ဘလက်ပင့်
From Wikipedia, the free encyclopedia
ဘလက်ပင့် (အသံထွက်: ဘလက်ပင့်ခ်) (ကိုရီးယား: 블랙핑크၊ BLACKPINK သို့ BLΛƆKPIИK ဟုဖော်ပြ) သည် YG Entertainment မှ ဖွဲ့စည်းထားသည့် တောင်ကိုရီးယား အမျိုးသမီးအဆိုတော်အဖွဲ့ ဖြစ်သည်။ အဖွဲ့ဝင်များအဖြစ် ဂျီဆူး၊ ဂျန်းနီ၊ ရိုဇယ်နှင့် လီဆာတို့ ပါဝင်ကြသည်။ ပွဲဦးထွက် တေးစီးရီး Square One ကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ဖြန့်ချိခဲ့သည်။ အဆိုပါခွေမှ Whistle နှင့် BOOMBAYAH သီချင်းတို့မှာ တောင်ကိုရီးယား 'Gaon Digital' Chart နှင့် 'Billboard World Digital Song Sales Chart' တို့၌ နံပါတ်တစ် ချိတ်ခဲ့သည်။
ဘလက်ပင့်ခ် | |
---|---|
ဘလက်ပင့် အဖွဲ့သားများ (၂၀၂၁) ဝဲမှယာ - ဂျီဆူး၊ ဂျန်းနီ၊ ရိုဇယ်နှင့် လီဆာ | |
ကိုယ်ရေး အချက်အလက်များ | |
ဒေသခံအမည် | BLACKPINK |
မူလတိုင်းပြည် | ဆိုးလ်မြို့၊ တောင်ကိုရီးယား |
ဂီတဟန် | |
တက်ကြွသည့်နှစ်များ | ၂၀၁၆ (၂၀၁၆)–present |
တေးသံသွင်း ကုမ္ပဏီ |
|
ဝက်ဘ်ဆိုက် | |
လက်ရှိအဖွဲ့ဝင်များ | |
ဘလက်ပင့်ခ် တံဆိပ် |
၂၀၂၀ခုနှစ်၊ မေလ ၈ရက်တွင် လေဒီဂါဂါနှင့်အတူ တွဲဖက်ဖန်တီးထားသော Sour Candy သီချင်းထွက်ရှိခဲ့ပြီး ထိုသီချင်းမှာ Billboard(ဘေဘုတ်) Hot 100 ၌ နံပါတ် ၃၃ နေရာချိတ်ခဲ့သည့်အပြင် ဘလက်ပင့်ခ်၏ Comeback သီချင်းဖြစ်သည့် How You Like That သည်လည်း Billboard(ဘေဘုတ်) Hot 200 တွင် ပါဝင်ခဲ့သည်။ ထို့အပြင် ၂၀၁၉ခုနှစ်၊ ဧပြီလ ၅ရက်နေ့တွင် ထွက်ရှိခဲ့သည့် Kill This Love သီချင်းသည်လည်း Billboard(ဘေဘုတ်) Hot 100 တွင် နံပါတ် ၂၄ နေရာချိတ်ခဲ့သည်။ ဘလက်ပင့်ခ်သည် Billboard ၌ အမြင့်ဆုံးချိတ်ခဲ့သည့် ပထမဦးဆုံး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်သည်။[1]
ဘလက်ပင့်ခ်သည် 'Billboard's World Digital Song Sales Chart' တွင် သုံးကြိမ်တိုင်တိုင် ထိပ်ဆုံးနေရာ၌ ရပ်တည်ခဲ့သည်။ ၂၀၁၈ခုနှစ်၊ ဇွန်လ ၁၅ရက်နေ့တွင် ထွက်ရှိခဲ့သည့် Ddu Du Ddu Du သီချင်းမှာလည်း ယူကျူ့(Youtube) တွင် ကြည့်ရှုသူအများဆုံး ဗီဒီယိုများအနက် တစ်ခုဖြစ်ခဲ့သည့်အပြင် 'Recording Industry Association of America (RIAA)' မှပေးအပ်သည့် အသိအမှတ်ပြုလက်မှတ် ကိုလည်း ပထမဆုံးလက်ခံရရှိခဲ့သည့် ပထမဦးဆုံး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်လာသည်။[2] ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်၌ ထွက်ရှိခဲ့သည့် ဒူအာ လီပါနှင့် ပူးပေါင်းသီဆိုထားသော Kiss and Make Up သီချင်းဖြင့်လည်း 'British_Phonographic_Industry (BPI)' မှပေးအပ်သည့် အသိအမှတ်ပြုလက်မှတ်ကို ရရှိသော ပထမဦးဆုံး ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်လာသည်။[3] ထို့အပြင် Australian Recording Industry Association (ARIA) မှ 'ပလက်တီနမ် အသိအမှတ်ပြုလက်မှတ်' ကို ရရှိသော ပထမဆုံး ကိုရီးယားသီချင်းပိုင်ရှင်များလည်း ဖြစ်လာခဲ့ကြသည်။[4]
Kill This love (၂၀၁၉)၊ How you like that (၂၀၂၀)၊ ဆလီနာဂိုမက်ဇ်နှင့်အတူ သီဆိုထားသည် Ice cream (၂၀၂၀) သီချင်းသုံးပုဒ်မှာ Youtube(ယူကျူ့) ၌ ၂၄နာရီအတွင်း လူကြည့်အများဆုံး သီချင်းဗီဒီယိုအဖြစ် စံချိန်ချိုးခဲ့သည်။ ဘလက်ပင့်ခ်သည် Youtube(ယူကျုူ့) တွင် သီချင်းဗီဒီယိုကြည့်ရှုမှု ၁ ဘီလီယံ (၁,၀၀၀,၀၀၀,၀၀၀) ရှိသည့် ပထမဦးဆုံး မိန်းကလေးအဆိုတော်အဖွဲ့ဖြစ်ပြီး ဂရင်းနစ်စံချိန်များကိုလည်း ချိုးနိုင်ခဲ့သေးသည်။[5] Kill This Love မှာ ထွက်ရှိပြီး ၁နှစ်နှင့် ၅လခန့်အကြာတွင် ယူကျူ့ ၌ သီချင်းဗီဒီယိုကြည့်ရှုမှု ၁ဘီလီယံ ပြည့်သွားခဲ့သည်။ ဘလက်ပင့်ခ် အနေဖြင့် Youtube(ယူကျူ့) တွင် Subscribe အများဆုံးလုပ်ခံရသည့် ကိုရီးယားမိန်းကလေးအဆိုတော်အဖွဲ့ ဖြစ်ပြီး ကိုရီးယား ကြည့်ရှုမှု ၁ ဘီလီယံ (၁,၀၀၀,၀၀၀,၀၀၀) ရှိသည့် သီချင်းဗီဒီယိုေခြာက်ခုအထိ ပိုင်ဆိုင်ထားသည့် ပထမဦးဆုံး အဆိုတော်အဖွဲ့ ဖြစ်သည်။[6][7][8]