ရိုဇယ် (အဆိုတော်)
Blackpink Kpop အဖွဲ့၀င် နယူးဇီလန်သူလေး / From Wikipedia, the free encyclopedia
ရိုဇန် ပက်ခ် (ကျောင်းနာမည်: Roseanne Park, ၁၉၉၇ ဖေဖော်ဝါရီ ၁၁ တွင်မွေးဖွား) ကို ရိုဇယ်( ကိုရီးယား: 로제, English : Rosé) ဟူသော အမည်ဖြင့် ပို၍ သိကြသည်။ မြန်မာနိုင်ငံတွင် "ရိုဆီ"ဟူ၍ အသိများသည်။ နာမည်ကျော် Blackpink အဖွဲ့ဝင်(၄)ဦးအနက် တစ်ဦးဖြစ်ပြီး သူမ၏ Vocal ကြောင့် ပို၍ထင်ရှားသည်။ သူမ၏ ပရိသတ်များကို Fansé ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။ တောင်ကိုရီးယားအနွယ်ဝင် နယူးဇီလန်အဆိုတော်တစ်ဦး ဖြစ်သည်။ Rosé သည် ၂၀၁၂ ခုနှစ်မှစ၍ တောင်ကိုရီးယားနိုင်ငံမှ YG Entertainment နှင့် စာချုပ်ချုပ်ဆိုပြီး ၄ နှစ်ကြာလေ့ကျင့်ခဲ့သည်။ သူမသည် ၂၀၁၆ ဩဂုတ်လတွင် Blackpink မိန်းကလေးအဖွဲ့၏ Main Vocalist အဖြစ် စတင်ခဲ့သည်။ တစ်ကိုယ်တော်အနုပညာရှင်အဖြစ်လည်း G-Dragon ၏၂၀၁၂ ခုနှစ်တွင်ထွက်ရှိခဲ့သော "Without You" သီချင်းတွင် ပါဝင်သီဆိုခဲ့ပြီး ထိုသီချင်းသည် Gaon Music Chart တွင် အဆင့်(၁၀) အထိ တက်လှမ်းနိုင်ခဲ့သည်။
ရိုဇယ် (Rosé) | |
---|---|
ဘန်ဒန်း, Fan Event တွင်တွေ့ရသော ချယ်ယောင်း၊ ၂၀၁၈ ဇွန်လ | |
မွေးဖွား | ရိုဇန် ပက်ခ် (1997-02-11) ၁၁ ဖေဖော်ဝါရီ၊ ၁၉၉၇ (အသက် ၂၇) အော့ကလန်မြို့, နယူးဇီလန် |
အခြား အမည်များ | ပက်ခ်ချယ်ယောင်း (ကိုရီးယားနာမည်) |
အလုပ်အကိုင် | အဆိုတော်၊ မော်ဒယ် |
တက်ကြွလှုပ်ရှားနှစ်များ | ၂၀၁၂၊၂၀၁၆ - လက်ရှိ |
ဇာတိ | မဲလ်ဘုန်းမြို့, ဩစတေးလျ |
ဂီတခရီးလမ်း | |
မူလတိုင်းပြည် | South Korea |
ဂီတဟန် | K-pop |
တူရိယာ | Vocals |
တေးသံသွင်း ကုမ္ပဏီ |
|
ပူးတွဲ ပါဝင်မှု |
|