ရန်ကုန်တိုင်းဒေသကြီး
မြန်မာနိုင်ငံ အုပ်ချုပ်မှု့ဆိုင်ရာ တိုင်းဒေသကြီး / From Wikipedia, the free encyclopedia
ရန်ကုန်တိုင်းဒေသကြီး (အင်္ဂလိပ်: Yangon Region; သတ်ပုံဟောင်း: "Rangoon Division") သည် မြန်မာနိုင်ငံ၏ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုတို့တွင် အကျဉ်းဆုံးဖြစ်ပြီး လူနေအထူထပ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တောင်ပိုင်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မုတ္တမပင်လယ်ကွေ့တို့ဖြင့် ဝန်းရံထားသည်။ မြို့တော်မှာ ရန်ကုန်မြို့ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
မြန်မာနိုင်ငံတွင်း တည်နေရာ | |||
ကိုဩဒိနိတ်: 17°0′N 96°10′E | |||
နိုင်ငံ | မြန်မာ | ||
ဒေသ | အောက်မြန်မာပြည် | ||
မြို့တော် | ရန်ကုန်မြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဦးစိုးသိန်း | ||
• အစိုးရအဖွဲ့ | ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် | ||
• တရားလွှတ်တော် | ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၁၀၂၇၆.၇ စတုရန်းကီလိုမီတာ (၃၉၆၇.၉ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | ၁၄ | ||
လူဦးရေ (၂၀၁၄)[1] | |||
• စုစုပေါင်း | ၇,၃၆၀,၇၀၃ (ဗမာ ၅,၈၅၇,၁၁၄သန်း၊တခြားလူမျိုး၁,၅၀၃,၅၈၉သန်း ) | ||
• အဆင့် | ၁ | ||
Demographics | |||
• လူမျိုးများ | မြန်မာ(လူများစု)၊ ကရင်၊ ရခိုင်၊ ရှမ်း၊တရုတ်၊ အိန္ဒိယ၊ မွန်၊ တခြား | ||
• ကိုးကွယ်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ | ||
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) | ||
ISO 3166 ကုဒ် | MM-06 | ||
စာတတ်မြောက်မှုနှုန်း (၂၀၁၄) | ၉၆.၆%[2] | ||
ဝက်ဘ်ဆိုဒ် | yangon.gov.mm |
၁၉၇၂-ခုနှစ်၊ ဩဂုတ်လမှစ၍ အုပ်ချုပ်ရေး စနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ ယခင်တည်ရှိခဲ့သော ခရိုင်အဆင့်များ ဖျက်သိမ်းချိန်နှင့်အတူ၊ ရန်ကုန်တိုင်းကိုလည်း ဖွဲ့စည်းခဲ့သည်။ ယခင်ပဲခူးတိုင်းတွင် ပါဝင်ခဲ့သော မြို့နယ်အချို့မှာ ရန်ကုန်တိုင်းအတွင်း ပါဝင်လာသည်။ ရန်ကုန်မြို့တော်အတွင်းရှိ ယခင်ရပ်ကွက်ကြီးများမှာလည်း ရန်ကုန်တိုင်း၏ မြို့နယ်များအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။
ရန်ကုန်တိုင်းအတွင်း ကိုကိုးကျွန်းအပါအဝင် မြို့နယ်ပေါင်း (၄၀) ပါဝင်တည်ရှိခဲ့သည်။[3]