုးများ | ဟန့်လူမျိုး - 84% မန်ချူးလူမျိုး - 13% မွန်ဂိုလူမျိုး - 2% ဟွေလူမျိုး - 0.6% ကိုရီးယားလူမျိုး - 0.6% ရှိပဲလူမျိုး - 0.3% | ||||||||
ဒေသသုံးဘာသာစကားများ | ဟန့်၊ မန်ချူး၊ မွန်ဂို၊ ဟွေ၊ ကိုရီးယား၊ ရှိပဲ။ | ||||||||
ခရိုင်ကြီး(Prefecture)အဆင့် | ၁၄ ခု | ||||||||
ခရိုင်ငယ်(County)အဆင့် | ၁၀၀ ခု | ||||||||
မြို့နယ်(Township)အဆင့်* | ၁၅၁၁ ခု | ||||||||
ISO 3166-2 | CN-21 | ||||||||
အင်တာနက် စာမျက်နှာ www.ln.gov.cn | |||||||||
Source for population and GDP data: 《中国统计年鉴—2005》 China Statistical Yearbook 2005 Source for nationalities data:ISBN 7503747382 《2000年人口普查中国民族人口资料》 Tabulation on nationalities of 2000 population census of China *As at December 31, 2004ISBN 7105054255 | |||||||||
Template ■ Discussion ■ WikiProject China |
လျောင်းနင်ပြည်နယ်သည် တရုတ်ပြည်အရှေ့မြောက်ပိုင်း၏ တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ရံဖန်ရံခါ ရွှေတြိဂံဒေသ "the Golden Triangle" ဟုလည်း ခေါ်ဆိုသည်။ [1] အဘယ်ကြောင့်ဆိုသော် ၎င်းသည် တောင်ဘက်ပိုင်းတွင် ပင်လယ်ဝါ၊ ကိုရီးယားပင်လယ်အော်၊ ပေါဟိုင်ပင်လယ် တို့ တည်ရှိပြီး၊ အရှေ့တောင်ပိုင်းတွင် မြောက်ကိုရီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းတွင် ကျိလင်ပြည်နယ်၊ အနောက်ဘက်တွင် ဟဲပေပြည်နယ်၊ အနောက်မြောက်ဘက်တွင် အတွင်းမွန်ဂိုလီးယားပြည်နယ် တို့နှင့် နယိနိမိတ်ချင်း ထိစပ်နေသောကြောင့် ဖြစ်သည်။ ယားလုမြစ် (Yalu River) သည် လျောင်းနင်ပြည်နယ်ကို မြောက်ကိုရီးယားနိုင်ငံ နှင့် ခြားထားသည်။ ယင်းမြစ်သည် တရုတ်ပိုင် တန်းတုန်းမြို့ (Dandong) နှင့် မြောက်ကိုရီးယားပိုင် စီနူဂျူးမြို့ (Sinuiju) တို့ကြားမှ ဖြတ်သန်း၍ ကိုရီးယားပင်လယ်အော် အတွင်းသို့ စီးဝင်သည်။